-->
×

Warning

JUser: :_load: Unable to load user with ID: 29


Coronavirus ပ်ံ႕ႏွံ့မႈေၾကာင့္ ေၾကာ္ျငာအသံုးစရိတ္မ်ား ေဒၚလာ ၃ဘီလီယံထိ ေလ်ာ့က်ႏိုင္

Coronavirus ကူးစက္မႈသည္ ၂၀၂၀ ခုႏွစ္တြင္ ေၾကာ္ျငာနဲ႕ ေစ်းကြက္အသုံးစရိတ္မ်ားမွေဒၚလာ ၃ ဘီလီယံအထိေလွ်ာ့ခ်ႏိုင္ေၾကာင္း အစီရင္ခံစာသစ္တစ္ခုအရ သိရပါတယ္။

ထိုအစီရင္ခံစာ ေရးသားသူျဖစ္ၿပီး ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားကတည္းက ေၾကာ္ျငာအသုံးစရိတ္
ေစ်းကြက္ကိုေျခရာခံခဲ့ေသာ Jack Myers က“ ဒါဟာ တစ္ကမာၻလုံးဆိုင္ရာ လူ႔ေဘးအႏၲရာယ္ပဲ ၿပီးေတာ့ ကုမၸဏီတိုင္းကို အက်ိဳးသက္ေရာက္ေစတယ္။"လို႔ေျပာသြားပါတယ္။

Myers က COVID-19 ျဖစ္ပြားမႈရဲ႕ ေၾကာ္ျငာအသုံးစရိတ္အေပၚ သက္ေရာက္မႈ နဲ႕ပတ္သက္ေသာ ခန႔္မွန္းခ်က္အသစ္ တစ္ခုကို တနလၤာေန႔က ထုတ္ျပန္ခဲ့ပါတယ္။
သူ့ရဲ႕ ယခင္ခန႔္မွန္းခ်က္က ေဒၚလာ ၁ ဘီလီယံ အထိထိုးတက္သြားၿပီး Broadway ကိုပိတ္ဆို႔ျခင္း ကဲ့သို႔ေသာ
စက္မႈလုပ္ငန္းတစ္ခုလုံးသို႔ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔လာမႈေၾကာင့္ ေဒၚလာ ၃ ဘီလီယံနီးပါး ေလ်ာ့နည္းသြားႏိုင္ပါတယ္။
လြန္ခဲ့တဲ့တစ္ပတ္က အဆိုးဆုံးျမင္ကြင္းေတြ ကြၽန္ေတာ္ျမင္ခဲ့ရလို႔ အခုကၽြန္ေတာ္ အျဖစ္ႏိုင္ဆုံး အေျခအေနကို
ခန့္မွန္းလိုက္တာပါ လို႔ Myers က Media Ink သို႔ေျပာၾကားခဲ့ပါတယ္။

 

ကို႐ိုနာ ေရာဂါ ျဖစ္ပြါးစဥ္ကုန္ပစၥည္းႏႈန္းထားကို ထိန္းခ်ဳပ္လိုက္တဲ့ ဒိန္းမတ္မွ စူပါမားကတ္

 

Coronavirus ေၾကာင့္ လက္လီအေရာင္းဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားနဲ႕ ေဖ်ာ္ေျဖေရးေနရာမ်ား မပိတ္မီက Myersသည္ ၂၀၁၉ ခုႏွစ္တြင္ ၆.၂ ရာခိုင္ႏႈန္းတိုးတက္လာခဲ့ျခင္းေၾကာင့္ ယခုႏွစ္ ၂၀၂၀မွာ အေမရိကန္တြင္
ေၾကာ္ျငာနဲ႕ေစ်းကြက္ရွာေဖြေရး အတြက္ ေဒၚလာ ၂၂၇ဘီလီယံ သုံးစြဲမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

ေဒၚလာ ၃ ဘီလီယံက်ဆင္းမႈေၾကာင့္ ေဒၚလာ ၂၂၄ ဘီလီယံသို႔ေရာက္ရွိျခင္းက ယခင္ခန႔္မွန္းခ်က္ထက္
၁ ရာခိုင္ႏႈန္းက်ဆင္းတယ္လို႔ဆိုလိုပါတယ္။ေၾကာ္ျငာနဲ႕ ေစ်းကြက္အသုံးစရိတ္က လြန္ခဲ့တဲ့တစ္ႏွစ္ကေလာက္
မျဖစ္ေပမယ့္ ၄.၈ ရာခိုင္ႏႈန္းျဖစ္ႏိုင္ေသးတယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

နာမည္ႀကီး မီဒီယာမ်ားရဲ႕ ေၾကာ္ျငာေတြက တစ္ႏွစ္လွ်င္ တစ္ ရာခိုင္ႏႈန္းတိုးတက္လာတာကို ေတြ႕ေနရသလို
တစ္ဖက္မွာလည္း Facebook ႏွင့္ Snap တို႔ရဲ႕ ပလက္ေဖာင္းမ်ားမွ ဆိုရွယ္မီဒီယာရဲ႕ ေၾကာ္ျငာအသုံးစရိတ္က
ေဒၚလာ ၃၀.၈ ဘီလီယံအထိ ျမင့္တက္လာတာကို ေတြ႕ရပါတယ္ လို႔ Myers ကေျပာၾကားခဲ့ပါတယ္။

Coronavirus ေၾကာင့္ လူေတြကို အိမ္မွာေနဖို႔ တြန္းအား ပိုေပးၿပီး အခ်ိန္ျဖဳန္းေစတာနဲ႕အညီ Hulu, Pluto, Roku နဲ႔ Direct TV တို႔လို ဗီဒီယိုပလက္ေဖာင္းေတြမွာ ေၾကာ္ျငာအသုံးစရိတ္ဟာ ၄၂ ရာခိုင္ႏႈန္း၊ ေဒၚလာ ၂.၆ ဘီလီယံအထိ တိုးလာတာကိုေတြ႕ရၿပီး ၄င္းရဲ႕ pre-Coronavirus ႀကိဳတင္ခန႔္မွန္းခ်က္က ၃၈ ရာခိုင္ႏႈန္းအထိ တိုးတက္ခဲ့ပါတယ္။

Broadcast TV သည္ ႏို၀င္ဘာလ သမၼတေ႐ြးေကာက္ပြဲ မတိုင္ခင္အထိ ႏိုင္ငံေရးေၾကာ္ျငာမ်ား နဲ႕ အိုလံပစ္ဂိမ္းပြဲမ်ားေၾကာင့္ ေၾကာ္ျငာအသုံးစရိတ္မ်ား ျမင့္တက္လာတာကို အမွန္တကယ္ေတြ႕ျမင္ရၿပီး network TVေၾကာ္ျငာမ်ား ေရာင္းအား ၄ ရာခိုင္ႏႈန္း (သို႔) ေဒၚလာသန္း ၁၀၀ အထိျမင့္တက္လာတာကို Myersက ေတြ႕ခဲ့ရပါတယ္။

ေႏြရာသီအိုလံပစ္ဂိမ္းပြဲကလည္း ဗိုင္းရပ္စ္ေၾကာင့္ ဖ်က္သိမ္းႏိုင္ပါတယ္။ၿပီးေတာ့ အားကစားအစီအစဥ္ေတြကလည္းရပ္ဆိုင္းထားရပါေသးတယ္။

အကယ္၍ လူႀကိဳက္မ်ားေသာ ဇာတ္လမ္းတြဲေတြကို ထုတ္လုပ္မႈ ရပ္တန႔္ျခင္း နဲ႕ ျပၿပီးသားေတြျပန္ ျပသျခင္း စတဲ့စနစ္ေတြကို အသုံးျပဳရန္ ႀကိဳးပမ္းပါက ေၾကာ္ျငာအသုံးစရိတ္ ေလ်ာ့နည္းလာမွာ ကိုေတြ႕ရမွာပါ။

Myers က coronavirus မတိုင္ခင္က Cableအတြက္ ၃.၃ ရာခိုင္ႏႈန္းက်လိမ့္မယ္လို႔ ႀကိဳခန႔္မွန္းထားခဲ့ပါသည္။ ဒါေပမယ့္ အခုအေျခအေန အရ သူက ေဒၚလာ ၈၀၀ မီလီယံမွေဒၚလာ ၂၇ ဘီလီယံအထိ ၆ ရာခိုင္ႏႈန္းက်ဆင္းလိမ့္မယ္ လို႔ခန႔္မွန္းလိုက္ပါတယ္။

Myersက ဒစ္ဂ်စ္တယ္သတင္းWebsite ေၾကာ္ျငာအတြက္ ၃ ရာခိုင္ႏႈန္းက်ဆင္းေနတာကို သိေသာ္လည္း Coronavirusက သတင္းစာေၾကာ္ျငာသုံးစြဲမႈကို အမွန္တကယ္ ကူညီႏိုင္လိမ့္မယ္ လို႔ေျပာၾကားသြားခဲ့ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

Coronavirus ပျံ့နှံ့မှုကြောင့် ကြော်ငြာအသုံးစရိတ်များ ဒေါ်လာ ၃ဘီလီယံထိ လျော့ကျနိုင်

Coronavirus ကူးစက်မှုသည် ၂၀၂၀ ခုနှစ်တွင် ကြော်ငြာနဲ့ ဈေးကွက်အသုံးစရိတ်များမှဒေါ်လာ ၃ ဘီလီယံအထိလျှော့ချနိုင်ကြောင်း အစီရင်ခံစာသစ်တစ်ခုအရ သိရပါတယ်။

ထိုအစီရင်ခံစာ ရေးသားသူဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက ကြော်ငြာအသုံးစရိတ်
ဈေးကွက်ကိုခြေရာခံခဲ့သော Jack Myers က“ ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လူ့ဘေးအန္တရာယ်ပဲ ပြီးတော့ ကုမ္ပဏီတိုင်းကို အကျိုးသက်ရောက်စေတယ်။"လို့ပြောသွားပါတယ်။

Myers က COVID-19 ဖြစ်ပွားမှုရဲ့ ကြော်ငြာအသုံးစရိတ်အပေါ် သက်ရောက်မှု နဲ့ပတ်သက်သော ခန့်မှန်းချက်အသစ် တစ်ခုကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့ ယခင်ခန့်မှန်းချက်က ဒေါ်လာ ၁ ဘီလီယံ အထိထိုးတက်သွားပြီး Broadway ကိုပိတ်ဆို့ခြင်း ကဲ့သို့သော
စက်မှုလုပ်ငန်းတစ်ခုလုံးသို့ ဗိုင်းရပ်စ်ပျံ့နှံ့လာမှုကြောင့် ဒေါ်လာ ၃ ဘီလီယံနီးပါး လျော့နည်းသွားနိုင်ပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်က အဆိုးဆုံးမြင်ကွင်းတွေ ကျွန်တော်မြင်ခဲ့ရလို့ အခုကျွန်တော် အဖြစ်နိုင်ဆုံး အခြေအနေကို
ခန့်မှန်းလိုက်တာပါ လို့ Myers က Media Ink သို့ပြောကြားခဲ့ပါတယ်။

 

Coronavirus အခက်အခဲတွေကြောင့် လမယ့်လအနည်းငယ်အတွင်း WPPရဲ့ ဝန်ထမ်းတွေအားလုံးကို အိမ်မှ အလုပ်လုပ်ရန် နှိုးဆော်

 

Coronavirus ကြောင့် လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနဲ့ ဖျော်ဖြေရေးနေရာများ မပိတ်မီက Myersသည် ၂၀၁၉ ခုနှစ်တွင် ၆.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းကြောင့် ယခုနှစ် ၂၀၂၀မှာ အမေရိကန်တွင်
ကြော်ငြာနဲ့ဈေးကွက်ရှာဖွေရေး အတွက် ဒေါ်လာ ၂၂၇ဘီလီယံ သုံးစွဲမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဒေါ်လာ ၃ ဘီလီယံကျဆင်းမှုကြောင့် ဒေါ်လာ ၂၂၄ ဘီလီယံသို့ရောက်ရှိခြင်းက ယခင်ခန့်မှန်းချက်ထက်
၁ ရာခိုင်နှုန်းကျဆင်းတယ်လို့ဆိုလိုပါတယ်။ကြော်ငြာနဲ့ ဈေးကွက်အသုံးစရိတ်က လွန်ခဲ့တဲ့တစ်နှစ်ကလောက်
မဖြစ်ပေမယ့် ၄.၈ ရာခိုင်နှုန်းဖြစ်နိုင်သေးတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

နာမည်ကြီး မီဒီယာများရဲ့ ကြော်ငြာတွေက တစ်နှစ်လျှင် တစ် ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့နေရသလို
တစ်ဖက်မှာလည်း Facebook နှင့် Snap တို့ရဲ့ ပလက်ဖောင်းများမှ ဆိုရှယ်မီဒီယာရဲ့ ကြော်ငြာအသုံးစရိတ်က
ဒေါ်လာ ၃၀.၈ ဘီလီယံအထိ မြင့်တက်လာတာကို တွေ့ရပါတယ် လို့ Myers ကပြောကြားခဲ့ပါတယ်။

Coronavirus ကြောင့် လူတွေကို အိမ်မှာနေဖို့ တွန်းအား ပိုပေးပြီး အချိန်ဖြုန်းစေတာနဲ့အညီ Hulu, Pluto, Roku နဲ့ Direct TV တို့လို ဗီဒီယိုပလက်ဖောင်းတွေမှာ ကြော်ငြာအသုံးစရိတ်ဟာ ၄၂ ရာခိုင်နှုန်း၊ ဒေါ်လာ ၂.၆ ဘီလီယံအထိ တိုးလာတာကိုတွေ့ရပြီး ၎င်းရဲ့ pre-Coronavirus ကြိုတင်ခန့်မှန်းချက်က ၃၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါတယ်။

Broadcast TV သည် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲ မတိုင်ခင်အထိ နိုင်ငံရေးကြော်ငြာများ နဲ့ အိုလံပစ်ဂိမ်းပွဲများကြောင့် ကြော်ငြာအသုံးစရိတ်များ မြင့်တက်လာတာကို အမှန်တကယ်တွေ့မြင်ရပြီး network TVကြော်ငြာများ ရောင်းအား ၄ ရာခိုင်နှုန်း (သို့) ဒေါ်လာသန်း ၁၀၀ အထိမြင့်တက်လာတာကို Myersက တွေ့ခဲ့ရပါတယ်။

နွေရာသီအိုလံပစ်ဂိမ်းပွဲကလည်း ဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းနိုင်ပါတယ်။ပြီးတော့ အားကစားအစီအစဉ်တွေကလည်းရပ်ဆိုင်းထားရပါသေးတယ်။

အကယ်၍ လူကြိုက်များသော ဇာတ်လမ်းတွဲတွေကို ထုတ်လုပ်မှု ရပ်တန့်ခြင်း နဲ့ ပြပြီးသားတွေပြန် ပြသခြင်း စတဲ့စနစ်တွေကို အသုံးပြုရန် ကြိုးပမ်းပါက ကြော်ငြာအသုံးစရိတ် လျော့နည်းလာမှာ ကိုတွေ့ရမှာပါ။

Myers က coronavirus မတိုင်ခင်က Cableအတွက် ၃.၃ ရာခိုင်နှုန်းကျလိမ့်မယ်လို့ ကြိုခန့်မှန်းထားခဲ့ပါသည်။ ဒါပေမယ့် အခုအခြေအနေ အရ သူက ဒေါ်လာ ၈၀၀ မီလီယံမှဒေါ်လာ ၂၇ ဘီလီယံအထိ ၆ ရာခိုင်နှုန်းကျဆင်းလိမ့်မယ် လို့ခန့်မှန်းလိုက်ပါတယ်။

Myersက ဒစ်ဂျစ်တယ်သတင်းWebsite ကြော်ငြာအတွက် ၃ ရာခိုင်နှုန်းကျဆင်းနေတာကို သိသော်လည်း Coronavirusက သတင်းစာကြော်ငြာသုံးစွဲမှုကို အမှန်တကယ် ကူညီနိုင်လိမ့်မယ် လို့ပြောကြားသွားခဲ့ပါတယ်။

 

Reference Source: NewYork Post

Myanmar Advertising Directory

Read times
Rate this item
(0 votes)