-->
×

Warning

JUser: :_load: Unable to load user with ID: 28


အလုပ်သင်များလုပ်ငန်းခွင်အတွင်း လေးစားမှုရရှိရန်အချက် 3 ချက်

အလုပ်သင်များလုပ်ငန်းခွင်အတွင်း လေးစားမှုရရှိရန်အချက် 3 ချက် GOOGLE

အလုပ်သင်ဘ၀ကို တော်တော်မျာများက သတိထားအလေးမပြုမိပါဘူး။

ဒါပေမယ့် အလုပ်သင်ဘ၀က လုပ်ငန်းခွင်ဘ၀ရဲ့အစဆိုလည်းမမှားပါဘူး။ တက်သစ်စလူငယ်လေးတွေအတွက် အတွေ့အကြုံ၊ မိတ်ဆွေများ ရရှိသည့်အပြင် အလုပ်ကောင်းတစ်ခုကိုပါ ရရှိစေရန် ဆွဲဆောင်ပေးနိုင်ပါတယ်။

အဲလိုရလဒ်ကောင်းတွေရဖို့ အလုပ်သင်အဖြစ်လုပ်ကိုင်နေတဲ့အချိန်မှာလည်း ပေါ့ပေါ့ပါးပါးနေလို့မရပါဘူး။ အထူးသဖြင့် အလုပ်သင်လုပ်ကိုင်နေချိန်အတွင်း ပိုမိုအလုပ်ကြိုးစားတက်ကြွနေဖို့ အရေးကြီးပါတယ်။

ယနေ့မှာတော့ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အလုပ်သင်ဘ၀မှာ အောင်မြင်စေရန် အချက် ၃ ချက်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ မိမိကိုယ်ကိုယ်သိပါ။

အလုပ်သင်ဘ၀စစချင်းမှာ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အတွေ့အကြုံတော့ ရှိမှာမဟုတ်ပါဘူး။ သို့သော်လည်း သင့်ကိုယ်သင်တော့ ရှင်းလင်းစွာ သိထားဖို့တော့လိုပါတယ်။

          ၁။ သင်ဟာ ဘာလို့ ဒီအလုပ်သင်အလုပ်ကိုလုပ်ရတာလဲ ?

၂။ သင်အလုပ်သင်ဘ၀မှ မည်သည့်အတွေ့အကြုံများကို ရယူလိုပါသလဲ ?

၃။ သင်အလုပ်သင်လုပ်ငန်းပြီးဆုံးလျှင် ဘာဆက်လုပ်မလဲ ?

အစရှိသည့် အကြောင်းအရာများကိုတော့ ရှင်းလင်းစွာ သိထားရပါမယ်။

၂။ အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုရှိပါ

သင်ဟာအလုပ်သင်ဖြစ်တဲ့အတွက် သင့်မှာ အတွေ့အကြုံမရှိဘူးဆိုတာ လူတိုင်းသိပါတယ်။ အတွေ့အကြုံမရှိတဲ့အလျှောက် အမှားတွေလည်း လုပ်တတ်ကြပါတယ်။ သို့သော်လည်း သင့်ကို လုပ်ငန်းခွင်အတွင်း လေးစားမှုရယူလိုလျှင်တော့ သင်ကိုယ်တိုင်က မည်သည့်အလုပ်ကိုမဆို စိတ်အားထက်သန်စွာနှင့် လုပ်တတ်ဖို့ လိုအပ်ပါတယ်။

အမှားများကို အတွေ့အကြုံအဖြစ်ယူဆောင်ကာ ပြင်ဆင်ခြင်းဖြင့် အောင်မြင်မှုရယူနိုင်ပါတယ်။

၃။ အကူအညီတောင်းရန် မရှက်ပါနှင့်

အတွေ့အကြုံအသစ် စိန်ခေါ်မှုအသစ်တွေက သင့်ရဲ့လုပ်ကိုင်နိုင်စွမ်းကို စမ်းသပ်နိုင်ရန် အကောင်းဆုံး အခွင့်အလမ်းများပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရင့်ကျက်မှုမရှိသေးတဲ့ အလုပ်သင်တွေအတွက် ကတော့ ယင်းစိန်ခေါ်မှုတွေက အခက်အခဲဖြစ်စေမှာပါ။

ထိုအခြေအနေမျိုးနှင့်ကြုံတွေ့ရင်တော့ အများ၏အကူအညီကို ရိုးသားပွင့်လင်းစွာတောင်းခံကာ လက်မလျော့ဘဲ ကြိုးစားရင်တော့ အောင်မြင်မှုကို ရယူနိုင်မှာ မလွဲမသွေဖြစ်ပါတယ်။

Source: INC. Southeast Asia

Read times
Rate this item
(1 Vote)