-->
×

Warning

JUser: :_load: Unable to load user with ID: 29


နည်းပညာဆိုင်ရာ အဖွဲ့အစည်းများက နိုင်ငံရေးဆိုင်ရာကြော်ငြာများအား တားဆီးခွင့် သင့် / မသင့်

ဖယ်ရှားခဲ့ပါတယ်။


င်္Facebook ၊ Twitter က သင်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလတ်များကို အတွင်းကျကျ သိနေတာဖြစ်လို့ နိုင်ငံရေး ကြော်ငြာ ကိစ္စ ရပ်တွေ မှာ ပါဝင်ခြင်းမရှိမှု့က သူတို့အတွက် ပိုမို အဆင်ပြေစေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။





 

 






အမေရိကန်နိုင်ငံရဲ့ေ၇ွးကောက်ပွဲကို ၂၀၂၀ ကြာသပတေးနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပါ့မယ်သိရပါတယ်။




 

Unicode >>> 

 

၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက် နှင့်နီးကပ်လာတာနှင့် အမျှ Facebook နှင့် Twitter စတဲ့ နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းများ က အဆိုပါ နိုင်ငံရေးနှင့်သက်ဆိုင်သော ကြော်ငြာများအား
ဖယ်ရှားခဲ့ပါတယ်။

Facebook ၊ Twitter စတဲ့ လူမူ့ကွန်ယက်တွေဟာ သူတို့အနေဖြင့် လူတိုင်းရဲ့ အချက်အလက်များ ကို အသေးစိတ်ကျကျ သိရှိထားသော သူများသာဖြစ်ပါတယ်။
(ဥပမာ - သင်တို့အနေနှင့် Facebook စာမျက်နှာ တွင် ကားလိုချင်တယ်ဟု Status တင်လိုက် ပါက နောက်နေ့သင့် Facebook စာမျက်နှာပေါ်တွင် ကား Showroom ကြော်ငြာများ မြင်ရမည်။
ဒါတင်မက သင့် Facebook မက်ဆင်ဂျာပေါ်တွင် ကားကိစ္စများပြောဆိုပါက သင် Facebook စာမျက်နှာပေါ်တွင် ကားကြော်ငြာများတက်လာလိမ့်မည်)

ၤFacebook ၊ Twitter က သင်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလတ်များကို အတွင်းကျကျ သိနေတာဖြစ်လို့ နိုင်ငံရေး ကြော်ငြာ ကိစ္စ ရပ်တွေ မှာ ပါဝင်ခြင်းမရှိမှု့က သူတို့အတွက် ပိုမို အဆင်ပြေစေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Facebook ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ Mark Zuckerberg က သတင်းထောက်များညီလာခံတစ်ခုမှာ ' 'ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာရှိနေသမျှ , နိုင်ငံရေးသတင်းတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေရှိ
နေသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး ' ဆိုကာ ပြောကြားသွားခဲ့ပြီးသားပါ။

Twitter ၏ CEO ဖြစ်သူ Jack Dorsey မှ ' Internet ပိုင်းဆိုင်ရာကြော်ငြာများနှင့် ပတ်သတ်လို့ ယနေ့ ခေတ်မှာအရေးပါ အရာရောက်လာတာနှင့်အမျှ နိုင်ငံရေးရာ အပိုင်းမှာလဲ အကျိုးသက်ရောက်မူ့ရှိနိုင်သည် '

သူ၏ Twitter စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။

ထို့ပြင် Jack Dorsey သည် သူ၏ Twitter စာမျက်နှာ ပေါ်တွင် ' ကျွန်တော်တို့ Twitter ပေါ် က နိုင်ငံရေးနှင့် သက်ဆိုင်သော ကြော်ငြာများကို ကမ္ဘာနှင့်တစ်ဝှမ်းဖယ်ရှားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်၊
ဘာကြောင့် ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုရင်တော့ အကြောင်းပြချက်လေး အချို့တလေ ကြောင့်ပါ ' ဟုဆိုကာ သူ့ရဲ့ Twitter စာမျက်နှာပေါ်တွင် ထပ်မံရေးသားခဲ့ပါတယ်။

 

Hollywood သရုပ်ဆောင်များနှင့် မအောင်မြင်ခင်က သရုပ်ဆောင်ခဲ့ရသော ကြော်ငြာများ

 

ထိုအချင်းအရာကို Hillary Clinton မှ သူမ၏ Twitter အကောင့်မှ တစ်ဆင့် ' ဒါဟာ ဒီမိုကရေစီခေါင်းစဉ် အောက်မှာရှိတဲ့ အမေရိကန်အပါအဝင် အခြား ကမ္ဘာ့ နိုင်ငံအသီးသီးတွေအနေဖြင့် လုပ်သင့်တဲ့အရာတစ်ခုပဲ '
ဆိုကာ သူမရဲ့ Twitter စာမျက်နှာပေါ်တွင်ရေးသားထားတာတွေ့ရပါသည်။ Hillary Clinton ဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကံဆိုးစွာ Donald Trumps ကို မဲရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ဖြစ်တဲ့ America's political camps ရဲ့ တချို့သတင်းကြော်ငြာများမှာလဲ Ban ခံရတယ်လို့သိရပါတယ်။

အမေရိကန်သမ္မတ Donald Trumps ရဲ့ re-election campaign မှ မန်နေဂျာ ဖြစ်သူ Brad Parscale ရဲ့ ပြောကြားချက်ကတော့ နောက်ထပ်ကြိုးပမ်းမူ့ တစ်ခု မရှိသေးသဖြင့် တိတ်ဆိတ်စွာ နေရအုံးမည်' ဟု ပြောကြားပါသည်။

Twitter မှနိုင်ငံရေးဆိုင်ရာကြော်ငြာများကို အဓိက ဖယ်ရှားရခြင်းအကြောင်းအရာကတော့ ထိုကြော်ငြာများဟာ မဲပေးခြင်းကို လွမ်းမိုးသွားမှာဆိုးလို့ပါတဲ့။

Twitter မှ နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို ဖယ်ရှားဖို့ နိုဝင်ဘာလ ၁၅ ရက်မှာ အချက်ကျကျ အတည်ပြု ချက်ထွက်ရှိလာမှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင်အတည်ပြု ဖယ်ရှားသွားမှာပါ။

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲကို ၂၀၂၀ ကြာသပတေးနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပါ့မယ်သိရပါတယ်။

ဒါထက်သတင်းထူးက Google မှလဲ နိုင်ငံရေးကြော်ငြာ များအား ဖယ်ရှားသွားမယ်ဆိုကာပြောထားတယ်သိရှိရပါတယ်။

တကယ်တန်းလူတွေ အနေ နဲ့ Social Media သုံးတယ်ဆိုတာ စိတ်အပန်းဖြေဖို့ ၊ ဆက်သွယ်ဖို့ ၊ စာ ဖတ်ဖို့ ၊ လေ့လာဆည်းပူးဖို့သာ ဦးတည်ကြတာပါ။
မည်သူကမှ Facebook တွင်နိုင်ငံရေး ဆိုင်ရာ မဲဆွယ်မှု့ကြော်ငြာများကို မြင်ချင်စိတ်ရှိပါ့မလဲ

ဒါကြောင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများက နိုင်ငံရေးဆိုင်ရာကြော်ငြာများအား တားဆီးခွင့် သင့်ပါတယ်။

 

Source from  The Irish Time

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)