-->

Twitter  ရဲ့ NewsFeed မှာ ၁စက္ကန့်ကို Post ပေါင်း ၆၀၀၀ ရှိနေတာဖြစ်ပြီး ၁မိနစ်ကို Post ပေါင်း ၃၅၀,၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

Published in Tips

စွန့် ဦးတီထွင်တဲ့ အလုပ်အကိုင်ကို ပထမဆုံးစတင်လုပ်ကိုင်ဖူးသူ အတော်များများဟာ အခုပြောသွားမယ့် အမှားမျိုးကို တစ်ချိန်မဟုတ် တစ်ချိန် မှားဖူးကြမှာပါ။

Published in Tips

လုပ်ငန်းသေးသေးလေးကနေ့ ကမ္ဘာ့နာမည်ကြီးဖြစ်လာတဲ့ နည်းပညာကုမ္ပဏီ (၁၆)ခု

အခုခေတ်မှာ နာမည်ကြီးပါတယ် အောင်မြင်နေပါတယ်ဆိုတဲ့ ဘီလီယံနဲ့ချီပြီးတန်တဲ့ ကုမ္ပဏီကြီးတွေလည်း တစ်နေရာကစခဲ့ရတာပါပဲ။ နာမည်အကြီးဆုံးဆိုတဲ့ brand တွေတောင် ဘယ်သူမှမသိတဲ့အခြေအနေတစ်ခုကနေ နာမည်ကြီးလာခဲ့တာပါ။ တစ်ခါတစ်လေကျတော့ အဲ့လောက်တောင်အောင်မြင်နေတဲ့ကုမ္ပဏီကြီးတွေ ဘယ်ကစခဲ့လဲဆိုတာကြားမိရင် ယုံတောင်ယုံကြမယ်မထင်ပါဘူး။ ဒီတော့ အားလုံးအံ့အားသင့်စေမယ့် လုပ်ငန်းကြီးတွေရဲ့ စလုံးရေးစခဲ့တဲ့အရာတွေကို ဖော်ပြပေးသွားပါမယ်။

၁။ Sony
ဟိုးအရင်တုန်းက Sony ဆိုတာ လျှပ်စစ်ထမင်းအိုးတွေကို တီထွင်ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။


၂။ LG
LG ကတော့ အခုခေတ် ကိုရီးယားနိုင်ငံရဲ့နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး သူရဲ့အစကတော့ သွားတိုက်ဆေးမှုန့်တွေထုတ်လုပ်တာကနေ စခဲ့တာပါ။


၃။ Nokia
နှစ်ပေါင်းတော်တော်အကြာက Nokia ဆိုတာ စာရွက်တွေ ရာဘာဘွတ်ဖိနပ်တွေကိုရောင်းချပြီး ဝင်ငွေရှာခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။


၎။ Toyota
သူကတော့ အပ်ချုပ်စက်တွေကိုထုတ်လုပ်တာကနေ စခဲ့တာပါ။ အခုထိလည်း ထုတ်လုပ်နေဆဲပါပဲ။


၅။ IKEA
IKEA ကိုတည်ထောင်သူ Ingvar Kamprad ကတော့ သူ့ရဲ့လုပ်ငန်းကို မီးခြစ်ဆံတွေ တခြားတိုလီမုတ်စ ဈေးပေါပေါပစ္စည်းလေးတွေကို ရောင်းချရင်းနဲ့ စတင်ခဲ့တာပါ။


၆။ Sharp

ခုခတ်နာမည်ကြီးတဲ့ Sharp ကုမ္ပဏီက မူလကတော့ အမြဲတမ်းချွန်ထက်နေတဲ့ ခဲတံတွေကိုတီထွင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။

Online Shopping ကနေ တကယ်ဆိုင်ဖွင့်ချင်သူတွေအတွက် Idea ကောင်းများ
၇။ Bombardier
ကမ္ဘာ့လေယာဉ်ထုတ်လုပ်မှုမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ ဒီကုမ္ပဏီကတော့ တစ်ချိန်တစ်ခါက နှင်းတွေပေါ်မှာသွားတဲ့ snowmobile တွေကိုထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီငယ်လေးတစ်ခုပါ။ ကုမ္ပဏီစလည်ပတ်ချိန်တုန်းက သူ့ရဲ့ လေယာဉ်တွေလေယာဉ်အင်ဂျင်တွေက BMW ရဲ့ အဓိကထုတ်ကုန်တွေကို သုံးထားတယ်ဆိုတာ လူတစ်ချို့တော့သိကြပါတယ်။


၈။ Nintendo Corporation
Nintendo ကိုပထမဆုံးစတည်ထောင်တုန်းကတော့ လက်နဲ့ကိုယ်တိုင်လုပ်ထားတဲ့ Hanafuda decks (ပန်းကဒ်ပြား) တွေထုတ်လုပ်ဖို့ရည်ရွယ်ခဲ့တာပါ။


၉။ Virgin Group
သူ့ရဲ့တည်ထောင်သူကတော့ Richard Branson ဖြစ်ပြီး Student လို့ခေါ်တဲ့ လူငယ်သဘာဝမဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အနေနဲ့စလုပ်ခဲ့တာပါ။


၁၀။ Samsung
Samsung ကတော့ ပထမဆုံးစတင်တည်ထောင်ချိန်က ကုန်စုံပစ္စည်းစုံကိုရောင်းချတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ စခဲ့တာပါ။


၁၁။ Unilever
သူကတော့ အဓိကအနေနဲ့ ဆပ်ပြာတွေ အသီးအရွက်ဆီတွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုအနေနဲ့ စခဲ့ပါတယ်။


၁၂။ Lipton
ခုခေတ်မှာအောင်မြင်နေတဲ့ Lipton(tea products) ဆိုတာက အရင်တုန်းက သာမန်ကုန်စုံဆိုင်လေးကနေစတင်ခဲ့တာပါ။

အဲလိဇဘက် ဘုရင်မကြီးမှ လူမှုကွန်ရက်များကို စီမံခန့်ခွဲဖို့ Manager ငှားရမ်း
၁၃။ Philips & Co.
၁၉၃၀ တုန်းက Philips & Co ဆိုတာက လျှပ်စစ်မီးသီတွေ ရေဒီယို receiver တွေကိုထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး အခုလည်းထုတ်လုပ်နေဆဲပါပဲ။


၁၄။ Bonduelle

လွန်ခဲ့တဲ့ နှစ်၁၀၀လောက်ကတော့ Bonduelle ဆိုတာ အရက်ထုတ်လုပ်ရာကနေစခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။ အခုတော့ အစားအသောက်ဘက်ပြောင်းသွားပါပြီ။


၁၅။ BOSS

နာမည်ကြီး Boss အဝတ်အစား brand က နာဇီပါတီအတွက် ယူနီဖောင်းတွေချုပ်လုပ်ပေးရာကနေ စခဲ့တဲ့အဝတ်အထည်ကုမ္ပဏီတစ်ခုပါ။


၁၆။ IBM
IBM ဆိုတာ အခုခေတ်မှာသူ့ရဲ့ကွန်ပျူတာတွေကြောင့်နာမည်ကြီးလာခဲ့တာပါ။ ဟိုးအရင်ကတော့ tabulator တွေ၊ ချိစ်လှီးတဲ့ Cheese slicer တွေနဲ့ ချိန်ခွင်တွေကို ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။

 

Myanamr Advertising Directory

 

Published in Tips

လုပ်ငန်းရှင်တွေတော်တော်များများက အတိတ်ကို ပြန်လည်သုံးသတ်ရန်ထက် အနာဂတ်ကို စီမံကိန်းချဖို့ အားသန်ကြပါတယ်။

Published in Tips

စီးပွားရေးလောကထဲဝင်တော့မယ်ဆိုရင် လိုက်နာရမယ့်အချက် (၅)ချက်


စီးပွားရေးလုပ်တယ်ဆိုတာ ထင်သလောက်မလွယ်ပါဘူး ခေတ်ကာလအခြေနေ ပြောင်းလဲမှုနဲ့အစိုးရပေါ်လစီတွေကြား ကျွမ်းကျင်စွာကူးခတ်နိင်မှ အောင်မြင်နိင်မှာပါ။ ဆိုင်လေးတစ်ဆိုင်ဖွင့် ဆိုင်ဘုတ်လေးတင် ကုန်ပစ္စည်းတွေရောင်းရုံနဲ့ စီးပွားရေးလုပ်တတ်ပြီ၊ ကျွမ်းကျင်ပြီလို့ပြောလို့မရပါဘူး။ စီးပွားရေးလောကထဲ ဝင်တော့မယ်ဆိုရင် လိုက်နာကျင့်သုံးရမယ့် အချက် (၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ business Network

မိတ်ဆွေကောင်းတွေ များလာအောင်ကြိုးစားပါ။ ဒါမှကိုယ့် network ကျယ်ပြန့်ပြီး စီးပွားရေးလုပ်တဲ့အခါ အဆက်သွယ်ကောင်းတွေ ရမှာပါ။ စီးပွားရေးလောကမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးပါတယ်။ မိတ်ဆွေဆိုးနဲ့တွေ့
ရင်တော့ ဘဝပါပျက်နိင်ပါတယ်။

၂။ business management

business management အကြောင်းသေချာလေ့လာပါ။ ထဲထဲဝင်ဝင်သိလေ လုပ်ငန်းလုပ်ရတာလွယ်ကူလေပါပဲ။ လုပ်ငန်းကြီးလာရင် လုပ်ငန်းချဲ့လာရင် ပိုလိုအပ်ပါတယ်။ လူခွဲမရှိလို့ လုပ်ငန်းခွဲတွေမချဲ့နိင်ဘူးလို့ ပြောနေတဲ့သူတွေဟာ Business management ဆိုတဲ့ လုပ်ငန်းစီမံခန့်ခွဲမှုကို မလုပ်တတ်သူတွေသာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်လိုချင်တဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံမျိုးရရှိအောင်

၃။ business Knowledge

ကိုယ်လုပ်နေတဲ့လုပ်ငန်း ကကြီးကနေအ ထိသိထားဖို့လိုပါတယ်။ ဒါမှ တပည့်တွေ လုပ်ဖော်ကိုင်ဘက်တွေရဲ့အလိမ်မခံရမှာပါ။ လုပ်ငန်းတခုထောင်တော့မယ်ဆိုရင် အဲဒီလုပ်ငန်းအကြောင်း သိအောင်အရင်ကြိုးစားပါ။

၎။ business eyes

စီးပွားရေးလောကထဲ ဝင်မယ်ဆိုရင် စီးပွားရေးအမြင်ရှိဖို့လိုပါတယ်။ ဘယ်ပစ္စည်းကို ဘယ်ဈေးနဲ့ဘယ်မှာဝယ်ပြီး ဘယ်လောက်နဲ့ဘယ်နေရာ တွေမှာပြန်ရောင်းမလဲဆိုတာ သိထားရပါ့မယ်။ Market Circle ကိုနားလည်ထားရပါ့မယ်။ Market trend ကိုကြည့်တတ်ရပါမယ်။

 ၅။ Busines idea

Business idea ဆိုတာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်း တခုခုအပေါ်ကနေ ဝင်ငွေကောင်းအောင်ရှာနိင်ပြီး ကိုယ့်ရဲ့ရင်းနှီးမြုပ်နှံမှုတွေ တိုးပွားသထက်တိုးပွားအောင် လုပ်နိုင်မယ့်အယူအဆအတွေးခေါ်ကိုခေါ်ပါတယ်။ Business idea ကောင်းကောင်းရှိတဲ့သူဟာ အကျိုးမြတ်များပြီး ပြိုင်ဘက်မရှိတဲ့ Blue Oceans market တွေကို ဖန်တီးနိင်လေ့ရှိပါတယ်။

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် လိုအပ်တဲ့အချက်အလက်တွေပဲ ဖြစ်ပါတယ်။


Source; မောင်သူရ
Myanmar Advertising Directory

Published in Tips

တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ Web Design ကုမ္ပဏီ (၇) ခု

Website တစ်ခုမှာ Website Design က မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ Web Design ကုမ္ပဏီ (၇) ခုပဲဖြစ်ပါတယ်။

၁။ WebFX

Company Score 9.14 နဲ့ ပထမနေရာမှာ ရပ်တည်နေတဲ့ Web Design ကုမ္ပဏီကတော့ WebFX ဖြစ်ပါတယ်။ WebFX ကုမ္ပဏီ ကို ၁၉၉၆ ခုနှစ်မှာ CEO Karie Shearer တည်ထောင်ခဲ့တာဖြစ်ပါတယ်။ WebFX ဟာ Pennsylvania နိုင်ငံမှာတည်ရှိတာဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၀၀ ကျော်နဲ့ တည်ဆောက်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။


၂။ Lounge Lizard

ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ Lounge Lizard ကုမ္ပဏီဖြစ်ပြီးတော့ 1998 ခုနှစ်မှာ Ken Braun က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Company Score 8.63 နဲ့ ရပ်တည်နေတဲ့ Lounge Lizard ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း ၅၀ ကျော်နဲ့ ရပ်တည်နေတာဖြစ်ပြီး New York နိုင်ငံမှာ တည်ရှိတဲ့ Web Design ကုမ္ပဏီတစ်ခုလဲဖြစ်ပါတယ်။


၃။ Intechnic

ဒီကုမ္ပဏီကတော့ Illinois နိုင်ငံမှာရှိတဲ့ Web Design ကုမ္ပဏီ ဖြစ်ပါတယ်။ Intechnic ကုမ္ပဏီကို CEO Andrew Kucheriavy က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Company Score 8.35 နဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး Intechnic ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း ၅၀ တောင်ရှိတာဖြစ်ပါတယ်။

သင့် Website ကနေ Customer တွေရရှိလာအောင် မဖြစ်မနေထည့်သွင်းရမယ့်အချက်များ
၎။ Mightybytes

Tim Frick ဟာ 1998 ခုနှစ်မှာ Mightybytes ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တတ်ယနေရာမှာ ရပ်တည်နေတဲ့ကုမ္ပဏီလိုပဲ Mightybytes ကုမ္ပဏီဟာ Illinois နိုင်ငံမှာတည်ရှိတာဖြစ်ပါတယ်။ ဒီကုမ္ပဏီကတော့ Company Score 7.38 ရရှိတာဖြစ်ပြီး ဝန်ထမ်းပေါင်း ၅၀ ကျော်ရှိပါတယ်။ သူကတော့ အဆင့် ၄နေရာမှာ ရပ်တည်နေတဲ့ Web Design ကုမ္ပဏီ ဖြစ်ပါတယ်။


၅။ Blue Fountain Media

နောက်ထပ် အဆင့် ၅နေရာမှာ ရပ်တည်နေတဲ့ Web Design ကုမ္ပဏီကတော့ Blue Fountain Media ဖြစ်ပါတယ်။ သူကတော့ Company Score 7.16 နဲ့ New York မှာရှိတဲ့ ကုမ္ပဏီဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ Blue Fountain Media ကုမ္ပဏီကို ၂၀၀၃ ခုနှစ်မှာ Gabriel Shaoolian ဆိုသူက တည်ထောင်ခဲ့တာဖြစ်ပါတယ်။


၆။ Taoti Creative

Washington နိုင်ငံမှာရှိတဲ့ Taoti Creative ကုမ္ပဏီကို ၁၉၉၆ ခုနှစ်မှာ Brent Lightner ကတည်ထောင်ခဲ့တာဖြစ်ပြီး အဆင့် ၆ နေရာမှာရပ်တည်နေတဲ့ Web Design ကုမ္ပဏီလို့ ပြောရမှာပါ။ သူကတော့ Company Score 7.16 ရှိပြီး ဝန်ထမ်းပေါင်း ၅၀ ကျော်ရှိပါတယ်။


၇။ Bizzuka

အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ Web Design ကုမ္ပဏီကတော့ Bizzuka ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို John Munsell ဟာ သူရဲ့သူသယ်ချင်းဖြစ်တဲ့ Lonnie Rouse နဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၅၀ ကျော်နဲ့ ရပ်တည်နေပြီး Louisiana မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ Company Score ကတော့ 7.15 ဖြစ်ပါတယ်။


Htet Htet Naing
Myanmar Advertising Directory

Published in Tips

လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ကိုင်ခါစမှာတော့ တက်တက်ကြွကြွနဲ့ ဖြစ်နေမှာပါ။ နောက်ပိုင်းကြာလာရင်တော့ ပြဿနာလေးတွေရှိလာတက်ပါတယ်။

Published in Tips

ကမ္ဘာ့မှာ အမျိုးသမီး Entrepreneur ဦးရေဟာ ၁၉၇၂ ကနေစပြီး အထင်ကြီးလောက်အောင် ၃,၀၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို ၂၀၁၈ ခုနှစ် State of Women-Owned Business ရဲ့ အစီရင်ခံစာတွေအရ သိရှိရပါတယ်။

Published in Tips

Social Network တစ်ခုဖြစ်တဲ့ LinkedIn မှာလည်း Business အတွက် အသုံးပြုတဲ့သူတွေ များလာတာကြောင့် လုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေမဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Published in Tips

Brand တစ်ခုတည်ဆောက်မယ်ဆိုရင် သတိထားရမယ့်အမှားများ

သင့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို Social Media မှာ Marketing လုပ်နေတယ်ဆိုရင် ကိုယ့်ရဲ့ brand ရဲ့ နာမည်ကောင်းကို ဂရုစိုက်ဖို့လိုပါတယ်။ သင့်အနေနဲ့ Promotion တွေလည်းချပေး၊ Giveaway တွေလုပ်ပေးနေတာတောင် သင့်ရဲ့လုပ်ငန်းဟာ ရောင်းအားမတက် ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့လုပ်ဆောင်ချက်တွေ မှားယွင်းနေတယ်ဆိုတာကို သင်သတိထားမိမှာပါ။ Social Media မှာ Marketing ပြုလုပ်တဲ့အခါ မှားယွင်းနေတဲ့အချက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ Audience ရဲ့ စကားကိုနားမထောင်တာ

ဆိုလိုတာက Audience ရဲ့ အကြိုက်နဲ့ အမူအကျင့်ကို မလေ့လာလို့ မရပါဘူး။ ကိုယ်ပေးချင်တဲ့ message က Audience အကြိုက်ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင်လည်း မအောင်မြင်နိုင်ပါဘူး။

၂။ သင့်မှာ တိကျတဲ့ ရည်ရွယ်ချက်မရှိတာ

Social Media Strategy သွားမယ်ဆိုရင် ရှင်းလင်းတဲ့ ရည်ရွယ်ချက်မျိုး ရှိရပါမယ်။ Trend နောက်လိုက်ရင် ကောင်းမယ်ဆိုပြီး ရည်ရွယ်ချက်ပျောက်သွားလို့ မဖြစ်ပါ။

အမျိုးသမီးတည်ထောင်သူတွေ ပိုမိုအောင်မြင်မှုရရှိစေဖို့အတွက်

၃။ Social Network ကို အယုံအကြည်မရှိခြင်း

Social Media မှာ မှားမှာစိုးရိမ်ပြီး အသုံးမချရင် အခွင့်အရေးတွေ ဆုံးရှုံးနိုင်ပါတယ်။ ကိုယ့်ဗျူဟာအပေါ် ယုံကြည်ချက်ရှိရှိနဲ့ လုပ်ဆောင်သင့်ပါတယ်။

၎။ Value မရှိတာ

Content ပဲဖြစ်ဖြစ်၊ Campaign ပဲလုပ်လုပ် audience အပေါ် Value ပေးနိုင်ရမယ်။ Value မရှိရင် ကိုယ့် brand ကို အထင်သေးသွားနိုင်ပါတယ်။

Brand တစ်ခုကို တည်ဆောက်ရတာ မလွယ်ကူပါဘူး။ လုပ်ဆောင်ချက်အမှားတွေကို ရှောင်နိုင်မှသာ Social Media Strategy ပိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်မှာပါ။

Myanmar advertising Directory

 

Published in Tips
Page 1 of 5