-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသက် ၁၇ နှစ်နဲ့ Google ကို တည်ထောင်ခဲ့သူ Larry Page

အသက် ၁၇ နှစ်နဲ့ Google ကို တည်ထောင်ခဲ့သူ Larry Page Google

၁၉၇၃ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ မွေဖွားခဲ့တဲ့ Larry Page ဟာ ကွန်ပျူတာ ပညာရှင်တစ်ယောက်ဖြစ်ပြီး နည်းပညာစွန့်ဦးတီထွင်သူ တစ်ယောက်လဲ ဖြစ်ပါတယ်။

Larry Page ဟာ အသက် ၁၇ နှစ်အရွယ်မှာ သူရဲ့သူငယ်ချင်းဖြစ်တဲ့ Sergey Brin နဲ့အတူ Google ကို Alphabet Inc ဆိုတဲ့နာမည်နဲ့ စတင် တည်ထောင်ခဲ့ပါတယ်။

သူတို့နှစ်ယောက် Google ကို စတည်ထောင်တဲ့အချိန်မှာ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Standford တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားအရွယ်တွေပဲ ရှိပါသေးတယ်။

လူတွေ သိချင်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူနဲ့ လျှင်မြန်စွာ ရှာဖွေ သိရှိနိုင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပြီး Google ဟာ သူတို့ ရည်မှန်းထားတဲ့အတိုင်း ကမ္ဘာပေါ်မှာ အောင်မြင်တဲ့ စီးပွားလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

Larry Page ဟာ Alphabet Inc ရဲ့ CEO တစ်ယောက်ဖြစ်ပြီး ၂၀၀၁ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာတော့ Google ရဲ့ CEO တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Page ဟာ Brin နဲ့အတူ Marconi Foundotion ကနေ ချီးမြှင့်တဲ့ ဒေါ်လာ ၁သိန်း တန်ဖိုးရှိတဲ့ဆုကို ရရှိခဲ့ပါတယ်။

Mark Zuckerberg က ဘာကြောင့် Facebook မသုံးတာလဲ...?

၂၀၁၈ ဒီဇင်ဘာလထဲမှာ Page ဟာ Google ကနေ အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅၁.၃ ဘီလီယံထိ ရရှိခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၈ ဦး စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Google ဟာ အမေရိကန်ဒေါ်လာ ၅၅.၂ ဘီလီယံကျော် ရရှိနေပြီး ဝန်ထမ်းဦးရေ ၅သောင်းကျော်ရှိနေပါတယ်။

၂၀၀၂ ခုနှစ်မှာ Google News ကို မိတ်ဆက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Gmail, ၂၀၀၅ ခုနှစ်မှာ Google Maps, ၂၀၀၈ ခုနှစ်မှာ Google Chrome, ၂၀၁၁ ခုနှစ်မှာ Google+ နဲ့ ၂၀၁၅ ခုနှစ်မှာတော့ တခြား Google Product တွေကို ဆက်လက် မိတ်ဆက်ပေးခဲ့ပါတယ်။

Larry Page ဟာ Google's horizons, မောင်းသူမဲ့ကား, Drones နဲ့ အရမ်းကိုမြန်ဆန်တဲ့ Google Fiber စတာတွေကို ထပ်မံ ထုတ်လုပ်သွားမယ်လို့လဲ သိရပါတယ်။

Htet Htet Naing

Myanmar Advertising Directory

Read times
Rate this item
(2 votes)