-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်မသိသေးတဲ့ Facebook မှ စိတ်ဝင်စားစရာအချက်အလက်များ

သင်မသိသေးတဲ့ Facebook မှ စိတ်ဝင်စားစရာအချက်အလက်များ Google

၂၀၁၆ခုနှစ် ဒီဇင်ဘာလမှာ ကောက်ယူထားတဲ့ စစ်တမ်းများအရ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ ၁၆ သန်းကျော်ရှိလာပါပြီဖြစ်ပါတယ်။

ဒါကြောင့် Facebook ရဲ့စိတ်ဝင်စားဖွယ် အချက်အလက်များကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ Facebook ကို လစဉ်အသုံးပြုနေသူ လူပေါင်းဟာ ၂.၃၇ ဘီလီယံတောင်ရှိနေပါတယ်။

၂။ နေ့စဉ် Facebook ကို အသုံးပြုနေသူတွေဟာ ၁.၄၉ ဘီလီယံရှိပါတယ်။

၃။ မိုဘိုင်းဖုန်းမှတဆင့် Facebook ကို အသုံးပြုသူက ၁ ဘီလီယံရှိပါတယ်။

၎။ Facebook ကို အသုံးပြုတဲ့ အမျိုးသားဦးရေကတော့ ၇၅ ရာခိုင်နှုန်းလောက်ရှိပြီး ၈၃ ရာခိုင်နှုန်းကတော့ အမျိုးသမီးဦးရေတွေဖြစ်ပါတယ်။

၅။ နေ့စဉ် Facebook မှာ အကောင့်အသစ်ဖွင့်သူဟာ ၅၀၀,၀၀၀ ခန့်ရှိနေပြီး ဒါဟာ ၁စက္ကန့်မှာ အကောင့်သစ်ဖွင့်သူ ၆ယောက်ရှိတယ်လို့ ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။

၆။ Facebook ပေါ်က အကောင့်တွေထဲမှာမှ ၈၁ မီလီယံလောက်ဟာ အကောင့်အတုတွေဖြစ်ပါတယ်။

၇။ ပျမ်းမျှအားဖြင့် ၁လမှာ Facebook အသုံးပြုသူတစ်ယောက်ဟာ Post ၁၀ ခုကို Like လုပ်ပြီး Comment ၄ ခုနဲ့ ကြောငြာ Post ၈ ခုကို ဝင်ကြည့်ကြပါတယ်။

Read More>>>Mozilla စီအီးအိုမှ အခပေး Firefox Browser အမျိုးအစားသစ် ဖြန့်ချီဖို့ကြိုးစားနေ

၈။ Facebook ရဲ့ Video တွေကို တစ်ရက်မှာ နာရီပေါင်း ၁၀၀ မီလီယံလောက် ကြည့်ရူခြင်းခံနေရပါတယ်။

၉။ မိနစ်တိုင်း Facebook ပေါ်မှာ နှိပ်လိုက်တဲ့ Like အရေအတွက်ဟာ ၄ မီလီယံရှိနေပါတယ်။

၁၀။ Facebook ပေါ်မှာ စီးပွားရေးလုပ်တဲ့ Business Page တွေဟာဆိုရင် ၆၀ မီလီယံရှိပါတယ်။

၁၁။ Facebook ကြော်ငာဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ မိုဘိုင်းကြော်ငြာတွေကနေ ရရှိတာဖြစ်ပါတယ်။

၁၂။ Facebook အသုံးပြုနေတဲ့ဆယ်ကျော်သက်များရဲ့ ၆၈ ရာခိုင်နှုန်းဟာ Facebook ပေါ်မှာ Bullying လုပ်တဲ့ ကိစ္စကိုဆိုးရွားတဲ့ ပြဿနာလို့ယုံကြည်ကြပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)