-->
×

Warning

JUser: :_load: Unable to load user with ID: 29


ချမ်းသာအောင် ဈေးရောင်းနည်း

အရင်းနှီးဆုံး မိတ်ဆွေတွေရယ် မိသားစုဝင်တွေရယ်ကို ဈေးရောင်းရင် ခင်ဗျား ဘယ်လောက်နဲ့ရောင်းရောင်း သူတို့စိတ်ထဲမှာ ခင်ဗျားသည် သူတို့ ငွေကိုယူနေပါတယ် လို့ပဲ မြင်တယ်။ ခင်ဗျား ဘယ်လိုပဲ ဈေး အသက်သာ ဆုံး ထားပေး ထားပေးသူတို့အနေနဲ့ ဒါကို ကျေးဇူး တင် အသိအမှတ်ပြုလိမ့်မယ်မထင်နဲ့။

 

ခင်မင်ရင်းနှီးတဲ့ လူတစ်ယောက် ဆီက ပစ္စည်းတစ်ခုကို ဝယ်ရ တာ ထက်ကို တစိမ်းတစ်ယောက် လာရောင်းတဲ့ အမျိုးတူ ပစ္စည်း တစ်ခုကို ဝယ်ရတာကို ပိုကျေနပ်နိုင်သူ လူတစ်မျိုး ခင်ဗျား တို့ တစ်ယောက် ချင်းစီ အတွက်လောကမှာ ရှိနေတယ်။ဒီ ကုန် ပစ္စည်းတစ်ခု ဟာ ခင်ဗျား အတွက် အရင်း ဘယ်လောက် ရှိနိုင်တယ် ဆိုတာ၊ အချိန် ဘယ်လောက်ကုန်တယ် ဆိုတာ၊ ဘယ်လောက် ပင်ပန်း ခက်ခဲစွာ ရလာတယ် ဆိုတာ ကို စိတ်မဝင်စားဘူး။

 

ဘာ ကြောင့် လဲ ဆိုရင် သူတို့ ရင်ထဲမှာ "ဪ.. ငါ ဒီလောက် သက်သာ သွား ပါလား.. ဒါမှ မဟုတ် ဪ.. ငါ့ကို သူဒီလို လုပ်ပေး ပါလား" ဆိုတဲ့ အမြင်ထက် "ဪ.. ငါ့ဆီက သူဒီလောက် ယူသွားပါလား" ဆိုတဲ့ အမြင် ရှိနေ တယ်။

 

ဒါ အလွန် အခြေခံကျတဲ့ ဈေးရောင်းခြင်း အတွေးအခေါ်ပါ။ယူတတ်ရင် မြင်ပါတယ်။ချမ်းသာသူတို့ ဘာ့ကြောင့် ဆက်ကာ ဆက်ကာ ချမ်းသာ ကြသလဲ။ အဓိက အကြောင်းရင်းကတော့ သူတို့ဟာ သူတို့နဲ့ ဆက် နွယ် နေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင် အတွက် လိုလို လားလား ထောက်ပံ့ ပေးလိုစိတ် ရှိနေလို့ပဲ။

 

တစ်ယောက်က တစ်ယောက် ကို ထောက်ပံ့တဲ့ အခါမှာ တုံ့ပြန်မှု သဘာဝအရ ကိုယ့်ဆီ ကို ထောက်ပံ့မှု ပြန်လာ တယ်။ သူငယ်ချင်း မိတ်ဆွေ တွေ ဒီလို တစ်ယောက်ကနေနောက် တစ်ယောက်၊ နောက် တစ်ယောက်ကနေ နောက်ထပ် တစ် ယောက် စသဖြင့် ဒီ ချမ်းသာမှု စက်ဝန်းအတွင်းမှာ ထောက်ပံ့ နေခြင်းအားဖြင့် စက်ဝန်းဟာလဲ ကြီးထွား ကြွယ်ဝ လာတယ်။

 

အရမ်းကို ရိုးရှင်းတဲ့ လောဂျစ်ပါ။ ခင်ဗျား ဒါကို နားလည်တဲ့ အချိန် ခင်ဗျား ချမ်းသာပြီလို့သာ မှတ်လိုက်။ကုန်ပစ္စည်း တစ်မျိုးကို ခင်ဗျား ရောင်းပြီ ဆိုပါတော့။ ခင်ဗျား အာဘောင် အာရင်း သန်သန်နဲ့ ပြောဆိုနေတာကို ပထမဆုံး ဦးစွာ ခင်ဗျားကို စယုံမှာ "သူစိမ်း" တစ်ယောက်ပဲ။

 

သူစိမ်း တစ်ယောက် ခင်ဗျားကို ယုံနေတဲ့ အချိန် "သူငယ်ချင်း" တွေက ခင်ဗျားကို မယုံ့ တယုံ ဖြစ်နေလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ "ဆွေမျိုး" တွေက ခင်ဗျားကို လှောင်ပြောင် နေကြလိမ့်မယ်။ ခင်ဗျားကို လုံးလုံး မယုံမှာက ခင်ဗျား "မိသားစု" ပဲ။မိသားစုဝင်တွေကို ခင်ဗျား တစ်စုံတစ်ခု ရောင်းမယ်ဆိုပါတော့။ ခင်ဗျား ဘယ်တော့မှ အမြတ် အများကြီးမရဘူး။ အဆိုးဆုံးက ခင်ဗျား မမြတ်ပါဘူး ဆိုတာကိုလဲ သူတို့ ယုံလိမ့်မယ် မထင်နဲ့။

 

ဒါ့ကြောင့် မိသားစုသည် ကိုယ့်ကို မယုံဆုံး နဲ့ ရောင်းရ အခက်ဆုံး customer ၊တစ်ချိန်မှာ ခင်ဗျား အောင်မြင်လာချိန် ခင်ဗျား အနေနဲ့ မိသားစု အတွက် ဆွေမျိုး အတွက် သူငယ်ချင်းအတွက် စသဖြင့် အသီးသီး ထောက်ပံ့နိုင်လာချိန်။ခင်ဗျားကို ဘယ်သူမှ မယုံခင် ထဲက ယုံခဲ့တဲ့ "သူစိမ်း" အတွက်ကို စဉ်းစားမိခဲ့ရဲ့လား။

 

ဒါ့ကြောင့် ချမ်းသာကြွယ်ဝလာချိန် မိသားစုတွေ သူငယ်ချင်းတွေကို ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုတော့ခင်ဗျားရဲ့ ချမ်းသာမှု စက်ဝန်း ချဲ့တဲ့ အနေနဲ့ ဖြစ်တယ်။ပြီးတော့ မမေ့မလျော့ "သူစိမ်း" ဖြစ်တဲ့ ခင်ဗျားရဲ့ နေ့စဉ် Customer တွေကိုလဲ ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုရင် သူစိမ်း ဆိုတာ ခင်ဗျား တို့ကို တကယ် ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ The Best Customer တွေ ဖြစ်လို့ပါပဲ။

 

Ref : Jackma

Read times
Rate this item
(1 Vote)