-->
×

Warning

JUser: :_load: Unable to load user with ID: 29


လိင်စိတ် လှုံ့ဆော်ပေးနေတယ်ဆိုပြီး အိန္ဒိယမှာ အသုံးပြုခွင့်ပိတ်လိုက်တဲ့ Tik Tok

အိန္ဒိယအစိုးရရဲ့ တိုင်ကြားစာကြောင့် လတ်တလော နာမည်ကြီးနေတဲ့ TikTok ကို Apple နဲ့ Google နှစ်ခုစလုံးကနေ ဒေါင်းလုပ်ရယူခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာလည်း TikTok အသုံးပြုခွင့်ကို ဖေော်ဝါရီလကတည်းက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အဲဒီလထဲမှာပဲ US နိုင်ငံတွေကလည်း ကလေးတွေဆီကနေ သတင်းအချက်အလက်တွေ စုဆောင်းနေတယ်ဆိုပြီး US Federal Trade Commission ကနေတစ်ဆင့် TikTok ကို $ 5.7 Million ဒဏ်ငွေရိုက်ထားပါတယ်။

TikTok ကို အိန္ဒိယနိုင်ငံမှာ ဒေါင်းလုပ် ပြုလုပ်ခွင့် မပေးတော့ဖို့ အိန္ဒိယအစိုးရအဖွဲ့ဟာ Apple နဲ့ Google ဆီ ပြီးခဲ့တဲ့အပတ်က စာပို့ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ ဧပြီလ အစောပိုင်းမှာ အိန္ဒိယတရားရုံးတစ်ခုက ဖက်ဒရယ်အစိုးရအဖွဲ့ကို TikTok ဟာ လိင်စိတ်ကို လှုံ့ဆော်ပေးနေတယ်ဆိုပြီး ပိတ်ပင်ပေးဖို့ တိုင်ကြားခဲ့တာကြောင့်ပါ။

Facebook က Post တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်

ဒါကြောင့် ဧပြီလ ၁၆ ရက်နေ့ကစပြီး Google Play Store နဲ့ Apple App Store နှစ်ခုစလုံးမှာ ဒီ App ကို Download ပြုလုပ်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

TikTok ကိုယ်တိုင်ကလည်း အိန္ဒိယနိုင်ငံမှာ ၄င်းတို့ရဲ့ App ကို ဆက်လက် အသုံးမပြုနိုင်ရန် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ပါတယ်။

TikTok ဆိုတာ နောက်ဆုံးထွက် ရေပန်းအစားဆုံးနဲ့ လူသုံးအများဆုံး Social Media App တစ်ခုဖြစ်ပါတယ်။ ဒီ App ကနေတစ်ဆင့် အထူး Effect တွေနဲ့ ပြုလုပ်ထားတဲ့ ၁၅ စက္ကန့်ကြာ ဗီဒီယိုအတိုလေးတွေကို ရိုက်တင်ပြီး Friends တွေကို Share လို့ ရပါတယ်။

အိန္ဒိယနိုင်ငံမှာ TikTok ကို အသုံးပြုသူသူ တစ်ဖြည်းဖြည်း များလာနေပြီး လူပေါင်း သန်း ၂၄၀ လောက်ဟာ Download လုပ်နေကြပါတယ်။ လစဉ် Download ပြုလုပ်သူဟာလည်း သန်း ၃၀ ကျော် ရှိနေပါတယ်။

TikTok ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာဆိုရင် သူတို့ရဲ့ App ကို လူသန်းပေါင်း ၅၀၀ လောက်ဟာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

Su Mon Oo
Ref: The Guardian, Fast Company

Read times
Rate this item
(1 Vote)