-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google+ ဝန်ဆောင်မှုကို Google မှ ဧပြီလအတွင်းအပြီးသတ် ပိတ်သိမ်းမယ်

Google+ ဝန်ဆောင်မှုကို Google မှ ဧပြီလအတွင်းအပြီးသတ် ပိတ်သိမ်းမယ် Google

Google ဟာ Google+ လူမှုကွန်ရက်ပေါ်က သုံးစွဲနေတဲ့သူတွေရဲ့ account တွေ အားလုံးကို ဖျက်သိမ်းတော့မယ်လို့ သိရပါတယ်။

Google+ ဟာ Facebook နဲ့ Twitter တို့နဲ့ ယှဉ်ပြိုင်မှုကို အဆုံးသတ်တော့မယ်လို့ ဆိုရမှာပါ။

“ဝန်ဆောင်မှုကို စတင်ပိတ်သိမ်းနေပြီ” လို့ Google ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။

ဘာကြောင့် ပိတ်သိမ်းတော့မှာလဲ ဆိုရင် Google+ ဟာ Google အတွက် လုံခြုံရေးပိုင်းနဲ့ အသုံးပြုမှု နည်းပါးလာမှုကြောင့်ပဲ ဖြစ်ပါတယ်။

Google ဟာ developer မပါဝင်ဘဲ Google+ သုံးစွဲသူ ၁၀ သန်းရဲ့ သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့တဲ့ ဖြစ်ရပ် ၂ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

လုပ်ငန်းရှင်များ ရလဒ်ကောင်းတွေရရှိလာစေမယ့် Tool အသစ်ကို မိတ်ဆက်လိုက်တဲ့ Twitter

ပထမဆုံး ပေါက်ကြားမှုကို လပေါင်းများစွာ လျှို့ဝှက်ထားခဲ့ပြီးတဲ့နောက်မှာတော့ Google+ ဝန်ဆောင်မှုကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် Google+ ပိတ်သိမ်းမှုအစီအစဉ် ၄ လအတွင်း ပိတ်သိမ်းဖို့ အစီအစဉ်ချမှတ်ခဲ့ပါတယ်။

ဒါကြောင့် Google+ ဝန်ဆောင်မှုဟာ သြဂုတ်လ ပိတ်သိမ်းမှာ မဟုတ်တော့ဘဲ ဧပြီလအတွင်း အပြီးသတ် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

အခုဖြစ်ရပ်တွေမှာ developer တွေအနေနဲ့ bug တွေ ဒါမှမဟုတ် အသာစီးရယူလာမှုတွေကို သတိပြုမိတဲ့ သက်သေမတွေ့ရဘူးလို့ Google ကပြောခဲ့ပါတယ်။

Google+ API တွေအသုံးပြုမှုကို ပိတ်သိမ်းမှုလုပ်ငန်းစဉ်အတွက် Google ရဲ့ timeline အလိုက် ဖျက်ချထားပါတယ်။

Source; Internet Journal
Myanmar Advertising Directory

Read times
Rate this item
(2 votes)