-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရန်ကုန်မြို့ရဲ့ Billboard ကြော်ငြာ ဈေးကွက်အကြောင်း

Shinmin Shinmin


 


 


 


 


 


 


 


 


 


 


 


 

Above the line advertising ( ATL Advertising )

 


 

သုံးသပ်ချက်ကို ရေးသားရမည်ဆိုလျင် ယခင် ဆိုရန်ကုန် မြို့ ထဲ တွင် ကြော်ငြာ Billboard များစွာတွေ့ရပါတယ်။

 


 


 

<<< Unicode >>>

 

၂၀၂၀ ခုနှစ်ရဲ့ Billboard ကြော်ငြာ ဈေးကွက်အကြောင်း တစေ့ တစောင်း

-------------------------------------------------------------------------------------------

Advertising လောက ရဲ့ နာမည်ကျော် ပုဂ္ဂိုလ်ကြီး ဖြစ်တဲ့ David Ogilvy ပြောကြား ချက်အရ " ကြော်ငြာ တိုင်းဟာ သင့် Brand နာမည် ရေရှည် တည်တံ့ ခိုင်မြဲ ဖို့ ရင်းနှီးမြှပ်နှံ မှု့ များပါ " ဆိုတဲ့ မှတ်သားဖွယ်စကားစု လေးကို စီးပွားရေး လုပ်သူတိုင်းကြားဖူးနားဝ ရှိကြမယ်ထင်ပါတယ်။

 

တကယ်ပါပဲ ကြော်ငြာ ခြင်းက သင့် စီးပွားရေး ကို လူတွေရဲ့ စိတ်ဝင်စားမှု့ ရရှိအောင် လုပ်ပေးနေတဲ့ မရှိမဖြစ် ဈေး ကွက် မြှင့်တင်ရေး နည်းလမ်းတစ်မျိုး ပါပဲ ။

 

ကြော်ငြာရေး နည်းလမ်းတွေ အများကြီးထဲကမှ Above the line advertising ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Billboard ကြော်ငြာ တွေအကြောင်း ကို သိရသလောက် ရေးသားချင်ပါတယ်။

 

ရန်ကုန် မြို့ ရှိ Billboard တွေအတော်များများ ဟာ မြို့တော်စည်ပင်ပိုင် ဖြစ်ပြီး မြို့တော် စည်ပင်ကို အခွန်ငွေ ကျ သင့် သလောက်ပြန်လည်ပေးဆောင် ရပါသည်။

 

Billboard ကြော်ငြာ များ ဟာ အရွယ်အစား ၊ လူစည်ကားတဲ့ မြို့ လည် နေရာ (သို့ ) လူမစည်ကားတဲ့ နေရာ စသဖြင့် ဈေးနှုန်းကွဲပြားပါသည်။

 

Billboard ကြော်ငြာ ဖို့နေရာတွေကို အုပ်စု ငါးစု ခွဲထားတယ်သိရပြီး ထို အုပ်စု ၅ စု ကို နေရာကောင်း မကောင်းပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။

 

အုပ်စု က ၊ ခ ၊ ဂ ၊ ဃ ၊ င ဆိုတာ ခွဲခြားထားပြီး အုပ်စု က ဆိုသည်မှာ တကယ့်နေရာကောင်းတွေ မြို့လည်ခေါင်တွေမှာ ရှိတဲ့ Billboard နေရာတွေကို ဆိုလိုပါတယ်။

 

အုပ်စု ခ ဆိုတာတော့ အုပ်စု က နေရာတွေလောက်မကောင်းပေမဲ့ နေရာ ကောင်းတွေပါပဲ ။အုပ်စု ဂ ရဲ့ နေရာတွေက အလယ် အလတ် လောက် နေရာတွေကို ဆိုလိုပါတယ်။

 

ထိုနည်းတူစွာပင် အုပ်စု ဃ နှင့် အုပ်စု င ကတော့ လူသိပ်စည်ကား ခြင်းမရှိတဲ့ နေရာတွေကိုဆိုလိုပါတယ်။မည်သည့် အုပ်စု နေရာတွင် မဆို ကြော်ငြာ မည်ဆိုပါ က စပေါ်ငွေ သိန်း ၂၀ ပေးရတယ်လို့သိရပါတယ်။

 

နှစ်အလိုက် ထို Billboard နေရာ အငှား ဈေးနှုန်းတွေကတော့ အုပ်စု က ဆိုရင် သိန်း ၂၅၀ ၊ အုပ်စု ခ ဆိုရင် သိန်း ၁၈၀ ၊ အုပ်စု ဂ ဆိုရင် ၁၃၅ သိန်း ၊ အုပ်စု ဃ ဆိုရင် သိန်း ၁၀၀ နဲ့ အုပ်စု င ဆိုရင် သိန်း ၅၀ အသီးသီး ကျသင့်ပါတယ်။

 

Super Bowl ရဲ့ အပျံစားကြော်ငြာများ ( Part 1 )

 

ထိုနှုန်းထားများ မှာ တစ်နှစ်စာ အတွက် ဖြစ်ပြီး လ အလိုက်ဆို ပါက ဈေးနှုန်းထက်မံ ကွဲပြားပါသေးသည်။ကြော်ငြာ ချင်တဲ့ လူများ အနေနှင့် ဦးရာလူ စနစ်ဖြစ်ပြီး နေရာကောင်းကြော်ငြာ ချင်ပါက စောလျင်စွာ မျက်ခြေပြက်မခံ မှသာလျင်နေရာကောင်းကြော်ငြာ နိုင်မယ်သိရပါတယ်။

 

အဆိုပါ Billboard တွေ အတော်များများကို ကြော်ငြာ အေဂျင်စီတွေက ကန်ထရိုက်ယူ ထားပြီး လ အတိုအလိုက် ပြန်လည်ငှားရမ်းတာ မျိုး လည်းရှိတယ်လို့ သိရပါတယ်။

 

သူတို့ ဆီမှာ ပဲ တစ်ခါတည်း ဒီဇိုင်းပါအပ်ရင်း အပြီး အစီးပေါ့။ဒါ့ ထက် အဆောက်အအုံတွေရဲ့ ဘေး နံရံတွေမှာကြော်ငြာ ချင်သူများ အတွက် ၁ ပေလျင်၂၅၀၀၀ ကျပ်ခန့် အခွန်ငွေပေးချေရတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

 

သုံးသပ်ချက်ကို ရေးသားရမည်ဆိုလျင် ယခင် ဆိုရန်ကုန် မြို့ ထဲ တွင် ကြော်ငြာ Billboard များစွာတေ့ွရပါတယ်။

 

ယနေ့ ခေတ်ကြီး မှာ လူတွေရဲ့စီးပွားရေးလုပ်ငန်းတွေကျပ်တည်းလာတာက တစ်ကြောင်း Digital ဘက်ကို Trend ပြောင်းလဲ လာတာက တစ်ကြောင်း ယခင်နှစ်များကလိုတော့ သိသိ သာသာ Billboard တွေမတွေ့ရတော့ပါဘူး

 

ဒါပေမဲ့ လည်း Above the line advertising ရဲ့ သဘော တရား အရ ကိုယ့် Brand ကို လူတွေသိစေရန် ယုံကြည်စေ ရန် Brand တည်ဆောက်တဲ့ စီးပွားရေး သမားတွေကတော့ Billboard တွေနဲ့ ကြော်ငြာနေဆဲပါပဲ။

 

Myanmar Advertising Directory  

Read times
Rate this item
(0 votes)