-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိရဲ့လုပ်ငန်းကို ကမ္ဘာ့ပထမတန်းစားအဆင့်ဝင်အောင် ထိုးဖောက်တည်ဆောက်ချင်တယ်ဆိုရင်

မိမိရဲ့လုပ်ငန်းကို ကမ္ဘာ့ပထမတန်းစားအဆင့်ဝင်အောင် ထိုးဖောက်တည်ဆောက်ချင်တယ်ဆိုရင် Google

မိမိရဲ့စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်မှုရရှိဖို့အတွက် ရည်ရွယ်ချက်တွေထားရှိဖို့လိုပါတယ်။

စီးပွားရေးနဲ့ခေါင်းဆောင်မှု ပညာရှင်တစ်ယောက်ဖြစ်တဲ့ Robin Sharma ပြောတဲ့ အချက်(၇)ချက်ဟာ ရိုးစင်းပေမယ့် လူအများစု သေချာမသိဘဲ လျစ်လျူရှုတတ်တာမို့ သတိပြုမိအောင် မျှဝေလိုက်ပါတယ်။


(၁) ဖောက်သည်တွေရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးပါ။

ဘာလုပ်ငန်းပဲလုပ်လုပ် စားသုံးသူမရှိရင် အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့စားသုံးသူဖြစ်ချင်တဲ့ အိပ်မက်တွေပြည့်ဝအောင် ကိုယ့်ဘက်ကဘယ်လိုကူညီမလဲ၊ ဖြည့်ဆည်းပေးမလဲဆိုတာကို ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ပါ။ ကိုယ်လုပ်ချင်ရာလုပ်မယ် ဖောက်သည်ဘာပဲလိုနေနေ ဂရုမစိုက်ဘူးလို့တွေးမယ်ဆိုရင် တစ်ချိန်ချိန်မှာကျရှုံးတော့မှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ မေးခွန်းတွေမေးကြည့်ပါ။ ဥပမာ ဖောက်သည်တွေရဲ့ အဖြစ်ချင်ဆုံးအရာသုံးခုက ဘာလဲ၊ အရည်အချင်းတွေကို အသုံးပြုပြီးဘယ်လိုဖြည့်ဆည်းပေးမလဲဆိုပြီး ကိုယ့်ကိုယ်ကိုမေးပြီးချရေးပါ။


(၂) အဆင်မပြေမှုတွေကို ဖယ်ရှားပေးပါ။

ဥပမာ ဟိုတယ်လုပ်ငန်းလုပ်တဲ့အခါ အခန်းကညစ်ပတ်နေမယ်၊ အစားအသောက်ကလည်းညံ့ဖျင်းမယ်၊ ကြိုဆိုမှုကလည်းမရှိဘူးဆိုရင် ဘယ်လောက်စိတ်ပျက်စရာကောင်းမလဲ တွေးကြည့်ပါ။ ကိုယ့်စက်ရုံကထုတ်တဲ့ product မှာ ဘယ်လိုအပြစ်အနာအဆာတွေဟာ ဖောက်သည်တွေကိုမကျေမနပ်ဖြစ်စေလဲဆိုတာကို ရှာဖွေရပါမယ်။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်းမှာ ကိုယ့်ဖောက်သည်ကို စိတ်ပျက်ပြီးအဆင်မပြေစေမယ့်အရာတွေကို သေသေချာချာရှာပြီး ဖယ်ရှားပစ်လိုက်ပါ။ အဆင်မပြေတာသိပ်များနေရင်ချရေးထားပြီး တစ်ခုချင်းအချိန်ယူ ဖယ်ရှားရပါလိမ့်မယ်။


(၃) ပျော်ရွှင်မှုတွေကို ဖြည့်တင်းပေးပါ။

ဖောက်သည်တွေကို ပုံသေနည်းနဲ့ရောင်းဝယ်နေလို့ မရပါဘူး။ ဘယ်လိုအချိန်မှာ ဈေးချပေးမလဲ၊ ဘယ် Product ကို ပူးတွဲလက်ဆောင်ပေးမလဲ၊ ဖောက်သည်တွေရဲ့မွေးနေ့မှာ လက်ဆောင်ပို့ပေးပြီး အမှတ်တရဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာတွေကို ပြင်ဆင်ထားရပါမယ်။ အများဆုံးအားပေးတဲ့ဖောက်သည်တွေကို အထူးဆုအနေနဲ့ ဘယ်လိုအသိအမှတ်ပြုရမလဲဆိုတာလည်း အရေးကြီးပါတယ်။ ဒီအချက်တွေထဲက သင့်လျော်တာကို လုပ်ဆောင်မယ်ဆိုရင် ဖောက်သည်တွေက သင့်ဆီမှာအမြဲအားပေးချင်နေပါလိမ့်မယ်။


(၄) အကျိုးရလဒ်နဲ့ တန်ဖိုးထားမှုတွေကို ဖြန်ဖြူးပေးပါ။

ကိုယ့်လုပ်ငန်းရဲ့တန်ဖိုးကို အမြဲစောင့်ကြပ်ကြည့်ရှုပြီး တိုးတက်အောင်လုပ်ရမယ်။ လုပ်ငန်းရဲ့အရည်အသွေးကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ၊ မိမိအပါအဝင် ဝန်ထမ်းတွေရဲ့ အသိပညာတွေတိုးတက်မြင့်မားအောင် ဘာတွေလေ့လာမလဲ၊ တိုးတက်မှုကနေဖောက်သည်တွေဆီကို ကောင်းမွန်တဲ့အရည်အသွေးပြည့်ဝတဲ့ Product ကို ဘယ်လိုဖြန့် ဖြူးမလဲ ပြင်ဆင်ရပါမယ်။ ကိုယ့်လုပ်ငန်းနဲ့အတူတကွ အကျိုးတူပူးပေါင်းလုပ်ဆောင်သူတွေကိုလည်း တိုးတက်အောင်ဘာတွေလုပ်ပေးမလဲ ပြင်ဆင်ရပါမယ်။

Read More>>> စွန့်ဦးတီထွင်သူ Jack Ma ပြောတဲ့ အောင်မြင်မှုရဖို့အတွက် ပြောင်းလဲလိုက်ပါ...
(၅) ကမ္ဘာ့ပထမတန်းစားအဆင့်ဝင်အောင် ဖန်တီးပါ။

လုပ်ငန်းတစ်ခုကို တိုးတက်အောင်လုပ်ရုံနဲ့ မလုံလောက်သေးပါဘူး။ ဘယ်လိုအားနည်ချက်တွေဟာ World class မဖြစ်အောင်ဟန့် တားနေသလဲ၊ ဘယ်လိုပညာရှင်တွေရဲ့ အကူအညီနဲ့ World class ဖြစ်အောင် ဖန်တီးမလဲ
ဝန်ထမ်းတွေရဲ့ဘဝတိုးတက်ကနေ လုပ်ငန်းတစ်ခုလုံး World class ဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ဒီအဖြေတွေကို ရှာဖွေရပါလိမ့်မယ်။


(၆) ပီကာဆိုရဲ့အဖွဲ့ အစည်းဖြစ်အောင် ဖန်တီးပါ။

ပီကာဆို အဖွဲ့အစည်းဆိုတာ လုပ်ငန်းနဲ့ဝန်ထမ်းဟန်ချက်ညီအောင် လုပ်ရတာပါ။ လုပ်ငန်းကတော့တိုးတက်လာပါရဲ့ လုပ်နေတဲ့ဝန်ထမ်းတွေက အရည်အချင်းမပြည့်ဝရင် ကျိန်းသေပေါက်ယိုင်လဲသွားမှာဖြစ်ပါတယ်။
မိမိရဲ့ဝန်ထမ်းတွေကို တိုးတက်အောင်မလုပ်နိုင်ရင် အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေနဲ့ အစားထိုးရပါလိမ့်မယ်။ အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေနဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းနဲ့ဆောင်ရွက်မယ်ဆိုရင်
ကျိန်းသေတိုးတက်လာမှာဖြစ်ပါတယ်။


(၇) နိုင်ငံတော်အဆင့်အောင်မြင်မှုထိ တက်လှမ်းပါ။

ပြည်ပက ခမ်းနားကြီးကျယ်တဲ့လုပ်ငန်းတွေကို ကြည့်ပါ။ ကိုယ့်လုပ်ငန်းကောင်းစားဖိုပဲ မကြည့်ပါဘူး။ ကိုယ့်လုပ်ငန်းကို တိုးတက်အောင်လုပ်ရင်း ကိုယ့်နိုင်ငံကောင်းစားဖို့ ဘယ်လိုကူညီမလဲ၊ ကိုယ့်နိုင်ငံသားတွေကောင်းစားဖို့ ဘာတွေပံ့ပိုးပေးမလဲ၊ မိမိရဲ့လုပ်ငန်းကို နိုင်ငံတော်အဆင့်ထိရောက်အောင် ထိုးဖောက်တည်ဆောက်နိုင်မယ်ဆိုရင်တော့ ဘယ်တော့မှအလွယ်တကူ ကျရှုံးတော့မှာမဟုတ်ပါ။

ဒီ အချက် (၇)ချက်ကို အမှန်တကယ်လိုက်နာမယ်ဆိုရင် ကျိန်းသေအောင်မြင်ပြီး အောင်မြင်မှုအရှိန်အဟုန်ကို ထိန်းနိုင်ပါလိမ့်မယ်။

Source; Knowledge

 

Read times
Rate this item
(1 Vote)