-->
×

Warning

JUser: :_load: Unable to load user with ID: 29


Starbucks ကော်ဖီလုပ်ငန်းကြီးရဲ့ အဓိကပဲ့ကိုင်ရှင် Howard Schultz

Starbucks ကော်ဖီလုပ်ငန်းကြီးရဲ့ အဓိကပဲ့ကိုင်ရှင် Howard Schultz Google

Starbucks ကော်ဖီလုပ်ငန်းကြီးရဲ့စီအီးအိုတစ်ယောက်ဖြစ်တဲ့ Howard Schultz ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ၁၉၅၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Howard ဟာ အသက်(၁၂)နှစ်အရွယ်ကစလို့ အလုပ်ပေါင်းစုံကိုလုပ်ကိုင်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ ဆက်သွယ်ရေးပညာရပ်နဲ့ မြောက်ပိုင်းမီချီဂန်တက္ကသိုလ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့နောက် Xerox ကုမ္ပဏီမှာ အရောင်းမန်နေဂျာအဖြစ် သုံးနှစ်လုပ်ကိုင်ခဲ့ပြီး Starbucks လို ကော်ဖီဆိုင်တွေကို ကော်ဖီကြိတ်စက်အပါအဝင် အခြားအိမ်သုံးပစ္စည်းတွေရောင်းတဲ့ Hamamaplast လို့ခေါ်တဲ့ ဆွီဒင်ကုမ္ပဏီကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။

Hamamaplast ကိုရောက်တဲ့အချိန်မှာ အခြားထင်ရှားအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေထက် လုပ်ငန်းသေးသေးလေးဖြစ်တဲ့ Starbucks ကော်ဖီဆိုင်က ကော်ဖီစက်တွေပိုဝယ်နေတာကို Howard Schultz က သတိထားမိလာခဲ့ပါတယ်။ နောက်ဆုံးအကြောင်းရင်းကို သိလိုစိတ်ပြင်းပြလာတဲ့အတွက် ဆီရက်တယ်မြို့အထိသွားပြီး Starbucks ဆိုင်ရှင်နဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆီရက်တယ်မြို့က Starbucks ကော်ဖီဆိုင်ရဲ့ ကော်ဖီအရသာဟာ Howard Schultz အံ့သြရလောက်အောင်ကောင်းမွန်နေပြီး ချက်ချင်း Starbucks စီးပွားရေးမှာပါဝင်ဖို့အထိ Howard Schultz ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Read More >>>  မိမိရဲ့လုပ်ငန်းကို ကမ္ဘာ့ပထမတန်းစားအဆင့်ဝင်အောင် ထိုးဖောက်တည်ဆောက်ချင်တယ်ဆိုရင်

အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Howard Schultz ဟာ Hamamaplast မှာရနေတဲ့ လစာရဲ့တစ်ဝက်လောက်သာရှိတဲ့လစာနဲ့ Starbucks ရဲ့ မားကတ်တင်းဒါရိုက်တာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် Starbucks ဟာ အနာဂါတ်မှာ သူရဲ့ဘဝအောင်မြင်မှုလမ်းစတစ်ခုဖြစ်လာမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ Howard က Starbuck ရဲ့မီနူးအသစ်မှာ လတ်တေး (Latte) နဲ့ ကာပူချီနို (Cappuccino) ကော်ဖီအမယ်နှစ်မျိုးကို ထပ်တိုးခဲ့ပြီး ဆိုင်ရဲ့ရောင်းအားကို သုံးဆမြင့်တက်စေခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ ကော်ဖီဆိုင်ခွဲတွေဖွင့်ပြီး ကော်ဖီကွန်ရက်တည်ဆောက်ဖို့ Starbuck ရဲ့ စီအီးအိုတွေကို အဆိုပြုခဲ့ပေမယ့် ရှေးရိုးစွဲစီအီးအိုတွေဟာ သူ့ရဲ့အဆိုပြုချက်ကိုပယ်ချခဲ့ပါတယ်။ ဒါပေမယ့် Howard ဟာ သူရဲ့အကြံဥာဏ်ကို ယုံကြည်မှုရှိပြီး အကောင်အထည်ဖော်ဖို့အတွက် အလုပ်ကနေထွက်ခဲ့ပါတယ်။ အဲနောက်ပိုင်း Howard ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ဖို့အတွက် အရင်းအနှီးငွေအမေရိကန်ဒေါ်လာ ၁.၇သန်း လိုအပ်နေပြီး လိုငွေရဲ့တစ်စိတ်တစ်ပိုင်းကို Starbucks ပိုင်ရှင်တွေကချေးခဲ့ပြီး ကျန်တဲ့လိုငွေကို ဘဏ်တစ်ခုကနေချေးခဲ့ပါတယ်။

Howard Schultz ရဲ့ ဆိုင်ဖွင့်တဲ့ ပထမနေ့မှာတင် စားသုံးသူ(၃၀၀)လောက် ဝင်ရောက်ခဲ့တဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ တစ်နှစ်ကြာလို့ Howard ရဲ့ ကော်ဖီဆိုင်က အောင်မြင်မှုတွေ့ရနေပေမယ့် တစ်ဖက်မှာတော့ Starbucks ပိုင်ရှင်တွေဟာ ကြီးထွားလာတဲ့လုပ်ငန်းတွေကိုကောင်းအောင် စီမံခန့်ခွဲနိုင်ခြင်းမရှိတဲ့အတွက် သူတို့ရဲ့ကော်ဖီဆိုင်တွေ၊ ကော်ဖီကြိတ်စက်ရုံတွေနဲ့ အမှတ်တံဆိပ်တွေကို အမေရိကန်ဒေါ်လာ (၄)သန်းနဲ့ ရောင်းချ လာခဲ့ပါတယ်။ ဒီလိုအခွင့်အလမ်းကောင်းကို လက်မလွှတ်သင့်တာကိုသိတဲ့ Howard က ရင်းနှီးမြှုပ်နှံသူတွေစီကနေ ချေးငွေရယူခဲ့ပြီး Starbucks ကို ဝယ်ယူခဲ့ပါတယ်။

အစောဆုံးရင်းနှီးငွေထည့်ခဲ့တဲ့သူတွေထဲမှာ တစ်ယောက်ကတော့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂီတ်ပဲဖြစ်ပါတယ်။ Howard တစ်ယောက် ချေးငွေတွေနဲ့ Starbucks ကုမ္ပဏီကို ဝယ်ယူပြီးနောက် Starbucks ရဲ့ တစ်ဦးတည်းသောပိုင်ရှင်နဲ့မန်နေဂျာ ဖြစ်လာပါတယ်။ Howard က ငါးနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ကော်ဖီဆိုင်ခွဲပေါင်း(၁၂၅)ဆိုင်ဖွင့်လှစ်မယ်လို့ သူ့ရဲ့ငွေရှင်တွေကို ကတိပေးခဲ့ပေမယ့် လက်တွေ့မှာ ၁၉၉၂ ခုနှစ်မတိုင်မီ စီစဉ်ထားတာထက်ပိုပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ် ဧပြီလမတိုင်ခင် အမေရိကန်နိုင်ငံ၌ ဆိုင်ခွဲပေါင်း (၂၄၀၀)ကျော်၊ ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ ကနေဒါတို့မှာ ဆိုင်ခွဲပေါင်း (၃၅၀)ကျာ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၉.၁၆ဘီလီယံ ရှိခဲ့ကာ အသားတင်အမြတ် ၂.၇၆ ဘီလီယံ ရရှိခဲ့ ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လ(၉)ရက်အထိ နိုင်ငံပေါင်း (၇၂)နိုင်ငံမှာ ကော်ဖီဆိုင်ပေါင်း (၂၄၄၆၄)ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့ Howard Schultz ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ အထိရှိလာပြီဖြစ်ပါတယ်။

Credit; Original Writer

 

Read times
Rate this item
(1 Vote)