-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ပက္သက္ေသာ အခ်က္အခ်ာက်တဲ့ သတင္းအခ်က္အလက္ေတြကို စတင္ထုတ္ျပန္ေတာ့မယ့္ WhatsApp

WhatsApp က တစ္ကမာၻလုံးဆိုင္ရာ coronavirus ကူးစက္ေရာဂါျဖစ္ပြားေနစဥ္အတြင္းတြင္ အစိုးရမ်ား၊ က်န္းမာေရးအဖြဲ႕အစည္းမ်ားနဲ႕ လူမႈအသိုင္းအဝိုင္း ၀န္ထမ္းမ်ားကို သတင္းအမွန္မ်ားရရွိေစရန္အတြက္ ကူညီဖို႔အစီအစဥ္မ်ား စတင္ေရးဆြဲခဲ့ပါတယ္။

ကုမၸဏီဟာ အစကတည္းက အစိုးရမ်ားႏွင့္ စကာၤပူ၊ အစၥေရး၊ ေတာင္အာဖရိက၊ ဘရာဇီး ၊အင္ဒိုနီးရွားရွိ NGO မ်ားနဲ႕ လက္တြဲလုပ္ေဆာင္ေနၿပီးျဖစ္ပါတယ္။ ဒီအစီအစဥ္က လူအမ်ား အသုံးျပဳရန္အတြက္ သတင္းအခ်က္အလက္အားလုံးကို စုေဆာင္းေပးမယ့္ အခ်က္အခ်ာတစ္ခုျဖစ္ပါတယ္။

၎ဗဟိုခ်က္က ကမာၻ႔က်န္းမာေရးအဖြဲ႕၊ UNICEF၊ UNDP တို႔နဲ႕ ပူးေပါင္းၿပီး က်န္းမာေရးလုပ္သားမ်ား၊ ပညာေပးသူမ်ား၊ လူထုေခါင္းေဆာင္မ်ား၊ အက်ိဳးအျမတ္မယူေသာအဖြဲ႕မ်ား၊ ေဒသႏၲရအစိုးရမ်ားႏွင့္ ေဒသဆိုင္ရာစီးပြားေရးလုပ္ငန္းမ်ားကို ဗိုင္းရပ္စ္ပ်ံ႕ႏွံ့ေနစဥ္ကာလအတြင္း WhatsAppျဖင့္ လြယ္လြယ္ကူကူ အသံုးျပဳႏိုင္ေစရန္ ရည္ရြယ္ျခင္းျဖစ္ပါတယ္။ကုမၸဏီက WHOႏွင့္ UNICEFတို႔နဲ႕ အလုပ္လုပ္ေနတာျဖစ္တာေၾကာင့္ ၎ဗဟိုခ်က္မွ သတင္းအခ်က္အလက္မ်ားကမွန္ကန္ၿပီး လူထုအတြက္ ပိုမိုအဆင္ေျပေစပါတယ္။

ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ (UNDP) ၏အုပ္ခ်ဳပ္ေရးမႉး Achim Steiner က“ WhatsApp လိုပုဂၢလိက က႑ကုမၸဏီမ်ားနဲ႕ လက္တြဲရတာဟာ ေကာင္းမြန္တဲ့အခ်က္တစ္ခုပါ။ကမာၻ႔က်န္းမာေရးအဖြဲ႕ႏွင့္ေဒသခံ က်န္းမာေရးအရာရွိမ်ားထံမွ အေရးႀကီးတဲ့ အခ်ိန္ႏွင့္တေျပးညီ သတင္းအခ်က္အလက္မ်ားကို ကမာၻတဝွမ္းရွိ သုံးစြဲသူ သန္းေပါင္းမ်ားစြာဆီသို႔ ေရာက္ရွိေစရန္ WhatsAppက ကူညီပါလိမ့္မယ္။" လို႔ေျပာသြားပါတယ္။

 

Coronavirus ပ်ံ႕ႏွံ့မႈေၾကာင့္ ေၾကာ္ျငာအသံုးစရိတ္မ်ား ေဒၚလာ ၃ဘီလီယံထိ ေလ်ာ့က်ႏိုင္

 

အဆိုပါကုမၸဏီသည္ Poynter Institute၏ အျပည္ျပည္ဆိုင္ရာ အခ်က္အလက္ စစ္ေဆးေရးကြန္ယက္ (IFCN) အား ေဒၚလာ ၁ သန္းလႉဒါန္းခဲ့ပါတယ္။ ၎ကို ႏိုင္ငံ ၄၅ ႏိုင္ငံေက်ာ္မွ ေဒသခံအဖြဲ႕အစည္း ၁၀၀ ပါဝင္ေသာ အဖြဲ႕ျဖစ္တဲ့ CoronaVirusFacts Alliance ရန္ပုံေငြအျဖစ္အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

WhatsApp ၏အႀကီးအကဲျဖစ္သူ Will Cathcart က“ ကၽြန္ေတာ္တို႔ ရဲ႕ Appအသံုးျပဳသူ သူငယ္ခ်င္းမ်ား၊ ခ်စ္ရသူမ်ား၊ ဆရာဝန္မ်ား၊လူနာမ်ား သို႔မဟုတ္ ေက်ာင္းသား/သူမ်ား၊ ဆရာ/မ မ်ားျဖစ္ေစ ဒီဗိုင္းရပ္စ္ အခက္အခဲႀကဳံေတြ႕ေနရတဲ့ အခ်ိန္မွာ WhatsAppမွ သတင္းမ်ားရရွိရန္ ႀကိဳးစားလုပ္ေဆာင္ေနတာကို ကြၽန္ေတာ္တို႔သိပါတယ္။ဒါ့ေၾကာင့္ ဒီလို ခက္ခဲတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔က တိက်ေသခ်ာတဲ့ အရင္းအျမစ္တစ္ခုကိုေပးခ်င္ပါတယ္။"

WhatsAppရဲ႕ အခ်က္အလက္ေတြကို စစ္ေဆးတဲ့ အဖြဲ႕အစည္းေတြ တိုးပြားလာဖို႔ ၿပီးေတာ့ ေကာလာဟလေတြကို ေပ်ာက္ကြယ္ေစမယ့္ Poynter Institute နဲ႕ အတူလက္တြဲလုပ္ေဆာင္ႏိုင္တဲ့ အတြက္ကြၽန္ေတာ္တို႔လည္း ၀မ္းသာပါတယ္။ WhatsApp အတြင္း မွန္ကန္ၿပီးတိက်တဲ့ Updateသတင္းမ်ား ထုတ္လႊင့္ႏိုင္ရန္အတြက္ ကမာၻတဝွမ္းရွိက်န္းမာေရး ၀န္ႀကီးဌာနမ်ားနဲ႕လည္း ကြၽန္ေတာ္တို႔ ဆက္လက္ၿပီး အလုပ္ေတြ တိုက္႐ိုက္လုပ္ေဆာင္သြားမွာပါ။ ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

WhatsAppကို ပိုင္ဆိုင္ေသာ Facebookက စီးပြားေရးအက်ပ္အတည္းကာလအတြင္း စားသုံးသူေဖာက္သည္ အသုံးစရိတ္ေလွ်ာ့ခ်ျခင္းနဲ႕ social distancing တို႔ေၾကာင့္ ထိခိုက္နစ္နာၿပီး ဆင္းရဲဒုကၡခံရတဲ့ အေသးစားစီးပြားေရးလုပ္ငန္းရွင္ေတြ အတြက္ ရန္ပုံေငြမ်ား ျပင္ဆင္ထားပါတယ္။ကုမၸဏီတြင္ အေသးစားစီးပြားေရးေထာက္ပံ့ေငြ နဲ႕ ေၾကာ္ျငာခရက္ဒစ္ အတြက္ေဒၚလာ မီလီယံ ၁၀၀ ရန္ပုံေငြရွိေနၿပီး ျဖစ္ပါတယ္။

ဤေဆာင္းပါးသည္ ေျမာက္အေမရိကား၊ကို႐ိုနာဗိုင္းရပ္စ္၊မီဒီယာ၊ဒီဂ်စ္တယ္ႏွင့္ ကုန္အမွတ္တံဆိပ္တို႔ကို ရည္ၫႊန္းျခင္းျဖစ္ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

ကိုရိုနာဗိုင်းရပ်စ်နှင့် ပက်သက်သော အချက်အချာကျတဲ့ သတင်းအချက်အလက်တွေကို စတင်ထုတ်ပြန်တော့မယ့် WhatsApp

WhatsApp က တစ်ကမ္ဘာလုံးဆိုင်ရာ coronavirus ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းတွင် အစိုးရများ၊ ကျန်းမာရေးအဖွဲ့အစည်းများနဲ့ လူမှုအသိုင်းအဝိုင်း ဝန်ထမ်းများကို သတင်းအမှန်များရရှိစေရန်အတွက် ကူညီဖို့အစီအစဉ်များ စတင်ရေးဆွဲခဲ့ပါတယ်။

ကုမ္ပဏီဟာ အစကတည်းက အစိုးရများနှင့် စကာၤပူ၊ အစ္စရေး၊ တောင်အာဖရိက၊ ဘရာဇီး ၊အင်ဒိုနီးရှားရှိ NGO များနဲ့ လက်တွဲလုပ်ဆောင်နေပြီးဖြစ်ပါတယ်။ ဒီအစီအစဉ်က လူအများ အသုံးပြုရန်အတွက် သတင်းအချက်အလက်အားလုံးကို စုဆောင်းပေးမယ့် အချက်အချာတစ်ခုဖြစ်ပါတယ်။

၎င်းဗဟိုချက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF၊ UNDP တို့နဲ့ ပူးပေါင်းပြီး ကျန်းမာရေးလုပ်သားများ၊ ပညာပေးသူများ၊ လူထုခေါင်းဆောင်များ၊ အကျိုးအမြတ်မယူသောအဖွဲ့များ၊ ဒေသန္တရအစိုးရများနှင့် ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများကို ဗိုင်းရပ်စ်ပျံ့နှံ့နေစဉ်ကာလအတွင်း WhatsAppဖြင့် လွယ်လွယ်ကူကူ အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ကုမ္ပဏီက WHOနှင့် UNICEFတို့နဲ့ အလုပ်လုပ်နေတာဖြစ်တာကြောင့် ၎င်းဗဟိုချက်မှ သတင်းအချက်အလက်များကမှန်ကန်ပြီး လူထုအတွက် ပိုမိုအဆင်ပြေစေပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏အုပ်ချုပ်ရေးမှူး Achim Steiner က“ WhatsApp လိုပုဂ္ဂလိက ကဏ္ဍကုမ္ပဏီများနဲ့ လက်တွဲရတာဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်ဒေသခံ ကျန်းမာရေးအရာရှိများထံမှ အရေးကြီးတဲ့ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို ကမ္ဘာတဝှမ်းရှိ သုံးစွဲသူ သန်းပေါင်းများစွာဆီသို့ ရောက်ရှိစေရန် WhatsAppက ကူညီပါလိမ့်မယ်။" လို့ပြောသွားပါတယ်။

အဆိုပါကုမ္ပဏီသည် Poynter Institute၏ အပြည်ပြည်ဆိုင်ရာ အချက်အလက် စစ်ဆေးရေးကွန်ယက် (IFCN) အား ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပါတယ်။ ၎င်းကို နိုင်ငံ ၄၅ နိုင်ငံကျော်မှ ဒေသခံအဖွဲ့အစည်း ၁၀၀ ပါဝင်သော အဖွဲ့ဖြစ်တဲ့ CoronaVirusFacts Alliance ရန်ပုံငွေအဖြစ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

WhatsApp ၏အကြီးအကဲဖြစ်သူ Will Cathcart က“ ကျွန်တော်တို့ ရဲ့ Appအသုံးပြုသူ သူငယ်ချင်းများ၊ ချစ်ရသူများ၊ ဆရာဝန်များ၊လူနာများ သို့မဟုတ် ကျောင်းသား/သူများ၊ ဆရာ/မ များဖြစ်စေ ဒီဗိုင်းရပ်စ် အခက်အခဲကြုံတွေ့နေရတဲ့ အချိန်မှာ WhatsAppမှ သတင်းများရရှိရန် ကြိုးစားလုပ်ဆောင်နေတာကို ကျွန်တော်တို့သိပါတယ်။ဒါ့ကြောင့် ဒီလို ခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့က တိကျသေချာတဲ့ အရင်းအမြစ်တစ်ခုကိုပေးချင်ပါတယ်။"

WhatsAppရဲ့ အချက်အလက်တွေကို စစ်ဆေးတဲ့ အဖွဲ့အစည်းတွေ တိုးပွားလာဖို့ ပြီးတော့ ကောလာဟလတွေကို ပျောက်ကွယ်စေမယ့် Poynter Institute နဲ့ အတူလက်တွဲလုပ်ဆောင်နိုင်တဲ့ အတွက်ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။ WhatsApp အတွင်း မှန်ကန်ပြီးတိကျတဲ့ Updateသတင်းများ ထုတ်လွှင့်နိုင်ရန်အတွက် ကမ္ဘာတဝှမ်းရှိကျန်းမာရေး ဝန်ကြီးဌာနများနဲ့လည်း ကျွန်တော်တို့ ဆက်လက်ပြီး အလုပ်တွေ တိုက်ရိုက်လုပ်ဆောင်သွားမှာပါ။ ” လို့ပြောကြားသွားခဲ့ပါတယ်။

 

Coronavirus အခက်အခဲတွေကြောင့် လမယ့်လအနည်းငယ်အတွင်း WPPရဲ့ ဝန်ထမ်းတွေအားလုံးကို အိမ်မှ အလုပ်လုပ်ရန် နှိုးဆော်

 

WhatsAppကို ပိုင်ဆိုင်သော Facebookက စီးပွားရေးအကျပ်အတည်းကာလအတွင်း စားသုံးသူဖောက်သည် အသုံးစရိတ်လျှော့ချခြင်းနဲ့ social distancing တို့ကြောင့် ထိခိုက်နစ်နာပြီး ဆင်းရဲဒုက္ခခံရတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ရန်ပုံငွေများ ပြင်ဆင်ထားပါတယ်။ကုမ္ပဏီတွင် အသေးစားစီးပွားရေးထောက်ပံ့ငွေ နဲ့ ကြော်ငြာခရက်ဒစ် အတွက်ဒေါ်လာ မီလီယံ ၁၀၀ ရန်ပုံငွေရှိနေပြီး ဖြစ်ပါတယ်။

ဤဆောင်းပါးသည် မြောက်အမေရိကား၊ကိုရိုနာဗိုင်းရပ်စ်၊မီဒီယာ၊ဒီဂျစ်တယ်နှင့် ကုန်အမှတ်တံဆိပ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

 

Reference Source: The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)