-->
×

Warning

JUser: :_load: Unable to load user with ID: 29


ျမန္မာႏိုင္ငံတြင္ က်င္းပမည့္ အႀကီးမားဆုံး စာအုပ္ေစ်းပြဲေတာ္ The Big Bad Wolf Book

ျမန္မာႏိုင္ငံတြင္ က်င္းပမည့္ အႀကီးမားဆုံး စာအုပ္ေစ်းပြဲေတာ္ The Big Bad Wolf Book google

စာအုပ္စာေပေကာင္းေလးေတြဖတ္ရႈျခင္းဟာ လူေတြရဲ႕အသိညဏ္ကို အေထာက္အကူျပဳဆုံး လုပ္ရပ္ေလးပဲျဖစ္ပါတယ္။


စာအုပ္စာေပ လူ႕မိတ္ေဆြ ဆိုတဲ႕စကားအတိုင္း စာအုပ္စာေပ ခ်စ္ျမတ္ႏိုး ဖတ္ရႈသူေတြအေနနဲ႕ အခက္အခဲ ၾကံဳတဲ့အခါတိုင္း သူတို႔ဖတ္ရႈထားတဲ႔ စာအုပ္စာေပ ေတြေၾကာင့္ ဘယ္ေလာက္ ခက္ခဲ ၾကမ္းတမ္းတဲ႔ အခက္အခဲ ပင္ျဖစ္ပါေစ အလြယ္တကူ ေက်ာ္ ျဖတ္ႏိုင္မွာ ျဖစ္ပါတယ္။

 

အခုဆိုရင္ စာအုပ္စာေပခ်စ္ ပရိသတ္ေတြအတြက္ လုံးဝ လက္မလႊတ္သင့္တဲ႔ စာအုပ္ေစ်းပြဲေတာ္ေလး တစ္ခု ေရာက္ရွိလို႔ လာပါၿပီ။
မေလးရွားႏုိင္ငံ Big Bad Wolf Books မွ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႔နယ္ရွိ Fortune Palaza မွာ လာမဲ႕ ၂၀၂၀ ဇန္နဝါရီလ ၁၀ ရက္ေန႔မွ ၂၀ ရက္ေန႔ မနက္ ၉ နာရီမွ ညသန္းေခါင္ေက်ာ္ ၁၂ နာရီဝန္းက်င္အထိ အထူးSpecial promotion ေတြနဲ႔ ႏိုင္ငံျခားစာအုပ္အသစ္ေတြကို ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။

Netflix အေနနဲ႔ ေၾကာ္ျငာေတြထည့္မလား သို႕မဟုတ္ User ေတြကို အဆံုးရႈံးခံမလား

 

The Big Bad Wolf Book Sale ကုိ ၂၀၀၉ ခုႏွစ္တြင္ စတင္ခဲ့တာျဖစ္ပါတယ္။
ႀကံဆလုပ္ကုိင္ခဲ့သူတုိ႔မွာ မေလးရွားမွ စာအုပ္ဆုိင္ပုိင္ရွင္ လင္မယား ျဖစ္သည့္ Andrew Yap ႏွင့္ Jacqueline Ng တုိ႔ပင္ျဖစ္သည္။ စာအုပ္ပြဲေတာ္ပုံစံျဖင့္ စာအုပ္အေျမာက္အျမားတုိ႔ကုိ ေရာင္းခ်ခဲ့ရာ သတင္းႀကီးသြားခဲ့သည္။

 

ထုိ႔ေနာက္ ျပည္ပႏုိင္ငံမ်ားသုိ႔ ေျခဆန္႔ခဲ့ၾကရာ ၂၀၁၆ ခုႏွစ္တြင္ အင္ဒုိနီးရွားႏွင့္ ထုိင္း ႏုိင္ငံတုိ႔တြင္ စာအုပ္ပြဲေတာ္ က်င္းပၿပီး ေရာင္းခ်ခဲ့ပါတယ္။ ထုိ႕ေနာက္ သီရိလကၤာ၊ ဖိလစ္ပုိင္၊ တုိင္၀မ္ႏွင့္ ယူေအအီး ႏုိင္ငံမ်ားတြင္လည္း စာအုပ္ပြဲေတာ္ပုံစံျဖင့္ ေရာင္းခ်ခဲ့တယ္လို႕သိရပါတယ္။

 

မႏွစ္ကလည္း အခုလို စာအုပ္ပြဲေတာ္ကိုက်င္းပခဲ႔ပါတယ္။ မႏွစ္က အေရာင္းရဆုံး စာေပအမ်ိဴးအစားမွာ ကေလးသူငယ္စာေပျဖစ္ၿပီး စီးပြားေရး ပညာေပး စာအုပ္မ်ားႏွင့္ ကုိယ္ထူကုိယ္ထ လုပ္ကုိင္ရန္ နည္းေပးလမ္းျပျပဳေသာ စာအုပ္မ်ား လည္း ထိုပြဲေတာ္၏ အေရာင္းရဆုံးစာေပ စာရင္းဝင္ခဲ့ပါတယ္။

စာေပခ်စ္ျမတ္ႏိုးသူေတြအတြက္ အခုပြဲေတာ္ဟာ လုံးဝ လက္မလႊတ္သင့္တဲ႔ အခြင့္အေရးေလးပဲျဖစ္ပါတယ္။

 

<<<unicode>>>

 

စာအုပ်စာပေကောင်းလေးတွေဖတ်ရှုခြင်းဟာ လူတွေရဲ့အသိညဏ်ကို အထောက်အကူပြုဆုံး လုပ်ရပ်လေးပဲဖြစ်ပါတယ်။
စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့စကားအတိုင်း စာအုပ်စာပေ ချစ်မြတ်နိုး ဖတ်ရှုသူတွေအနေနဲ့ အခက်အခဲ ကြုံတဲ့အခါတိုင်း သူတို့ဖတ်ရှုထားတဲ့ စာအုပ်စာပေ တွေကြောင့် ဘယ်လောက် ခက်ခဲ ကြမ်းတမ်းတဲ့ အခက်အခဲ ပင်ဖြစ်ပါစေ အလွယ်တကူ ကျော် ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

 

အခုဆိုရင် စာအုပ်စာပေချစ် ပရိသတ်တွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စာအုပ်ဈေးပွဲတော်လေး တစ်ခု ရောက်ရှိလို့ လာပါပြီ။
မလေးရှားနိုင်ငံ Big Bad Wolf Books မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Palaza မှာ လာမဲ့ ၂၀၂၀ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ မနက် ၉ နာရီမှ ညသန်းခေါင်ကျော် ၁၂ နာရီဝန်းကျင်အထိ အထူးSpecial promotion တွေနဲ့ နိုင်ငံခြားစာအုပ်အသစ်တွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

 

The Big Bad Wolf Book Sale ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့တာဖြစ်ပါတယ်။
ကြံဆလုပ်ကိုင်ခဲ့သူတို့မှာ မလေးရှားမှ စာအုပ်ဆိုင်ပိုင်ရှင် လင်မယား ဖြစ်သည့် Andrew Yap နှင့် Jacqueline Ng တို့ပင်ဖြစ်သည်။ စာအုပ်ပွဲတော်ပုံစံဖြင့် စာအုပ်အမြောက်အမြားတို့ကို ရောင်းချခဲ့ရာ သတင်းကြီးသွားခဲ့သည်။

ေဒၚလာ ၁ ေသာင္းအကုန္အက်ခံထားေသာ အျဖဴေရာင္ဗလာ ေၾကာ္ျငာ Billboard ႀကီး

 

ထို့နောက် ပြည်ပနိုင်ငံများသို့ ခြေဆန့်ခဲ့ကြရာ ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် ထိုင်း နိုင်ငံတို့တွင် စာအုပ်ပွဲတော် ကျင်းပပြီး ရောင်းချခဲ့ပါတယ်။ ထို့နောက် သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နှင့် ယူအေအီး နိုင်ငံများတွင်လည်း စာအုပ်ပွဲတော်ပုံစံဖြင့် ရောင်းချခဲ့တယ်လို့သိရပါတယ်။

 

မနှစ်ကလည်း အခုလို စာအုပ်ပွဲတော်ကိုကျင်းပခဲ့ပါတယ်။ မနှစ်က အရောင်းရဆုံး စာပေအမျိူးအစားမှာ ကလေးသူငယ်စာပေဖြစ်ပြီး စီးပွားရေး ပညာပေး စာအုပ်များနှင့် ကိုယ်ထူကိုယ်ထ လုပ်ကိုင်ရန် နည်းပေးလမ်းပြပြုသော စာအုပ်များ လည်း ထိုပွဲတော်၏ အရောင်းရဆုံးစာပေ စာရင်းဝင်ခဲ့ပါတယ်။

စာပေချစ်မြတ်နိုးသူတွေအတွက် အခုပွဲတော်ဟာ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးပဲဖြစ်ပါတယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)