-->
×

Warning

JUser: :_load: Unable to load user with ID: 29


WeChat တည်ထောင်သူပြောတဲ့ WeChat အကြောင်း

WeChat တည်ထောင်သူပြောတဲ့ WeChat အကြောင်း Google

တကယ်လို့များ WeChat ကို ဆက်သွယ်ပြောဆိုဖို့အတွက် သာမန်ကိရိယာတစ်ခုအဖြစ်ဖြင့်သာ ဖန်တီးထားမယ်ဆိုရင် အခုလို အောင်မြင်မှုမျိုးကိုရမှာ မဟုတ်ဘူးလို့ WeChat ထူထောင်သူက ၄ နာရီကြာမြင့်တဲ့ ဟောပြောမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“WeChat က တကယ်တော့ ဆက်သွယ်ပြောဆိုဖို့ ကိရိယာတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့က လူတွေရဲ့ နေ့စဉ်ဘ၀ထဲကို မြှုပ်သွင်းပေးခဲ့ပါတယ်” လို့ WeChat ဖန်တီးသူ Allen Zhang က WeChat ရဲ့ မိခင်လုပ်ငန်းကြီး ဖြစ်တဲ့ Tencent Holdings မှ ကြီးမှူးကျင်းပခဲ့တဲ့ WeCha နှစ်ပတ်လည် ကွန်ဖရင့်မှာ ရှင်းပြခဲ့ပါတယ်။

အဲဒီနှစ်ပတ်လည်ပွဲဟာ developer တွေနဲ့ partner တွေအတွက် နှစ်စဉ်ကျင်းပပေးတဲ့ ပွဲဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှာ ၂ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ စွယ်စုံသုံး စာတိုပို့နဲ့ ဆိုရှယ်မီဒီယာ အက်ပ်အဖြစ် ပြုလုပ်မထားရင် လုပ်ကိုင်နိုင်စွမ်းတွေ အကန့်အသတ်နဲ့သာ ဖြစ်နေလိမ့်မယ်လို့ သူကဆိုပါတယ်။

လူတွေရဲ့ နေ့စဉ်ဘ၀တွေထဲမှာ ထည့်သွင်းမြှုပ်နှံပေးထားမှသာ အက်ပ်တစ်ခုဟာ အခုလို အောင်မြင်မှုတွေကို ရနိုင်မယ်လို့ Allen Zhang က ပြောပြခဲ့ပါတယ်။ သူက ယခုအခါ WeChat Group ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။

Allen Zhang ဟာ တစ်ချိန်တုန်းက Foxmail အမည်ရှိ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး သူ့လုပ်ငန်းကို Tencent က ၀ယ်ယူလိုက်ပြီးတဲ့နောက် ၂၀၀၅ ခုနှစ်မှာ QTencent ရဲ့ Q Mail Mobile ရဲ့ ဦးစီးမှူးအဖြစ် တာဝန်ယူခဲ့တယ်။

၂၀၁၀ ခုနှစ်မှာ developer ၁၀ ဦးကို ဦးဆောင်ပြီး WeChat ပထမဆုံး ဗားရှင်းကို ရက်ပေါင်း ၇၀ အတွင်းမှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ WeChat သုံးစွဲသူ တစ်ဘီလျံရှိတဲ့ စံချိန်ကို ဖြတ်ကျော်ခဲ့တယ်။

ပင်မ အက်ပ်မှာ မီနီအက်ပ်တွေ ထည့်သုံးလို့ရအောင် လုပ်ပေးထားတာကြောင့် အဲဒီ မီနီအက်ပ်တွေဟာ WeChat သုံးစွဲသူတွေရဲ့ နေ့စဉ်ဘ၀တွေရဲ့ ကိစ္စအမျိုးမျိုးအတွက် အသုံးတည့်နေစေတယ်။ ငွေပေးဆောင်တာကအစ အဝေးပြေးကားလက်မှတ် ကြိုတင်မှာကြားတာအဆုံး သုံးစွဲကြတယ်။

သင့်စီးပွားရေးလုပ်ငန်း Profile အတွက် အရေးပါတဲ့အချက်များ

အသက် ၄၉ နှစ်ရှိသူ Allen Zhang က “ကျွန်တော်တို့ လူတွေ ငွေပေးချေပုံကို ပြောင်းလဲပေးလိုက်တယ်။ အဲဒီအတွက် WeChat Pay နဲ့ mobile payment လုပ်တဲ့ အလေ့အထ ရှိသွားစေတယ်။ နှစ်သစ်ကူးမှာ အနီရောင် စာအိတ်နဲ့ အံပေါင်း ပေးလို့ရအောင် လုပ်ပေးလိုက်တယ်။ လူတွေက WeChat Payကနေတစ်ဆင့် အံပေါင်း ရလို့ ငါဟာ ကံကောင်းတဲ့သူလို့ စိတ်ထဲ ဖြစ်မိကြတယ်”လို့ ပြောပြတယ်။

WeChat ရဲ့ Mini အက်ပ် တွေဟာ လူတွေရဲ့ နေ့စဉ်ဘ၀တွေထဲမှာ ကျင့်သုံးဖို့ တီထွင်ဆန်းသစ်ပေးထားတာတွေလို့ သူက ရှင်းပြခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Mini အက်ပ်တွေ စတင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ အောင်မြင်မှုတွေ ရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြတဲ့အဖြစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

WeChat ထဲမှာပဲ ကျင်လည်ပြီး တခြားနေရာမှ အက်ပ်တွေကို ဒေါင်းယူလို့ရတယ်။ ဘယ်မှာတော့ အရောင်းမြှင့်တင်ဖို့ အထူးဈေးလျှော့ ရောင်းချနေတယ် ဆိုတာကို သိနိုင်တယ်။ ရှာဖွေရေးကိရိယာက စွမ်းရည်မြင့်မားတယ်။ ဒါပေမယ့် အခုထက် ပိုကောင်းအောင် လုပ်ဆောင်နေတယ်လို Allen Zhang က ပြောပြခဲ့ပါတယ်။

မီနီအက်ပ်တွေကို ပုံမှန်သုံးစွဲနေသူ ဦးရေဟာ အပတ်စဉ် သန်း ၆၀၀ ကျော်အထိ ရှိလာပြီး တစ်ပတ်ထက် တစ်ပတ် ပိုများလာနေတယ်။ လုပ်ငန်းအမျိုးအစား အပိုင်းအကန့်ပေါင်း ၂၀၀ ကျော်အတွက် ၀န်ဆော်ငမှုတွေ ပေးနေတယ်။ ငွေပေးငွေယူလုပ်တာက ၂၀၁၈ ခုနှစ်မှာ ယခင်နှစ်ထက် ၆ ဆ ပိုများလာတယ်လို့ Allen Zhang က တင်ပြခဲ့ပါတယ်။

အခုဆိုရင် ကိုယ်ပိုင် မီနီအက်ပ်တွေကို WeChat ရဲ့ မိတ်ဘက်ပြုဝန်းကျင်ထဲမှာ ထည့်သုံးလို့ရအောင် ဖွင့်ပေးထားတာမို့ developer တွေအနေဖြင့် မီနီအက်ပ်တွေကို ဆန်းသစ်တီထွင်ကြဖို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။
WeChat မှာ နေ့စဉ် မက်ဆေ့ ၄၅ ဘီလျံ ပေးပို့နေကြပြီး ပိုများလာနေတယ်။

အသံနဲ့ ခေါ်တာ၊ ဗီဒီယိုခေါ်တာတွေက နေ့စဉ် ကြိမ်ရေ သန်း ၄၁၀ ကျော် ရှိနေတယ်။ စီးပွားရေးလုပ်ငန်းတွေကလည်း WeChat ကို သုံးစွဲလာကြတယ်။ အထူးသဖြင့် WeChat Pay နဲ့ ငွေပေးငွေယူ လုပ်ကိုင်ကြတယ်။ ငွေပေးငွေယူ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခုအဖြစ် သုံးစွဲကြတယ်။

အထူးသဖြင့် လက်လီအရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ WeChat Pay ကို သုံးစွဲပြီး ပေးချေကြတာတွေ ပိုများလာနေတယ်။ ရထားနဲ့ ဘတ်စ်ကား စီးကြတာမှာလည်း WeChat Pay နဲ့ ပေးချေသူတွေ ၂၀၁၈ ခုနှစ်မှာ ၂၀၁၇ ခှုစ်ကထက် တစ်ဆခွဲ ပိုများခဲ့တယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း WeChat Pay နဲ့ ပေးချေကြတယ်။


Myanmar Advertising Directory

Read times
Rate this item
(1 Vote)