-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google+ ကို အနားပေးခဲ့ပြီးနောက် Shoelace ဆိုရှယ်မီဒီယာအသစ်ကိုကြော်ငြာလိုက်တဲ့ Google

Google+ ကို အနားပေးခဲ့ပြီးနောက် Shoelace ဆိုရှယ်မီဒီယာအသစ်ကိုကြော်ငြာလိုက်တဲ့ Google Google

Google ဟာ ဝန်ဆောင်မှုသစ်များ၊ Product သစ်များကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Google ဟာ မကြာသေးမီကာလတုန်းက နှစ်အတန်ကြာရှင်သန်လာခဲ့တဲ့ ဆိုရှယ်မီဒီယာ Google+ ကို အနားပေးခဲ့ပါတယ်။ ဒါပေမယ့် Google ဟာ Google+ ကျရှုံးသွားမှုကြောင့် ဆိုရှယ်မီဒီယာအပေါ် လက်လျှော့ခြင်းမရှိသေးဘဲ နောက်ထပ်ဆိုရှယ်မီဒီယာတစ်ခုကို ကြေညာလာပြန်ပါတယ်။

Google ဟာ Shoelace လို့ အမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာသစ်ကို ကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Google ဟာ Google Buzz ၊ Google Friend Connect ၊ Google+ တို့ ကျဆုံးပြီးနောက် ငါးကြိမ်မြောက်ကြိုးပမ်းမှုအနေဖြင့် Shoelace ကို ကြိုးပမ်းလာခဲ့တာလည်းဖြစ်ပါတယ်။

Google Shoelace မှာ အဓိကစနစ်တစ်ခုကတော့ Tie People Together ဆိုတဲ့စနစ်ဖြစ်ပြီး သင့်ပတ်ဝန်းကျင်အတွင်း ဘယ်လိုပွဲတွေ၊ လှုပ်ရှားမှုတွေရှိတယ်ဆိုတာ အသိပေးမယ့်စနစ်လည်း ဖြစ်ပါတယ်။ Google ကတော့ Shoelace က အသုံးပြုသူများအတွက် Supercharge Your Social Life လို့ ဆိုထားပါတယ်။

Google Shoelace ကို Android နှင့် iOS တို့မှာ ဒေါင်းလော့ခ်ရယူနိုင်ပြီဆိုပေမယ့် နိုင်ငံတိုင်းမှာအသုံးပြုလို့တော့ မရသေးပါဘူး။ လက်ရှိအချိန်မှာ ယင်း App က နယူးယောက်အတွက်အဓိကထား စမ်းသပ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Read More>>> ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၂)

Source; NetGuide Journal

 

Read times
Rate this item
(0 votes)