-->
×

Warning

JUser: :_load: Unable to load user with ID: 28


အလုပ်တွင် စိတ်ပူပန်ခြင်းမှ ရရှိနိုင်သည့်ဆိုးကျိုးများ

အလုပ်တွင် စိတ်ပူပန်ခြင်းမှ ရရှိနိုင်သည့်ဆိုးကျိုးများ GOOGLE

သင်ယခင်က ပြုလုပ်မိတဲ့အမှားတစ်ခုကို ခဏခဏ ပြန်လည်တွေးတောနေကာ နောင်တွင် ပြုလုပ်ရမည့် ကိစ္စများအတွက်

စိတ်ပူပန်ခြင်းက သင့်ကိုဆိုးကျိုးများစွာသယ်ဆောင်လာနိုင်ပါတယ်။ ကိစ္စတော်တော်များများ ခေါင်းထဲတွင် မထုတ်နိုင်ဘဲ စဉ်းစားနေခြင်းက သင့်ကို အမြဲတစေ ဒုက္ခဆင်းရဲခံစားရစေမှာပါ။

လူတော်တော်များများက ကိစ္စရပ်အချို့မှ စိတ်ပူပန်မှုတော့အနည်းနှင့်အများ စီရှိကြပါတယ်။ သင်က အရာရာကို စိတ်ပူပန်တတ်သူဖြစ်ပြီဆိုရင်တော့ သင့်ရဲ့အတွေးနေရာအားလုံး အမြဲတစေ မွန်းကျပ်နေစေမှာဖြစ်ပါတယ်။ စိတ်ပူပန်ခြင်းက လိုအပ်တာထက်ပိုမိုလွန်ကျွံလာရင်တော့ မကောင်းတဲ့ဘက်ကို ဦးတည်စေမှာဖြစ်ပါတယ်။ စိတ်ပူပန်ခြင်းကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုး ၃ ရပ်ကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။

၁။ စိတ်ကျန်းမာရေးထိခိုက်ရန်ရာခိုင်နှုန်းများလာခြင်း

၂၀၁၃ ခုနှစ်ထုတ် ဝေခဲ့တဲ့ Abnormal Psychology ဂျာနယ်မှာ ရေးသားခဲ့တဲ့ Report တစ်ခုတွင် စိတ်ပူပန်ခြင်းက သင့်ကို မှတ်ဥာဏ်များလျော့ပါးစေခြင်း၊ အများများပိုမိုပြုလုပ်မိခြင်းနှင့် ဘ၀အတွင်း ပိုမိုကြီးမားသော ပြဿနာများကို ဖြစ်ပွားစေခြင်းအစရှိတဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အချက်များကို ပိုမိုဖြစ်ပွားစေပါတယ်။

၂။ ပြဿနာများရင်ဆိုင်ရပါကမဖြေရှင်းနိုင်ခြင်း

သုတေသနတွေ့ရှိချက်အရ ကိစ္စရပ်များကို အမြဲတစေအလွန်အကျွံစိတ်ပူနေပါက မညသ်ည့်နေရာကစ၍ လုပ်ရကိုင်ရမလဲ (သို့) ပြဿနာဆိုပါက မည်သည့်နေရာမှစ၍ ဖြေရှင်းရမလဲအစရှိသည့် အချက်များကို မေ့ပျောက်၍ မဖြေရှင်းနိုင်ဘဲ ပိုမိုအခက်အခဲကြုံတွေ့ရကြောင်း သိရပါတယ်။ စိတ်ပူပန်တာတွေများပြီး ရွေးချယ်ဆုံးဖြတ်မှုများပျောက်ဆုံးမှားယွင်းတတ် ပါတယ်။

၃။ အိပ်ချိန်ကို အနှောက်အယှက်ဖြစ်စေခြင်း

စိတ်ပူပန်တတ်သူအများစုဟာ ၂၄ နာရီလုံးလုံး အတွေးထဲကို ရောက်နေကာ ထိုအတွေးမှ ရုန်းမထွက်နိုင်ဖြစ်တတ်ပါတယ်။ ထို့ကြောင့် အိပ်ခါနီးအိပ်ရာပေါ်မှာ ရောက်ရှိနေသည့် အချိန်တိုင်အောင် အတွေးများနှင့် ပြည့်ကာ အိပ်ပျော်ရန်ခက်ခဲစေပါတယ်။ အိပ်ပျော်သော်လည်း ရန်ဖန်ရံခါ အတွေးများက အိပ်မက်ထဲအထိ ၀င်နှောက်ရန် ရာခိုင်နှုန်းပိုမိုများပြီး နှစ်ခြိုက်စွာအိပ်မပျော်နိုင်စေကြောင်း တွေ့ရှိရပါတယ်။

Source: INC. Southeast Asia

Read times
Rate this item
(0 votes)