-->
×

Warning

JUser: :_load: Unable to load user with ID: 29


Coronavirus အခက္အခဲေတြေၾကာင့္ လမယ့္လအနည္းငယ္အတြင္း WPPရဲ႕ ၀န္ထမ္းေတြအားလံုးကို အိမ္မွ အလုပ္လုပ္ရန္ ႏွိုးေဆာ္

WHOမွ Coronavirusကို ကမ႓ာ့ကပ္ေရာဂါလို႔ ေၾကညာလိုက္တဲ့အခါ လူေတြရဲ႕ အေၾကာက္တရားဟာပိုမိုႀကီးထြားလာၾကပါတယ္။ထို႔အျပင္ႏိုင္ငံတိုင္းလိုလို ေရာဂါပ်ံ႕ႏွံ့မႈဟာ တိုးပြားလာပါတယ္။

ထိုcoronavirus ျဖစ္ပြားေနမႈေၾကာင့္ ကမာၻတစ္ဝွမ္းရွိ WPP ၀န္ထမ္းမ်ားအားလံုးကို အိမ္မွ“ တတ္ႏိုင္သေလာက္” အလုပ္လုပ္ရန္ေတာင္းဆိုခဲ့ပါတယ္။မတ္လ၁၄ရက္ စေနေန႔က ၀န္ထမ္း ၁၀၀၀၀၀ေက်ာ္ကို အသိေပးခဲ့တဲ့
စာမွာေတာ့ ကုမၸဏီရဲ႕ CEO Mark Readက ကၽြန္ေတာ္တို႔က ရံုးကို စီးပြားေရးအရ ဆက္လက္ဖြင့္သြားမွာပါ
ဒါေပမယ့္ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြေၾကာင့္ ရံုးမွာ လူစုလူေ၀းပမာဏကို ေလ်ာ့ခ်ဖို႔စီစဥ္လိုက္တာပဲျဖစ္ပါတယ္။

 

စကၤာပူျပည္သူေတြအတြက္ ပံုစံအသစ္နဲ႕ ေရာက္ရွိလာတဲ့ Heinekenရဲ႕ Public Fridge

 

Mark Readက "COVID-19 သည္ကြၽႏ္ုပ္တို႔ရဲ႕ဘဝေတြကို ထိပါးလာပါၿပီ။ ဒီမၿငိမ္မသက္ျဖစ္ေနတဲ့အခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ အဓိက ဦးစားေပး လုပ္ေဆာင္ရမယ့္အရာက ဗိုင္းရပ္စ္ပိုးသက္ေရာက္မႈေတြ ကြၽန္ေတာ္တို႔ လူမႈအသိုင္းအဝိုင္းအေပၚ ေလ်ာ့နည္းလာေစရန္ အတတ္ႏိုင္ဆုံးလုပ္ေဆာင္ျခင္းပဲျဖစ္ပါတယ္။

အစိုးရမ်ား၊သိပၸံပညာရွင္မ်ားနဲ႕ ေဆးဘက္ဆိုင္ရာအႀကံေပးမ်ားက ကုမၸဏီေတြကို
၁။ပို႔ေဆာင္ဆက္သြယ္ေရးေတြကို အကန္႕အသတ္နဲ႕ ဒါမွမဟုတ္ ျဖည္းျဖည္းခ်င္းလုပ္ေဆာင္ရန္
၂။စီးပြားေရးလမ္းေၾကာင္းနဲ႕ ၀န္ထမ္းေတြကို ဆက္ထိန္းသိမ္းထားရန္
စတဲ့အခ်က္ႏွစ္ခ်က္ လုပ္ေဆာင္ရန္ ေတာင္းဆိုပါတယ္။ဒါမွ လူမႈအဖြဲ႕အစည္းေတြဟာ အသက္၀င္လည္ပတ္လာမွာ ျဖစ္ၿပီး ဗိုင္းရပ္စ္ ပ်ံ႕ႏွံ့မႈကို ထိန္းသိမ္းထားႏိုင္မွာျဖစ္ပါတယ္။

Leadershipကလည္း စီးပြားေရးခရီးသြားလာျခင္းကို ကန႔္သတ္ထားပါတယ္။ကုမၸဏီမွ CEO မ်ားရဲ႕ခြင့္ျပဳခ်က္မရွိဘဲ ျပည္တြင္းႏွင့္ႏိုင္ငံတကာ စီးပြားေရးေလေၾကာင္း ခရီးစဥ္ေတြသံုးလို႔မရပါဘူး။တကယ့္ ႁခြင္းခ်က္အေျခအေနေတြကလြဲၿပီး ခြင့္ျပဳခ်က္ကို ျငင္းပယ္လို႔၊ေတာင္းဆိုလို႔ရပါတယ္။

အီတလီနဲ႕ တ႐ုတ္ႏိုင္ငံတြင္ အလုပ္ရဲ႕ အိမ္နဲ႕ပက္သက္ေသာထုတ္ျပန္ခ်က္အသစ္ ႏွင့္ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္မ်ားကို ႐ုံးတင္စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ၀န္ထမ္းမ်ားအေနျဖင့္ အေဝး(အိမ္) မွအလုပ္လုပ္ ရျခင္းျဖစ္ပါတယ္။

COVID-19အေျခအေနေၾကာင့္ Google, Ford ႏွင့္ Unilever အပါအ၀င္ WPP ရဲ႕ အႀကီးမားဆုံးေဖာက္သည္အခ်ိဳ႕သည္ Home Policy အရ အိမ္မွအလုပ္လုပ္ရန္ ေရႊ႕ဆိုင္းၾကရပါတယ္။

"လာမယ့္လ အနည္းငယ္ဟာ ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ ဒီအေျခအေနကို အတူတကြရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔
ကၽြန္ေတာ္တို႔ရဲ႕စြမ္းရည္ကို ကၽြန္ေတာ္တို႔ယုံၾကည္ပါတယ္" Mark Readက လုပ္ေဖာ္ကိုင္ဖက္မ်ားကို ကူညီေထာက္ပံ့ျခင္းက အေရးပါတယ္ဆိုတာကို အေလးေပးေျပာၾကားခဲ့ၿပီး ၀န္ထမ္းမ်ားရဲ႕ အခက္အခဲမ်ားကို သူနဲ႕ကိုယ္ေရးကိုယ္တာအရ အဆက္အသြယ္ျပဳလုပ္ရန္အားေပးခဲ့ပါတယ္။

CEO Mark Readက "ကၽြန္ေတာ္တို႔က ကၽြန္ေတာ္တို႔ရဲ႕သူငယ္ခ်င္းေတြ၊ မိသားစုေတြကို စိုးရိမ္ေနၾကတာခ်င္းအတူတူပါပဲ ၿပီးေတာ့ အိမ္မွာျဖစ္ျဖစ္ အေ၀းမွာ အလုပ္လုပ္ကိုင္ျခင္းက စိန္ေခၚမႈတစ္ခု၊စိတ္ေမာစရာ အရာတစ္ခုျဖစ္တယ္။ခင္ဗ်ားရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြ အဆင္ေျပေခ်ာေမြ႕ေအာင္လုပ္ေပးပါလို႔ ခင္ဗ်ားတို႔ကိုေတာင္းဆိုခ်င္ပါတယ္ သူတို႔ေတြကိုဂ႐ုစိုက္ပါ။ေသးငယ္တဲ့လုပ္ေဆာင္မွဳ အမူအရာေလးတစ္ခုက ဒီအခ်ိန္မွာ အဓိပၸာယ္ေတြအမ်ားႀကီးျဖစ္ေစပါတယ္။ဒါ့ေၾကာင့္ တစ္ေယာက္ကို တစ္ေယာက္ေစာင့္ေရွာက္ၾကပါ။"

"ဒါဟာအေရးႀကီးပါတယ္ ၿပီးေတာ့ ထူးျခားကြဲျပားတဲ့ အရာေတြျဖစ္ေပၚေစမွာပါ။အကယ္လို႔ ခင္ဗ်ားမွာ
နားမလည္တာ မရွင္းတာေတြရွိလို႔ ေမးခ်င္ရင္ ကၽြန္ေတာ္တို႔ကုမၸဏီရဲ႕ Leadership ဒါမွမဟုတ္ လူထုအဖြဲ႕ ဒါမွမဟုတ္ ကၽြန္ေတာ့္ဆီကို ပြင့္ပြင့္လင္းလင္းတိုက္႐ိုက္ေရးၿပီး တင္ျပႏိုင္ပါတယ္။"လို႔ေျပာသြားခဲ့ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

Coronavirus အခက်အခဲတွေကြောင့် လမယ့်လအနည်းငယ်အတွင်း WPPရဲ့ ဝန်ထမ်းတွေအားလုံးကို အိမ်မှ အလုပ်လုပ်ရန် နှိုးဆော်

WHOမှ Coronavirusကို ကမ္ဘာ့ကပ်ရောဂါလို့ ကြေညာလိုက်တဲ့အခါ လူတွေရဲ့ အကြောက်တရားဟာပိုမိုကြီးထွားလာကြပါတယ်။ထို့အပြင်နိုင်ငံတိုင်းလိုလို ရောဂါပျံ့နှံ့မှုဟာ တိုးပွားလာပါတယ်။

ထိုcoronavirus ဖြစ်ပွားနေမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ WPP ဝန်ထမ်းများအားလုံးကို အိမ်မှ“ တတ်နိုင်သလောက်” အလုပ်လုပ်ရန်တောင်းဆိုခဲ့ပါတယ်။မတ်လ၁၄ရက် စနေနေ့က ဝန်ထမ်း ၁၀၀၀၀၀ကျော်ကို အသိပေးခဲ့တဲ့
စာမှာတော့ ကုမ္ပဏီရဲ့ CEO Mark Readက ကျွန်တော်တို့က ရုံးကို စီးပွားရေးအရ ဆက်လက်ဖွင့်သွားမှာပါ
ဒါပေမယ့် အစိုးရရဲ့ ထုတ်ပြန်ချက်တွေကြောင့် ရုံးမှာ လူစုလူဝေးပမာဏကို လျော့ချဖို့စီစဉ်လိုက်တာပဲဖြစ်ပါတယ်။

Mark Readက "COVID-19 သည်ကျွန်ုပ်တို့ရဲ့ဘဝတွေကို ထိပါးလာပါပြီ။ ဒီမငြိမ်မသက်ဖြစ်နေတဲ့အချိန်တွေမှာ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့်အရာက ဗိုင်းရပ်စ်ပိုးသက်ရောက်မှုတွေ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းအပေါ် လျော့နည်းလာစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

 

ကိုရိုနာ ရောဂါ ဖြစ်ပွါးစဉ်ကုန်ပစ္စည်းနှုန်းထားကို ထိန်းချုပ်လိုက်တဲ့ ဒိန်းမတ်မှ စူပါမားကတ်

 

အစိုးရများ၊သိပ္ပံပညာရှင်များနဲ့ ဆေးဘက်ဆိုင်ရာအကြံပေးများက ကုမ္ပဏီတွေကို
၁။ပို့ဆောင်ဆက်သွယ်ရေးတွေကို အကန့်အသတ်နဲ့ ဒါမှမဟုတ် ဖြည်းဖြည်းချင်းလုပ်ဆောင်ရန်
၂။စီးပွားရေးလမ်းကြောင်းနဲ့ ဝန်ထမ်းတွေကို ဆက်ထိန်းသိမ်းထားရန်
စတဲ့အချက်နှစ်ချက် လုပ်ဆောင်ရန် တောင်းဆိုပါတယ်။ဒါမှ လူမှုအဖွဲ့အစည်းတွေဟာ အသက်ဝင်လည်ပတ်လာမှာ ဖြစ်ပြီး ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

Leadershipကလည်း စီးပွားရေးခရီးသွားလာခြင်းကို ကန့်သတ်ထားပါတယ်။ကုမ္ပဏီမှ CEO များရဲ့ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းနှင့်နိုင်ငံတကာ စီးပွားရေးလေကြောင်း ခရီးစဉ်တွေသုံးလို့မရပါဘူး။တကယ့် ခြွင်းချက်အခြေအနေတွေကလွဲပြီး ခွင့်ပြုချက်ကို ငြင်းပယ်လို့၊တောင်းဆိုလို့ရပါတယ်။

အီတလီနဲ့ တရုတ်နိုင်ငံတွင် အလုပ်ရဲ့ အိမ်နဲ့ပက်သက်သောထုတ်ပြန်ချက်အသစ် နှင့်ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ရုံးတင်စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဝန်ထမ်းများအနေဖြင့် အဝေး(အိမ်) မှအလုပ်လုပ် ရခြင်းဖြစ်ပါတယ်။

COVID-19အခြေအနေကြောင့် Google, Ford နှင့် Unilever အပါအဝင် WPP ရဲ့ အကြီးမားဆုံးဖောက်သည်အချို့သည် Home Policy အရ အိမ်မှအလုပ်လုပ်ရန် ရွှေ့ဆိုင်းကြရပါတယ်။

"လာမယ့်လ အနည်းငယ်ဟာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဒီအခြေအနေကို အတူတကွရင်ဆိုင်ဖြေရှင်းနိုင်ဖို့
ကျွန်တော်တို့ရဲ့စွမ်းရည်ကို ကျွန်တော်တို့ယုံကြည်ပါတယ်" Mark Readက လုပ်ဖော်ကိုင်ဖက်များကို ကူညီထောက်ပံ့ခြင်းက အရေးပါတယ်ဆိုတာကို အလေးပေးပြောကြားခဲ့ပြီး ဝန်ထမ်းများရဲ့ အခက်အခဲများကို သူနဲ့ကိုယ်ရေးကိုယ်တာအရ အဆက်အသွယ်ပြုလုပ်ရန်အားပေးခဲ့ပါတယ်။

CEO Mark Readက "ကျွန်တော်တို့က ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေကို စိုးရိမ်နေကြတာချင်းအတူတူပါပဲ ပြီးတော့ အိမ်မှာဖြစ်ဖြစ် အဝေးမှာ အလုပ်လုပ်ကိုင်ခြင်းက စိန်ခေါ်မှုတစ်ခု၊စိတ်မောစရာ အရာတစ်ခုဖြစ်တယ်။ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တွေ အဆင်ပြေချောမွေ့အောင်လုပ်ပေးပါလို့ ခင်ဗျားတို့ကိုတောင်းဆိုချင်ပါတယ် သူတို့တွေကိုဂရုစိုက်ပါ။သေးငယ်တဲ့လုပ်ဆောင်မှု အမူအရာလေးတစ်ခုက ဒီအချိန်မှာ အဓိပ္ပာယ်တွေအများကြီးဖြစ်စေပါတယ်။ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ကြပါ။"

"ဒါဟာအရေးကြီးပါတယ် ပြီးတော့ ထူးခြားကွဲပြားတဲ့ အရာတွေဖြစ်ပေါ်စေမှာပါ။အကယ်လို့ ခင်ဗျားမှာ
နားမလည်တာ မရှင်းတာတွေရှိလို့ မေးချင်ရင် ကျွန်တော်တို့ကုမ္ပဏီရဲ့ Leadership ဒါမှမဟုတ် လူထုအဖွဲ့ ဒါမှမဟုတ် ကျွန်တော့်ဆီကို ပွင့်ပွင့်လင်းလင်းတိုက်ရိုက်ရေးပြီး တင်ပြနိုင်ပါတယ်။"လို့ပြောသွားခဲ့ပါတယ်။

 

Reference Source: Campaign US

Myanmar Advertising Directory

Read times
Rate this item
(0 votes)