-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာလုပ်ငန်းမှာ အန္တရာယ်များတဲ့ ဖန်တီးမှုရဲ့ အစွန်းတရား

Benton & Bowles အေဂျင်စီက “ မရောင်းရရင် ဖန်တီးမှုမဟုတ်ပါ” ဆိုတဲ့မူကို ကိုင်ထားတယ်။ ဟုတ်လိုက်တာလေ။ အောက်စဖိုဒ့်အဘိဓါန် အမှတ် ၁၂ မှာ “ဖန်တီးမှု” “creativity” ဆိုတဲ့ စကားလုံးကို တွေ့မှာမဟုတ်ဘူး။ ဒါက “လုပ်ရိုးလုပ်စဉ်” လို့ဆိုလိုချင်တာလား။

Reeves ကပြောတယ်။ “လုပ်ရိုးလုပ်စဉ်ဆိုတာ ကြော်ငြာလုပ်ငန်းမှာ အန္တာရယ်အရှိဆုံး စကားလုံးဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်ကို မူတည်ပြီး၊ စာစီသမားတွေက ရှောင်လွဲမရအောင် ဆွဲဆောင်တယ်။ လက်တင်လိုဆိုရင်တော့ “ignis fatuus” “တံလျှပ်ကိုရေထင်” ဖြစ်ပါတယ်။

မိုးဇက်က ပြောခဲ့တယ်။ “ဘယ်လိုပေါ့ပါးတဲ့ သံစဉ်မျိုးကိုဖန်တီးဖို့ပဲဖြစ်ဖြစ် အနည်းငယ်သော အားစိုက်ထုတ်မှုမျိုး ဘယ်တုန်းကမှ မလုပ်ဖူးဘူး။ ”

ကျွန်တော်က ကျိုးကြောင်း တိုက်ဆိုင်ရင် ဒီ “ဖန်တီးမှု”ဆိုတဲ့ အကျည်းတန်တဲ့ စကားလုံးကို ကိုယ်တိုင်သုံးနှုန်းပါတယ်။ ပိုသင့်တော်တာ မရှိလို့ပါ။ ဒီဘာသာရပ်ကို ကျွန်တော့်ထက် ခင်ဗျားပိုပြီး စိတ်ပါဝင်စားတယ်ဆိုရင်၊ ချီကာဂိုတက္ကသိုလ်ပုံနှိပ်လုပ်ငန်းက ထုတ်ဝေတဲ့ “The Creative Organization” ဆိုတဲ့ စာအုပ်ကိုဖတ်ဖို့ ညွှန်းချင်တယ်။

ကြော်ငြာသင်ခန်းစာများနှင့် တိုက်ရိုက် ထိတွေ့ခြင်း

အခုအချိန်မှာပဲ၊ ကမ်ပိန်းအသစ်အတွက် ကျွန်တော် စိတ်ကူးကောင်းဖန်တီးဖို့ ရှိနေတယ်။ အင်္ဂါနေ့မတိုင်ခင် ပြီးရမယ်။ အခုကနေ အင်္ဂါနေ့ကြားကာလအတွင်း ကျွန်တော်ပြီးစီးရမယ့်အလုပ်အတွက် “ဖန်တီးမှု” က အနှစ်သာရကင်းမဲတဲ့ စကားလုံးအဖြစ် ဆန့်ကျင်နေတယ်။

နှစ်အနည်းငယ်အကြာတုန်းက၊ Harry McMahan အေဂျင်စီက “ဖန်တီးမှု”အတွက် ထင်ရှားကျော်ကြားတဲ့ Clio ဆုတွေရရှိခြင်းဖြင့် ကြော်ငြာတွေကို စိတ်ဝင်စားမှုတွေ ရဖူးတယ်။

Clio ဆု ၄ ကြိမ် ရဖူးတဲ့ အေဂျင်စီတွေက သူတို့ Account တွေ ဆုံးရှုံးဖူးတယ်။
အခြား Clio ဆု ရဖူးတဲ့အေဂျင်စီက လုပ်ငန်းရပ်နားသွားတယ်။
အခြား Clio ဆုရအေဂျင်စီကလည်း ရုပ်မြင်သံကြားမှာ ကြော်ငြာဖို့ ငွေမရှိတော့ဘူး။
အခြား Clio ဆုရအေဂျင်စီက သူ့ Account တစ်ဝက်ကို အခြားအေဂျင်စီကို လွှဲပေးလိုက်ရတယ်။
အခြားအေဂျင်စီတစ်ခုကလည်း သူဆုရကြောင်း ကြော်ငြာမှာကို ငြင်းပယ်လိုက်တယ်။

ယခင်နှစ်ကကျင်းပတဲ့ Clio ပွဲမှာရွေးချယ်ခဲ့တဲ့၊ အကောင်းဆုံးရုပ်မြင်သံကြားအစီအစဉ် ၈၁ ခုမှာ၊ ၃၆ ခုသော အေဂျင်စီတွေက Account တွေဆုံးရှုံးသူက ဆုံးရှုံး၊ လုပ်ငန်းရပ်တဲ့သူက ရပ်နဲ့။

 

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(1 Vote)