-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့္ကို ဘီလီယံနာ ျဖစ္ေစနိုင္တဲ့ လုပ္ငန္းမ်ား

သင့္ကို ဘီလီယံနာ ျဖစ္ေစနိုင္တဲ့ လုပ္ငန္းမ်ား google

မီလီယံနာလို႔ ဆိုတဲ့ သန္းႂကြယ္သူေဌး တေယာက္ ျဖစ္ဖို႔ ပ်မ္းမွ် အသက္ကေတာ့ ၃၇ ႏွစ္လို႔ ကမာၻတလႊားက ေဒၚလာ သန္းႂကြယ္ သူေဌးေတြရဲ႕ အသက္ကို အေျခခံ တြက္ခ်က္မႈ အရ သိရပါတယ္။

 

ဒီလိုပဲ ဘီလီယံနာလို႔ ဆိုတဲ့ သန္းတစ္ေထာင္ ႂကြယ္ဝသူ တေယာက္ျဖစ္ဖို႔ ပ်မ္းမွ် အသက္က ၅၁ ႏွစ္ ျဖစ္ပါသတဲ့။ တခ်ိဳ႕ တခ်ိဳ႕ေသာ ဘီလီယံနာေတြ ကေတာ့ ငယ္ငယ္နဲ႔ ဘီလီယံနာ ျဖစ္ၾကတယ္ ေပါ့။

 

ဥပမာ ဒီေန႔ေခတ္ ျပည္တြင္း အသုံးအမ်ားဆုံး လူမႈ ကြန္ရက္စနစ္ ျဖစ္တဲ့ Facebook တည္ေထာင္သူ ဇူကာဘတ္ဆိုရင္ တႏွစ္ အတြင္းမွာတင္ သန္းႂကြယ္သူေဌး မီလီယံနာ ဘဝကေန သန္းတေထာင္ ခ်မ္းသာသူ ဘီလီယံနာ ျဖစ္သြားတယ္ ေပါ့။

 

အခု ေျပာမွာက လက္ရွိ ကမာၻတလႊားက ဘီလီယံနာေတြနဲ႔ ပတ္သက္ၿပီး သိေကာင္းစရာေလးေတြပါ။ ၂၀၁၈ ခုႏွစ္ အတြက္ အသစ္ထြက္ရွိထားတဲ့ Forbes မဂၢဇင္းရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္ ၁၀၀ စာရင္းကို အေျခခံယူ ေဖာ္ျပလိုက္ပါတယ္။

 

Forbes ရဲ႕ ေဖာ္ျပခ်က္ အရေတာ့ ဆယ္စုႏွစ္ တစုၿပီးတိုင္း ဘီလီယံနာ ဦးေရ ၂ ဆေလာက္ထိ တိုးျမင့္လာတာ တခ်က္က ကမာၻမွာ လူခ်မ္းသာ မ်ားလာတယ္ ဆိုတဲ့ အခ်က္ကို ျပေနပါတယ္။

 

လက္ရွိ ကမာၻမွာ မီလီယံနာ ဦးေရ ၁၅ ဒသမ ၂ သန္းထိ ရွိေနၿပီး ဘီလီယံနာ ကေတာ့ ၂၅၀၀ ေလာက္ပဲ ရွိပါေသးတယ္။ စာရင္းနဲ႔ ေဖာ္ျပႏိုင္တာကေတာ့ ၂၁၂၄ ဦးပါ။

 

ဒါဟာ ၂၀၀၇ ခုႏွစ္ အတြင္းက ၈၉၁ ဦးတည္း ရွိရာကေန ဆယ္စုႏွစ္ တစု အတြင္း ၃ ဆ နီးပါး တိုးပြားလာတာပါ။ ပ်မ္းမွ် အေနနဲ႔ေတာ့ ဆယ္စုႏွစ္ တစုတိုင္း ဘီလီယံနာ ၂ ဆ ျမင့္တက္လာမယ္ လို႔ ယူဆရႏိုင္ပါတယ္။

ပ်မ္းမွ် မီလီယံနာ ဘဝကေန ဘီလီယံနာ ဘ၀ ေရာက္ဖို႔ သူေဌးေတြဟာ အခ်ိန္ ၁၄ ႏွစ္ေလာက္ ယူရတယ္ လို႔ ဆိုပါတယ္။ ဒါကလည္း ေဒၚလာ ၁ သန္း ခ်မ္းသာရင္ေတာင္ မီလီယံနာ ျဖစ္ေနၿပီမို႔ သန္း ၁၀၀၀ ခ်မ္းသာဖို႔ ဆိုတာ ခက္ခဲ့လို႔ အခုေလာက္ အခ်ိန္ယူရတာ ျဖစ္ပါတယ္။

 

ဘီလီယံနာ ျဖစ္ေစတဲ့ အမ်ားဆုံး လုပ္ငန္းေတြကေတာ့ ေမာ္ေတာ္ကား ထုတ္လုပ္မႈ၊ တည္ေဆာက္ေရးနဲ႔ အင္ဂ်င္နီယာ၊ ရင္းႏွီးျမႇပ္ႏွံေရး လုပ္ငန္း၊ စြမ္းအင္ထုတ္လုပ္ေရး၊ ဖက္ရွင္နဲ႔ အေရာင္းဆိုင္လုပ္ငန္း၊ ေငြေၾကး ဝန္ေဆာင္မႈ လုပ္ငန္း၊ အစားအေသာက္နဲ႔ အေဖ်ာ္ရမကာ လုပ္ငန္း၊ ကာစီႏိုကဲ့သို႔ တရားဝင္ ေလာင္းကစားလုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္း၊ ကုန္စည္ထုတ္လုပ္ေရး လုပ္ငန္း၊ သတင္းမီဒီယာလုပ္ငန္း၊ သတၱဳတူးေဖာ္ ထုတ္လုပ္ေရး လုပ္ငန္း၊ အဆင့္ျမင့္ အိမ္ရာ လုပ္ငန္း၊ နည္းပညာ လုပ္ငန္းနဲ႔ ဆက္သြယ္ေရး လုပ္ငန္း လုပ္ကိုင္သူေတြဟာ အျမန္ဆုံး မီလီယံနာကေန ဘီလီယံနာေတြ ျဖစ္ေနတယ္ လို႔ ဆိုပါတယ္။

 

ဒီထဲမွာ နည္းပညာ လုပ္ငန္း လုပ္ကိုင္သူေတြက အခ်ိန္ အတိုဆုံးနဲ႔ ဘီလီယံနာ ျဖစ္နိင္ၿပီး ပ်မ္းမွ် ၇ ဒသမ ၃ ႏွစ္ေလာက္ပဲ ေပးရတယ္ လို႔ ဆိုပါတယ္။

 

Facebook မွ dating app လာမည္ အဆိုပါ Dating App တြင္ေၾကာ္ျငာ ခ်င္သူမ်ားၿပားေန

 

ႏိုင္ငံ အလိုက္ မီလီယံနာကေန ဘီလီယံနာ အျဖစ္ အျမန္ဆုံး ႏိုင္ငံေတြမွာေတာ့ မထင္မွတ္ပဲ ႐ုရွက ဦးေဆာင္ေနပါတယ္။ ႐ုရွသား တေယာက္ဟာ ဘီလီယံနာ ျဖစ္ဖို႔ အခ်ိန္ ၉ ႏွစ္ေလာက္ပဲ ေပးရတယ္ လို႔ ပ်မ္းမွ် တြက္ခ်က္ၾကည့္မႈ အရ သိရပါတယ္။

 

အေမရိကန္ေတြက ၁၄ ဒသမ ၁ ႏွစ္၊ ဂ်ပန္က ၁၁ ႏွစ္၊ တ႐ုတ္က ၉ ဒသမ ၉ ႏွစ္၊ စသျဖင့္ ဘီလီယံနာ အမ်ားဆုံး ရွိတဲ့ ႏိုင္ငံေတြမွာ ဘီလီယံနာ ျဖစ္ဖို႔ အခ်ိန္ေပးရမႈ ၾကာျမင့္ကာလေတြ ကြာျခားတာလည္း ေတြ႕ရပါတယ္။

 

ဘီလီယံနာ အမ်ားဆုံး ေမြးထုတ္ေပးႏိုင္တဲ့ တကၠသိုလ္ စာရင္းမွာေတာ့ ဟားဗတ္က ေရွ႕ေျပးေနပါတယ္။

ဟားဗက္ ေက်ာင္းထြက္ တေယာက္က ေက်ာင္းၿပီးလို႔ ပ်မ္းမွ် ၄ ႏွစ္မွာ ဘီလီယံနာ တေယာက္ ျဖစ္လာႏိုင္ေျခ ရွိတယ္ လို႔ လက္ရွိ ဘီလီယံနာေတြနဲ႔ သူတို႔ တက္ခဲ့တဲ့ ေက်ာင္းေတြ အေပၚ အေျခခံ တြက္ခ်က္မႈ အရ သိရပါတယ္။

 

လက္ရွိ ကမာၻေပၚက ဘီလီယံနာ ၂၁၂၄ ဦးထဲမွာ ဦး ၃၀ ပဲ ဘြဲ႕ရ မပါတာပါ။ ၁၀ ဦးက တကၠသိုလ္ တက္ခဲ့တယ္၊ ေက်ာင္းထြက္လိုက္လို႔ ဘြဲ႕မရတာ ျဖစ္ၿပီး က်န္ ၂၀ ဦးက တကၠသိုလ္ လုံး၀ မတက္ခဲ့ဘဲ ခ်မ္းသာေနတာပါ။

အမ်ားစုေသာ ဘီလီယံနာေတြက ဘြဲ႕ရေတြပါ။ ဒီအထဲမွာေတာင္ ဘီလီယံနာ ၁၀၀ တိုင္း ၂၃ ဦးေလာက္ေသာ ၂၃ ရာခိုင္ႏႈန္းက အင္ဂ်င္နီယာနဲ႔ ေက်ာင္းၿပီး ၾကပါတယ္။ ဒါဆိုရင္ေတာ့ အင္ဂ်င္နီယာဘြဲ႕ရေတြက ဘီလီယံနာ၊ လူခ်မ္းသာ ျဖစ္ဖို႔ ႏွာ တဖ်ား သာေနသလိုပါ။

 

လက္ရွိ အခ်မ္းသားဆုံး ဂ်က္ဖ္ဘီဇိုးစ္ (Jeff Bezos) ဆိုရင္ ဘီလီယံ ၉၀ ေလာက္ ခ်မ္းသာတယ္၊ ေနာက္ပိုင္း စာရင္းေတြ အရ သူဟာ ၁၂၄ ဘီလီယံေလာက္ ခ်မ္းသာေနၿပီ လို႔လည္း ဆိုပါတယ္၊ ဂ်က္ဖ္ဘီဇိုးဟာ မီလီယံနာကေန ဘီလီယံနာ ျဖစ္ဖို႔ အခ်ိန္ ၂ ႏွစ္ ေပးခဲ့ရတယ္။

သူ႔ေနာက္က Bill Gates ဆိုရင္လည္း ဘီလီယံ ၉၀ ခ်မ္းသာတယ္၊ ဘီလီယံနာ ျဖစ္လာဖို႔ ၅ ႏွစ္ေပးခဲ့ရတယ္။ Warren Buffett ဆိုရင္ ၈၄ ဘီလီယံ ခ်မ္းသာၿပီး ၂၆ ႏွစ္ အခ်ိန္ေပးခဲ့ရတယ္။

လက္ရွိ ဘီလီယံနာေတြထဲမွာ အျမန္ဆုံး ဘီလီယံနာ ျဖစ္သူကေတာ့ Facebook တည္ေထာင္သူ ဇူကာဘတ္ ျဖစ္ၿပီး ၁ ႏွစ္ အတြင္း ဘီလီယံနာ ျဖစ္ခဲ့တာပါ။

 

<<<unicode>>>

 

သင့်ကို ဘီလီယံနာ ဖြစ်စေနိုင်တဲ့ လုပ်ငန်းများ

========================================================

မီလီယံနာလို့ ဆိုတဲ့ သန်းကြွယ်သူဌေး တယောက် ဖြစ်ဖို့ ပျမ်းမျှ အသက်ကတော့ ၃၇ နှစ်လို့ ကမ္ဘာတလွှားက ဒေါ်လာ သန်းကြွယ် သူဌေးတွေရဲ့ အသက်ကို အခြေခံ တွက်ချက်မှု အရ သိရပါတယ်။

 

ဒီလိုပဲ ဘီလီယံနာလို့ ဆိုတဲ့ သန်းတစ်ထောင် ကြွယ်ဝသူ တယောက်ဖြစ်ဖို့ ပျမ်းမျှ အသက်က ၅၁ နှစ် ဖြစ်ပါသတဲ့။ တချို့ တချို့သော ဘီလီယံနာတွေ ကတော့ ငယ်ငယ်နဲ့ ဘီလီယံနာ ဖြစ်ကြတယ် ပေါ့။

 

ဥပမာ ဒီနေ့ခေတ် ပြည်တွင်း အသုံးအများဆုံး လူမှု ကွန်ရက်စနစ် ဖြစ်တဲ့ Facebook တည်ထောင်သူ ဇူကာဘတ်ဆိုရင် တနှစ် အတွင်းမှာတင် သန်းကြွယ်သူဌေး မီလီယံနာ ဘဝကနေ သန်းတထောင် ချမ်းသာသူ ဘီလီယံနာ ဖြစ်သွားတယ် ပေါ့။

 

အခု ပြောမှာက လက်ရှိ ကမ္ဘာတလွှားက ဘီလီယံနာတွေနဲ့ ပတ်သက်ပြီး သိကောင်းစရာလေးတွေပါ။ ၂၀၁၈ ခုနှစ် အတွက် အသစ်ထွက်ရှိထားတဲ့ Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အခြေခံယူ ဖော်ပြလိုက်ပါတယ်။

 

Forbes ရဲ့ ဖော်ပြချက် အရတော့ ဆယ်စုနှစ် တစုပြီးတိုင်း ဘီလီယံနာ ဦးရေ ၂ ဆလောက်ထိ တိုးမြင့်လာတာ တချက်က ကမ္ဘာမှာ လူချမ်းသာ များလာတယ် ဆိုတဲ့ အချက်ကို ပြနေပါတယ်။

 

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကြော်ငြာမင်းသမီးလေး Ash Barty

 

လက်ရှိ ကမ္ဘာမှာ မီလီယံနာ ဦးရေ ၁၅ ဒသမ ၂ သန်းထိ ရှိနေပြီး ဘီလီယံနာ ကတော့ ၂၅၀၀ လောက်ပဲ ရှိပါသေးတယ်။ စာရင်းနဲ့ ဖော်ပြနိုင်တာကတော့ ၂၁၂၄ ဦးပါ။

 

ဒါဟာ ၂၀၀၇ ခုနှစ် အတွင်းက ၈၉၁ ဦးတည်း ရှိရာကနေ ဆယ်စုနှစ် တစု အတွင်း ၃ ဆ နီးပါး တိုးပွားလာတာပါ။ ပျမ်းမျှ အနေနဲ့တော့ ဆယ်စုနှစ် တစုတိုင်း ဘီလီယံနာ ၂ ဆ မြင့်တက်လာမယ် လို့ ယူဆရနိုင်ပါတယ်။

 

ပျမ်းမျှ မီလီယံနာ ဘဝကနေ ဘီလီယံနာ ဘ၀ ရောက်ဖို့ သူဌေးတွေဟာ အချိန် ၁၄ နှစ်လောက် ယူရတယ် လို့ ဆိုပါတယ်။ ဒါကလည်း ဒေါ်လာ ၁ သန်း ချမ်းသာရင်တောင် မီလီယံနာ ဖြစ်နေပြီမို့ သန်း ၁၀၀၀ ချမ်းသာဖို့ ဆိုတာ ခက်ခဲ့လို့ အခုလောက် အချိန်ယူရတာ ဖြစ်ပါတယ်။

 

ဘီလီယံနာ ဖြစ်စေတဲ့ အများဆုံး လုပ်ငန်းတွေကတော့ မော်တော်ကား ထုတ်လုပ်မှု၊ တည်ဆောက်ရေးနဲ့ အင်ဂျင်နီယာ၊ ရင်းနှီးမြှပ်နှံရေး လုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ရေး၊ ဖက်ရှင်နဲ့ အရောင်းဆိုင်လုပ်ငန်း၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း၊ အစားအသောက်နဲ့ အဖျော်ရမကာ လုပ်ငန်း၊ ကာစီနိုကဲ့သို့ တရားဝင် လောင်းကစားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်း၊ သတင်းမီဒီယာလုပ်ငန်း၊ သတ္တုတူးဖော် ထုတ်လုပ်ရေး လုပ်ငန်း၊ အဆင့်မြင့် အိမ်ရာ လုပ်ငန်း၊ နည်းပညာ လုပ်ငန်းနဲ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေဟာ အမြန်ဆုံး မီလီယံနာကနေ ဘီလီယံနာတွေ ဖြစ်နေတယ် လို့ ဆိုပါတယ်။

 

ဒီထဲမှာ နည်းပညာ လုပ်ငန်း လုပ်ကိုင်သူတွေက အချိန် အတိုဆုံးနဲ့ ဘီလီယံနာ ဖြစ်နိင်ပြီး ပျမ်းမျှ ၇ ဒသမ ၃ နှစ်လောက်ပဲ ပေးရတယ် လို့ ဆိုပါတယ်။

 

နိုင်ငံ အလိုက် မီလီယံနာကနေ ဘီလီယံနာ အဖြစ် အမြန်ဆုံး နိုင်ငံတွေမှာတော့ မထင်မှတ်ပဲ ရုရှက ဦးဆောင်နေပါတယ်။ ရုရှသား တယောက်ဟာ ဘီလီယံနာ ဖြစ်ဖို့ အချိန် ၉ နှစ်လောက်ပဲ ပေးရတယ် လို့ ပျမ်းမျှ တွက်ချက်ကြည့်မှု အရ သိရပါတယ်။

 

အမေရိကန်တွေက ၁၄ ဒသမ ၁ နှစ်၊ ဂျပန်က ၁၁ နှစ်၊ တရုတ်က ၉ ဒသမ ၉ နှစ်၊ စသဖြင့် ဘီလီယံနာ အများဆုံး ရှိတဲ့ နိုင်ငံတွေမှာ ဘီလီယံနာ ဖြစ်ဖို့ အချိန်ပေးရမှု ကြာမြင့်ကာလတွေ ကွာခြားတာလည်း တွေ့ရပါတယ်။

ဘီလီယံနာ အများဆုံး မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ် စာရင်းမှာတော့ ဟားဗတ်က ရှေ့ပြေးနေပါတယ်။

ဟားဗက် ကျောင်းထွက် တယောက်က ကျောင်းပြီးလို့ ပျမ်းမျှ ၄ နှစ်မှာ ဘီလီယံနာ တယောက် ဖြစ်လာနိုင်ခြေ ရှိတယ် လို့ လက်ရှိ ဘီလီယံနာတွေနဲ့ သူတို့ တက်ခဲ့တဲ့ ကျောင်းတွေ အပေါ် အခြေခံ တွက်ချက်မှု အရ သိရပါတယ်။

 

လက်ရှိ ကမ္ဘာပေါ်က ဘီလီယံနာ ၂၁၂၄ ဦးထဲမှာ ဦး ၃၀ ပဲ ဘွဲ့ရ မပါတာပါ။ ၁၀ ဦးက တက္ကသိုလ် တက်ခဲ့တယ်၊ ကျောင်းထွက်လိုက်လို့ ဘွဲ့မရတာ ဖြစ်ပြီး ကျန် ၂၀ ဦးက တက္ကသိုလ် လုံး၀ မတက်ခဲ့ဘဲ ချမ်းသာနေတာပါ။

အများစုသော ဘီလီယံနာတွေက ဘွဲ့ရတွေပါ။ ဒီအထဲမှာတောင် ဘီလီယံနာ ၁၀၀ တိုင်း ၂၃ ဦးလောက်သော ၂၃ ရာခိုင်နှုန်းက အင်ဂျင်နီယာနဲ့ ကျောင်းပြီး ကြပါတယ်။ ဒါဆိုရင်တော့ အင်ဂျင်နီယာဘွဲ့ရတွေက ဘီလီယံနာ၊ လူချမ်းသာ ဖြစ်ဖို့ နှာ တဖျား သာနေသလိုပါ။

 

လက်ရှိ အချမ်းသားဆုံး ဂျက်ဖ်ဘီဇိုးစ် (Jeff Bezos) ဆိုရင် ဘီလီယံ ၉၀ လောက် ချမ်းသာတယ်၊ နောက်ပိုင်း စာရင်းတွေ အရ သူဟာ ၁၂၄ ဘီလီယံလောက် ချမ်းသာနေပြီ လို့လည်း ဆိုပါတယ်၊ ဂျက်ဖ်ဘီဇိုးဟာ မီလီယံနာကနေ ဘီလီယံနာ ဖြစ်ဖို့ အချိန် ၂ နှစ် ပေးခဲ့ရတယ်။

သူ့နောက်က Bill Gates ဆိုရင်လည်း ဘီလီယံ ၉၀ ချမ်းသာတယ်၊ ဘီလီယံနာ ဖြစ်လာဖို့ ၅ နှစ်ပေးခဲ့ရတယ်။ Warren Buffett ဆိုရင် ၈၄ ဘီလီယံ ချမ်းသာပြီး ၂၆ နှစ် အချိန်ပေးခဲ့ရတယ်။

လက်ရှိ ဘီလီယံနာတွေထဲမှာ အမြန်ဆုံး ဘီလီယံနာ ဖြစ်သူကတော့ Facebook တည်ထောင်သူ ဇူကာဘတ် ဖြစ်ပြီး ၁ နှစ် အတွင်း ဘီလီယံနာ ဖြစ်ခဲ့တာပါ။

 

Credit: Businessinsider

Myanmar Advertising Directory 

Read times
Rate this item
(0 votes)