-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိလုပ်ငန်းတိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဘယ်လိုလုပ်ရမလဲ

မိမိလုပ်ငန်းတိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဘယ်လိုလုပ်ရမလဲ google

စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် Business Exit Strategies ဆိုတဲ့ ဟောပြောပွဲတစ်ခုကို လာမယ့် မတ်လ ၃၁ ရက် ( တနင်္ဂနွေနေ့ ) မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI ပထမထပ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စွန့်ဦးတီထွင်လူငယ်တွေအနေနဲ့ ရင်းနှီးမြှပ်နှံမှု ဘယ်လိုယူကြမလဲ၊ လုပ်ငန်း ဘယ်လို တိုးချဲ့မလဲ ဆိုတာတွေကို ပိုမို သိနားလည်လာဖို့အတွက် မြန်မာနိုင်ငံ စွန့်ဦးထီထွင် လူငယ်လုပ်ငန်းရှင်များ အသင်း ( MYEA ) က ပြုလုပ် ကျင်းပပေးခြင်း ဖြစ်ပါတယ်။

ဒီဟောပြောပွဲမှာ ဆွေးနွေးဟောပြောမယ့် လုပ်ငန်းရှင်တွေကတော့ Sense Capital ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Ko Maung Maung Myo Sett, ချိတ်ဆက်လုပ်ငန်းတည်ထောင်သူ Ma Honey Mya Win, ရင်းနှီးမြှုပ်နှံမှူလောကမှာ နှစ်ပေါင်းများစွာအကြံပေးအဖြစ် လုပ်ကိုင်နေတဲ့ Ko Kyaw Myo Htoon, Flexible ရဲ့တည်ထောင်သူ Ko Sully Bholat နဲ့ Zeddite မှ COO Ko Chit Oo Maung တို့ ဖြစ်ပါတယ်။

သင့်ရဲ့လုပ်ငန်းခွင်မှာ အသုံးဝင်စေမယ့် Chrome Extension များ

အပေါ်မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းရှင်တွေက သူတို့ စီးပွားရေးလုပ်ငန်း စတင်ခဲ့ပုံ၊ လုပ်ငန်းတိုးချဲ့ခဲ့ပုံ၊ လုပ်ငန်းအတွက် လိုအပ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရှာဖွေခဲ့ပုံ၊ ကုမ္ပဏီသေးသေးလေးကနေ စတင်ခဲ့ပြီး ကုမ္ပဏီကြီးတွေ ဖြစ်အောင် ကြိုးစား လုပ်ဆောင်ခဲ့ပုံ စတဲ့ အကြောင်းအရာတွေကို ဟောပြောသွားမှာ ဖြစ်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်နှံမှူတွေ ဘယ်လိုယူကြမလဲ၊ လုပ်ငန်းတွေ ဘယ်လိုချဲ့ ထွင်ကြမလဲ၊ လုပ်ငန်းတွေကို ဘယ်လိုမျိုး ပြန်လည်ရောင်းချမလဲ ( Exit Strategies ) ဆိုတာတွေကို တစ်နေရာထဲမှာ သိနိုင့်မယ့် အခွင့်အရေးတစ်ခုပါပဲ။

လူဦးရေ ၂၀၀ ပဲ ကန့်သတ်ထားတာကြောင့် တက်ရောက်လိုတဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် 09 45 520 520 6 ကို ဆက်သွယ်ပြီးတော့ပဲ ဖြစ်ဖြစ် https://bit.ly/2CTZfmD ဒီ Link ထဲကို ဝင်ပြီးတော့ပဲဖြစ်ဖြစ် စာရင်းပေးသွင်းနိုင်ပါတယ်။

Sourec; MYEA
Myanmar Advertising Directory

Read times
Rate this item
(2 votes)