-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ့ ျဖစ္ပြားေနခ်ိန္အတြင္း iPad နဲ႕ Keyboard အသစ္ကို မိတ္ဆက္လိုက္တဲ့ Apple

Apple Brandဟာ သံုးစြဲတဲ့ေဖာက္သည္ေတြကို ထူးျခားတဲ့ ျဖစ္စဥ္ေတြနဲ႕ အၿမဲထိေတြ႕ ေပးေလ့ရွိပါတယ္။တျခား ကုမၸဏီေတြနဲ႕ မတူတဲ့ ဖန္တီးမႈေတြနဲ႕ ေနရာယူတတ္တဲ့ Appleဟာ ကမ႓ာတစ္၀ွမ္းရွိ ႏိုင္ငံေတြ ကို႐ိုနာဗိုင္းရပ္စ္နဲ႕တိုက္ခိုက္ေနၾကရတဲ့ အခ်ိန္မွာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က iPad Proနဲ႕ Keyboard အသစ္တို႔ကို စတင္မိတ္ဆက္ခဲ့ၾကပါတယ္။ဒီထုတ္ကုန္အသစ္၂ခုက MacBook Airေလာက္ေစ်းမႀကီးေပမယ့္ 2TB storageထိ ႁမွင့္ႏိုင္ၿပီး Mac Miniေလာက္ရွိပါတယ္။ယေန႔မွာေတာ့ iPad Proနဲ႕ ဒီMagic Keyboardဟာ အမွန္တကယ္ကို ေတာက္ပေနတဲ့ၾကယ္ အတိုင္းပါပဲ။

iPad Proအသစ္က မႏွစ္ကထုတ္ထားတဲ့ modelနဲ႕ သိပ္မကြာျခားေပမယ့္ သူ႔မွာ ပိုျမန္တဲ့ Processorနဲ႕ အတြင္းဘက္မွာ Camera systemအသစ္လည္းပါ၀င္ေနပါတယ္။Systemသစ္ရဲ႕ အဓိကအရာမွာ“ LiDAR” Scannerျဖစ္ၿပီး Apple အဆိုအရ ကင္မရာဟာ အတိမ္အနက္ ကိုဖမ္းယူႏိုင္သည့္ အျပင္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္သည့္ စြမ္းရည္မ်ားကို တိုးႁမွင့္ထားပါတယ္။အသံကို ပိုေကာင္းေအာင္႐ိုက္ကူးႏိုင္မယ့္ စတူဒီယို အရည္အေသြးရွိ မိုက္ခ႐ိုဖုန္း ၅လုံးအျပင္ "immersive sound experience"ျဖစ္ေစမယ့္ စပီကာ ၄လံုးပါရွိတာေၾကာင့္ pro userေတြအတြက္ အလြန္ႀကိဳက္ႏွစ္သက္ေစမယ့္ အရာတစ္ခုျဖစ္မွာပါ။

 

ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ပက္သက္ေသာ အခ်က္အခ်ာက်တဲ့ သတင္းအခ်က္အလက္ေတြကို စတင္ထုတ္ျပန္ေတာ့မယ့္ WhatsApp

 

ယခု trackpad ပါ၀င္ေသာ Magic Keyboard အသစ္က backlit ျဖစ္ၿပီး "scissor" ယႏၲရားကို အေထာက္အပံ့ေပးပါတယ္။Apple ရဲ႕laptop keyboard မ်ားနဲ႕ မတူဘဲ keyမ်ားႏွိပ္လိုက္ပါက ေက်နပ္ေလာက္ေအာင္ေကာင္းတယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။ေနာက္ေကာင္းတဲ့ တစ္ခ်က္ကေတာ့ ခင္ဗ်ားရဲ႕ အခု iPad Proဟာ float above လုပ္ၿပီး ၾကည့္လို႔ရတဲ့ အတြက္ အရမ္းမိုက္ေနမွာပါ။

iPadOS အသစ္မွာ trackpad ပါလာမွာ ျဖစ္တဲ့အတြက္ iPadကို တကယ့္ laptopလိုမ်ဳိးအသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ဒီ featureကို ရဖို႔အတြက္ ခင္ဗ်ားက အခုထြက္ထားတဲ့ Keyboardအသစ္ကို ၀ယ္စရာမလိုပါဘူး။iPadကို Bluetooth ဒါမွမဟုတ္ USBနဲ႕ ခ်ိတ္ဆက္ႏိုင္တဲ့ ဘယ္mouseမဆို ဒီfeatureကို ရရွိမွာျဖစ္ပါတယ္။

iPad Pro အသစ္ကို Apple ရဲ႕ ၀က္ဘ္ဆိုဒ္တြင္ ယေန႔မွ စ၍ ၀ယ္ယူႏိုင္ပါၿပီ။၎သည္ လာမည့္အပတ္မွစလို႔ စတိုးဆိုင္ေတြမွာ ၀ယ္လို႔ရေတာ့မွာျဖစ္ေသာ္လည္း coronavirus ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံရွိ Apple လက္လီေရာင္းခ်ေသာ ေနရာမ်ားအားလုံးကို အကန႔္အသတ္မရွိ ပိတ္ထားရပါတယ္။

 

Image result for ipad pro 2020

 

iPad Pro အသစ္သည္အ႐ြယ္အစားႏွစ္မ်ိဳး (၁၁ လက္မႏွင့္ ၁၂.၉ လက္မ) နဲ႕ အေရာင္ႏွစ္မ်ိဳး (space gray ႏွင့္ေငြေရာင္) ရွိပါတယ္။ေဈးအေပါဆုံး Wi-Fi only modelက ၇၉၉ ေဒၚလာျဖစ္ၿပီး၊ေဈးအေပါဆုံး cellular model က ၉၄၉ေဒၚလာ ကုန္က်မွာျဖစ္ပါတယ္။trackpad ပါသည့္ Magic Keyboard ကို ေမလတြင္ ရရွိႏိုင္မွာ ျဖစ္ၿပီး iPad Pro အေသး ၁၁လက္မအတြက္ ၂၉၉ ေဒၚလာ၊ ပိုႀကီးသည့္ ၁၂.၉လက္မ iPad Pro အတြက္ကေတာ့ ၃၄၉ ေဒၚလာက်သင့္မည္ျဖစ္ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

<<<Unicode>>>

 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ ဖြစ်ပွားနေချိန်အတွင်း iPad နဲ့ Keyboard အသစ်ကို မိတ်ဆက်လိုက်တဲ့ Apple

Apple Brandဟာ သုံးစွဲတဲ့ဖောက်သည်တွေကို ထူးခြားတဲ့ ဖြစ်စဉ်တွေနဲ့ အမြဲထိတွေ့ ပေးလေ့ရှိပါတယ်။တခြား ကုမ္ပဏီတွေနဲ့ မတူတဲ့ ဖန်တီးမှုတွေနဲ့ နေရာယူတတ်တဲ့ Appleဟာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ်နဲ့တိုက်ခိုက်နေကြရတဲ့ အချိန်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က iPad Proနဲ့ Keyboard အသစ်တို့ကို စတင်မိတ်ဆက်ခဲ့ကြပါတယ်။ဒီထုတ်ကုန်အသစ်၂ခုက MacBook Airလောက်ဈေးမကြီးပေမယ့် 2TB storageထိ မြှင့်နိုင်ပြီး Mac Miniလောက်ရှိပါတယ်။ယနေ့မှာတော့ iPad Proနဲ့ ဒီMagic Keyboardဟာ အမှန်တကယ်ကို တောက်ပနေတဲ့ကြယ် အတိုင်းပါပဲ။

iPad Proအသစ်က မနှစ်ကထုတ်ထားတဲ့ modelနဲ့ သိပ်မကွာခြားပေမယ့် သူ့မှာ ပိုမြန်တဲ့ Processorနဲ့ အတွင်းဘက်မှာ Camera systemအသစ်လည်းပါဝင်နေပါတယ်။Systemသစ်ရဲ့ အဓိကအရာမှာ“ LiDAR” Scannerဖြစ်ပြီး Apple အဆိုအရ ကင်မရာဟာ အတိမ်အနက် ကိုဖမ်းယူနိုင်သည့် အပြင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် စွမ်းရည်များကို တိုးမြှင့်ထားပါတယ်။

 

Coronavirus ပျံ့နှံ့မှုကြောင့် ကြော်ငြာအသုံးစရိတ်များ ဒေါ်လာ ၃ဘီလီယံထိ လျော့ကျနိုင်

 

အသံကို ပိုကောင်းအောင်ရိုက်ကူးနိုင်မယ့် စတူဒီယို အရည်အသွေးရှိ မိုက်ခရိုဖုန်း ၅လုံးအပြင် "immersive sound experience"ဖြစ်စေမယ့် စပီကာ ၄လုံးပါရှိတာကြောင့် pro userတွေအတွက် အလွန်ကြိုက်နှစ်သက်စေမယ့် အရာတစ်ခုဖြစ်မှာပါ။ယခု trackpad ပါဝင်သော Magic Keyboard အသစ်က backlit ဖြစ်ပြီး "scissor" ယန္တရားကို အထောက်အပံ့ပေးပါတယ်။Apple ရဲ့laptop keyboard များနဲ့ မတူဘဲ keyများနှိပ်လိုက်ပါက ကျေနပ်လောက်အောင်ကောင်းတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။နောက်ကောင်းတဲ့ တစ်ချက်ကတော့ ခင်ဗျားရဲ့ အခု iPad Proဟာ float above လုပ်ပြီး ကြည့်လို့ရတဲ့ အတွက် အရမ်းမိုက်နေမှာပါ။

iPadOS အသစ်မှာ trackpad ပါလာမှာ ဖြစ်တဲ့အတွက် iPadကို တကယ့် laptopလိုမျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီ featureကို ရဖို့အတွက် ခင်ဗျားက အခုထွက်ထားတဲ့ Keyboardအသစ်ကို ဝယ်စရာမလိုပါဘူး။iPadကို Bluetooth ဒါမှမဟုတ် USBနဲ့ ချိတ်ဆက်နိုင်တဲ့ ဘယ်mouseမဆို ဒီfeatureကို ရရှိမှာဖြစ်ပါတယ်။

iPad Pro အသစ်ကို Apple ရဲ့ ဝက်ဘ်ဆိုဒ်တွင် ယနေ့မှ စ၍ ဝယ်ယူနိုင်ပါပြီ။၎င်းသည် လာမည့်အပတ်မှစလို့ စတိုးဆိုင်တွေမှာ ဝယ်လို့ရတော့မှာဖြစ်သော်လည်း coronavirus ကူးစက်မှုကြောင့် တရုတ်နိုင်ငံရှိ Apple လက်လီရောင်းချသော နေရာများအားလုံးကို အကန့်အသတ်မရှိ ပိတ်ထားရပါတယ်။

 

Image result for ipad pro 2020

 

iPad Pro အသစ်သည်အရွယ်အစားနှစ်မျိုး (၁၁ လက်မနှင့် ၁၂.၉ လက်မ) နဲ့ အရောင်နှစ်မျိုး (space gray နှင့်ငွေရောင်) ရှိပါတယ်။ဈေးအပေါဆုံး Wi-Fi only modelက ၇၉၉ ဒေါ်လာဖြစ်ပြီး၊ဈေးအပေါဆုံး cellular model က ၉၄၉ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။trackpad ပါသည့် Magic Keyboard ကို မေလတွင် ရရှိနိုင်မှာ ဖြစ်ပြီး iPad Pro အသေး ၁၁လက်မအတွက် ၂၉၉ ဒေါ်လာ၊ ပိုကြီးသည့် ၁၂.၉လက်မ iPad Pro အတွက်ကတော့ ၃၄၉ ဒေါ်လာကျသင့်မည်ဖြစ်ပါတယ်။

 

Reference Source: BuzzFeed News

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)