-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘယ်အလုပ်မှမခန့်လို့ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ရာမှ အောင်မြင်လာတဲ့ ကျောင်းသားလေး

ဘယ်အလုပ်မှမခန့်လို့ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ရာမှ အောင်မြင်လာတဲ့ ကျောင်းသားလေး Google

လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က Clay Lewis ဆိုတဲ့ ၁၆နှစ် အရွယ်ကောင်လေးဟာ အထီးကျန်တဲ့ စိတ်ဝေဒနာကို ခံစားနေရလို့ သူ့ကို ဘယ်လုပ်ငန်းရှင်ကမှ အလုပ်မခန့်ချင်ကြပါဘူး။

ဒါ့ကြောင့် Clay ဟာ အလုပ်မရတဲ့အတူတူ ကိုယ်ပိုင်အလုပ်ကို လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Clay ဟာ ပြီးခဲ့တဲ့ ၁နှစ်ကျော်လုံးလုံး အိမ်နီးချင်းတွေရဲ့ အမှိုက်ပုံးတွေကို ဆေးကြောသန့်စင်ပေးရတဲ့အလုပ် လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ အလုပ်ကိုတော့ “Clay’s Bin Cleaning” လို့အမည်ပေးထားပါတယ်။ အခုဆိုရင် သူ့အလုပ်ဟာ ဖောက်သည် ရ၀ လောက်ရရှိနေပြီး ဝန်ထမ်း ၃ဦးကိုပါ ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။ အမှိုက်ပုံးတစ်ပုံးကို ဒေါ်လာ ၁၀နှုန်း အခကြေးငွေယူပြီး ၂ပုံးဆေးရင်းတော့ နောက်ထပ် ဒေါ်လာ ၅ကျပ်သာ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းကို တစ်စိုက်မတ်မတ်ပြုလုပ်လာခဲ့တာကြောင့် အခုဆိုရင် Clay တစ်ယောက် ဒေါ်လာ ၆ထောင်လောက် စုမိနေပါပြီ။

ဝန်ထမ်းအလုပ်ကနေ ကိုယ်ပိုင်လုပ်ငန်းမယ်ဆိုရင် သိထားရမယ့်အချက် (၁၀)ချက်

ယခင်နှစ်တွေမှာ Clay တစ်ယောက် အလုပ်မရတဲ့အကြောင်းက သူ့ရဲ့ စကားပြောဆိုပုံက အခြားသူတွေလို့ မဟုတ်ပါဘူး။ ဒါ့ကြောင့် လုပ်ငန်းရှင်တွေက သူ့ကို အင်တာဗျူဖြေကြည့်ရုံနဲ့ အလုပ်မခန့်လိုက်ကြတော့ဘူး။ တကယ်တော့ Clay ဟာ အရမ်းသစ္စာရှိပြီး အလုပ်အပေါ်တာဝန်ကျေသူ၊ လုံ့လဝိရိယရှိသူတစ်ဦးပါလို့ Clay ရဲ့ အမေဖြစ်သူ Laura Lewis က ဆိုပါတယ်။

ဝေဒနာရှင်တစ်ဦးဖြစ်ပေမဲ့ ကိုယ်ပိုင်အလုပ်ကရတဲ့ ဝင်ငွေလေးနဲ့ ရပ်တည်နိုင်တာကြောင့် အစိုးရ လူမှုဖူလုံရေးက ထောက်ပံ့တဲ့ အထောက်အပံ့ကို မှီခိုစရာမလိုတော့တာက သူ့သားအတွက် ဂုဏ်ယူစရာတစ်ခုပါ။ ဒါတင်မကသေးပါဘူး Clay တစ်ယောက်ဟာ စေတနာအပြည့်နဲ့ လူတွေအပေါ် အကျိုးပြုနေပါသေးတယ်။ ဒါကတော့ ပြည်သူအတွက် အကျိုးပြုနေတဲ့ စေတနာ့လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေဆီက အမှိုက်ပုံးတွေဆို ကုသိုလ်အဖြစ် အခမဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

သူ့ရဲ့ အလုပ်မှာ ဖောက်သည် ရ၀ လောက်ရှိပေမဲ့ ၃၀ လောက်တော့ ပုံမှန်ဝန်ဆောင်မှုပေးနေရပါတယ်။ ယခုအချိန်မှာ အထက်တန်းကျောင်းတက်ရောက်နေပြီး ကျောင်းပြီးရင် ဘာလုပ်မယ် အစီအစဉ်သေချာမချရသေးပေမဲ့ လုပ်ငန်းတိုးချဲ့တဲ့ အနေနဲ့ ခြံဝန်းအတွင်းကွန်ကရစ်လမ်းတွေ၊ ကားပတ်လမ်းတွေ၊ ရေကန်တွေ သန့်ရှင်းရေးဝန်ဆောင်မှုပေးဖို့တော့ စဉ်းစားထားတယ်လို့ဆိုပါတယ်။ လာမည့်နွေရာသီအားလပ်ရပ်မှာ သူစုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ ဒူဘိုင်းကိုခရီးထွက်ပြီး Formula 1 ကားပြိုင်ပွဲ သွားကြည့်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Source;lifestyle Myanmar
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)