-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိုဘိုင်းကြော်ငြာလုပ်ငန်း CEO Brian Wong ရဲ့ စီးပွားရေးနည်းဗျူဟာများ

မိုဘိုင်းကြော်ငြာလုပ်ငန်း CEO Brian Wong ရဲ့  စီးပွားရေးနည်းဗျူဟာများ Google

Brian Wong ဆိုတဲ့ ကနေဒါနိုင်ငံသား အင်တာနက်စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ ထူးချွန်လွန်းတာကြောင့် အသက် ၁၈ နှစ်မှာဘွဲ့ရခဲ့ပြီး Kiip ဆိုတဲ့ မိုဘိုင်းကြော်ငြာလုပ်ငန်းကို စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၂ သန်းရရှိခဲ့ပါတယ်။

Brian Wong က သူ့ Kiip ကုမ္ပဏီကို အောင်မြင်အောင်လုပ်ဆောင်ခဲ့ရာမှာ အရေးပါခဲ့ပြီး လူတိုင်းလည်းသိထားသင့်တဲ့ အောင်မြင်ရေးနည်းလမ်းတွေကို ပြောပြခဲ့ပါတယ်။

၁။ အကန့်ခွဲ ထားပြီး လုပ်ဆောင်တတ်ဖို့ ကြိုးစားပါ

ကိုယ်ရေးကိုယ်တာပြဿနာတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေနဲ့ ကြုံနေရရင် အလုပ်ကိုသယ်မလာပါနဲ့ အိမ်မှာပဲထားခဲ့ပါလို့ Brian Wrong ကဆိုပါတယ်။ ရည်းစားနဲ့ပြတ်တဲ့အချိန် ဒါမှမဟုတ် ပိုက်ဆံအိတ်ပျောက်တယ်၊သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆင်မပြေဖြစ်တာမျိုးတွေဖြစ်တဲ့အခါမှာ အများစုက ဒီပြဿနာတွေကို စိတ်ထဲမှာရှိနေပြီး လုပ်အပေါ်ထိခိုက်တာ အလုပ်မှာပါသူများတွေနဲ့ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒါမျိုးမဖြစ်အောင်လုပ်သင့်ပါတယ်လို့ သူကဆိုပါတယ်။

၂။ ကြောက်စိတ်တွေကို မောင်းထုတ်ပါ

Brian Wong အတွက်တော့ အကြောက်တရားတွေကို ဖယ်ထုတ်ပြစ်တာက ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေကို အပေါ်လွင်စေ ဆုံးပါပဲ လို့ဆိုပါတယ်။ ကိုယ်မလုပ်နိုင်တာကို တွေးပြီးမကြောက်ပါနဲ့လို့ သူကအကြံပေးပါတယ်။ ကိုယ်လုပ်နိုင်တာကိုပဲ မြင်အောင်ကြည့်ပြီးတော့ အသိအမှတ်ပြုတတ်အောင်ကြိုးစားပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ် တ်တာတစ်ခုတည်းရှိရင်တောင် အဲဒါက တစ်ခြားဘယ်သူမှ မလုပ်နိုင်တဲ့ အရာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစည်းအဝေးတစ်ခု ဒါမှမဟုတ် အင်တာဗျူးတစ်ခုမှာ အခြေအနေ မကောင်းဘူးဆိုရင် စိတ်ဓာတ်မကျဘဲ ဘာများဖြစ်နိုင်မှာမို့လို့လည်း၊ အဆင်မပြေရင် ထပ်ကြိုးစားလို့ရတာပဲလို့ တွေးပါလို့ သူကဆိုပါတယ်။

၃။ ကိုယ့်ကိုယ်ကို ရောင်းပါ

စီးပွားရေးလုပ်တယ်ဆိုတာအမြဲတမ်း ကိုယ့်အကြောင်းပါပဲ။ ခင်ဗျားရဲ့ ရည်မှန်းချက်က ရင်းနှီးမြှုပ်နှံသူတွေ ခင်ဗျားကို ယုံကြည်ပြီးရင်းနှီးမြှုပ်နှံလာဖို့ ဖြစ်ပါတယ်။ ခင်ဗျားပရောဂျက်ကို ရင်းနှီးမြှုပ်နှံဖို့မဟုတ်ပါဘူး။ ခင်ဗျားအပေါ်မှာ ရင်းနှီးမြှုပ်နှံလာဖို့ပါ။ အဲဒီတော့ ကိုယ့်အရည်အချင်းတွေ၊ ကိုယ်လုပ်ဆောင်မှုတွေကို တစ်ခြားသူတွေလေးစားပြီး ယုံကြည်လက်ခံလာအောင် ကိုယ့်ကိုယ်ကိုယ် ရောင်းတတ်ဖို့ကြိုးစားပါ။

၎။ကိုယ့်ရဲ့ အားသာချက်တွေကို သိပါစေ

ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ်၊ဘာအလုပ်ပဲလုပ်နေလုပ်နေ ခင်ဗျားမှာ စူပါ ပါဝါတစ်ခုရှိနေပါတယ်။ ဆိုလိုချင်တာက သူများတွေ က်သာတဲ့ အရည်အချင်းတစ်ခု အချက်တစ်ချက်ရှိတာပါ ဒါကိုခင်ဗျားဘ၀မှာ အသုံးမချဘူးဆိုရင်ခင်ဗျားဟာ ရူးနေလို့ပဲလို့ Brain Wong က ထောက်ပြပါတယ်။ ကိုယ့်ရဲ့အားသာချက်တွေ၊ အရည်အချင်းကောင်းတွေဟာ ဘာလည်းဆိုတာကို သေချာစဉ်းစားပါ။ကိုယ်နဲ့ ရင်းနှီးဆုံးသူတွေကို မေးကြည့်ပါ။အသုံးချပါ။

၅။ မလောပါနဲ့

အီးမေလ်းတွေ၊ စာတွေ နဲ့ ဆိုရှယ်မီဒီယာတွေက အချက်အလက်တွေကိုတွေ့ရတာ အရမ်းများလာတဲ့အခါ စိတ်ရှုပ်ရပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း ကြုံရတာမဟုတ်ပါဘူး။ အင်တာနက်ခေတ်ကြီးမှာ ဘယ်သူကဘာလုပ်နေတယ်၊ ဘယ်ကုမ္ပဏီကဘာဖြစ်နေပြီစတဲ့ သတင်းအချက်အလက်တွေဟာ ဆိုရှယ်မီဒီယာကနေ အလွယ်တကူ ရရှိနိုင်နေပြီးတော့ အသုံးပြုမှုများလာတဲ့အခါ စိတ်ဖိစီးမှုပါ များလာတတ်ပါတယ်။ အဲဒီအတွက် လူတိုင်းနဲ့ ထိတွေ့ဖို့ အမြဲမကြိုးစားသင့်ပါဘူး။ ဆိုရှယ်မီဒီယာကိုလည်း အမြဲသုံးနေတာမျိုးမဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။

၆။ သူများတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့

ကိုယ့်ထက် အောင်မြင်တဲ့သူ၊ သာတဲ့သူတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး သူတို့လောက် ငါမတော်ဘူးမတတ်ဘူးလို့ တွေးနေရင်တော့ အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ့်ထက်သာတဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် သူတို့ကအမြဲသာနေမှာဖြစ်ပြီး ကိုယ်ပဲအရှုံးသမားလို့ ခံစားရပါလိမ့်မယ်။ အဲဒီအစား ကိုယ့်လက်ရှိအခြေကနေ ရှေ့ဆက်သွားနိုင်အောင် တိုးတက်အောင်ဘာဆက်လုပ် မလဲလို့တွေးပြီး ကြိုးစားမယ်ဆိုရင် ကိုယ်နှိုင်းယှဉ်နေတဲ့ သူတွေထက်တောင်တစ်နေ့ကျရင် ကိုယ်ကသာသွားပါလိမ့်မယ်။

လုပ်ငန်းတည်ထောင်သူတွေအတွက် ကျရှုံးမှုကနေ သင်ယူလေ့လာမှုပြုနိုင်မယ့်အချက်များ

၇။ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြသပါ

အမှန်အတိုင်းပြောရရင် presentation ဆိုတာအသက်ပါပဲ၊ သင့် brand ဟာ သင့် presentation ကောင်းသလောက်ပဲ လူသိမှာဖြစ်ပါတယ်။ ထုတ်ကုန်ကအရမ်းကောင်းနေပြီး presentation မကောင်းရင် ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင်ဟာ ၀န်ထမ်းတစ်ယောက်ဖြစ်တယ်ဆိုရင်လည်း သင်ဘယ်လောက်အလုပ်လုပ်တယ်ဆိုတာ အရေးကြီးပေမယ့် ဘယ်သူမှမသိဘူးဆိုရင် အသိအမှတ်ပြုခံရမှာမဟုတ်ပါဘူး။
အဲဒီအတွက် သင်လုပ်တဲ့အလုပ်တွေကိုလည်း အထက်လူကြီးတွေကို ပြန်လည်အစီရင်ခံ ပြသနိုင်ဖို့ အရေးကြီးပါတယ်။

၈။ အပြင်များများထွက်ပါ

Brian Wong က တော့ လူငယ်တွေကို အလုပ်စားပွဲပေါ်က ကွန်ပျူတာ ရှေ့မှာပဲအမြဲမနေဖို့ အကြံပေးထားပါတယ်။ အပေါင်းအသင်းမိတ်တွေနဲ့ တွေ့တာ၊အတွေ့အကြုံအသစ်တွေရတာတွေက idea
အသစ်တွေရစေဖို့ အထောက်အကူဖြစ်စေတယ်လို့ သူကဆိုပါတယ်။ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းလေးထဲမှာပဲ နေဖို့ကလွယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကို ပိုမိုနားလည်နိုင်ဖို့ဆိုရင် အပြင်ထွက် လေ့လာမှရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အမြင်ပိုကြယ်လာမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

၉။ ပြတိုက်တွေသွားပါ

ဘ၀နဲ့ အလုပ်အတွက် စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့အတွက် Brian Wong က တော့ သမိုင်းကြောင်းနဲ့ အနုပညာတွေတည်ရှိရာ ပြတိုက်တွေကို သွားရောက်လေ့လာတယ်လို့ဆိုပါတယ်။ ဆန်းတော့ဆန်းပါတယ်။ ပြတိုက်တွေမှာ လူသားတွေရဲ့ အကြီးမားဆုံးအောင်မြင်မှုတွေကို ပြသထားတာကိုတွေ့ရပါတယ်လို့ သူပြောပါတယ်။ ကြီးကြယ် ခမ်းနားတဲ့အရာတွေကို တွေ့ရင်း ခွန်အားတွေရရှိစေပြီးတော့ အကြံဥာဏ်သစ်တွေလည်း ရတယ်လို့ သူကတော့ဆိုပါတယ်။

Source; စီးပွားရေးနည်းဗျူဟာများ
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)