-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့္ဆိုင္က ပစၥည္းေတြကို အေရာင္းသြက္ဖို႔ သိထားသင့္တဲ့ အခ်က္မ်ား

ကိုယ့္ဆိုင္က ပစၥည္းေတြကို အေရာင္းသြက္ဖို႔ သိထားသင့္တဲ့ အခ်က္မ်ား google

အေရာင္းအဝယ္လုပ္ေနသူ ဒါမွမဟုတ္ ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းလုပ္ကိုင္သူ တစ္ေယာက္ အေနျဖင့္ ကိုယ္ရဲ႕ Customer ေတြနဲ႔ ပတ္သက္ျပီး အဆင္မေျပမႈဆိုတာ ရွိကိုရွိပါတယ္။

ဒီလိုျပႆနာေတြကို ကိုင္တြယ္ ေျဖရွင္းဖို႔ဆိုတာကလည္း လြယ္မလိုလိုနဲ႔ ခက္ေလ့ရွိပါတယ္။ လုပ္ငန္းရွင္တစ္ေယာက္ အေနျဖင့္ Customer တစ္ေယာက္ဆိုလဲ တစ္ေယာက္ တန္ဖိုးရွိပါတယ္။ Customer တစ္ေယာက္ရဖို႔ ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ အားလံုးသိၾကမယ္ထင္ပါတယ္။ ဒီလို ျပႆနာေတြကို အေကာင္းဆံုး ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႕နဲ႔ Customer အၾကား ေရရွည္လက္တြဲသြားႏိုင္ဖို႔အတြက္ သိထားသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ 

 

(၁) အမာခံ ေဖါက္သည္ေတြဘယ္လိုရွာရမလဲ

ကိုယ့္ေဖာက္သည္ေတြအေၾကာင္း ၊ သူတို႔ရဲ႕ လုပ္ငန္းနယ္ပယ္ ၊ ေစ်းကြက္အေျခအေနနဲ႔ သူတုိ႔ရဲ႕ customer ေတြအေၾကာင္း “ဘာဘဲလိုလို” ဆိုတဲ႔ ရန္ကုန္လမ္းညႊန္လို Yellow pages စာအုပ္ေတြ Directory ေတြ အျပင္ Facebook လို social media ေတြနဲ႔ Google လို search engine ေတြကတစ္ဆင့္ေလ့လာပါ။

 

(၂) Customer အသစ္ေတြကို ဘယ္လိုရွာရမလဲ

အခုမွ စၿပီး မိတ္ဆက္တာျဖစ္ျဖစ္ ၊ အရင္ အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး follow up လိုက္တာဘဲျဖစ္ျဖစ္ ၊ website တို႔ ၊ Facebook တုိ႔ ၊ LinkedIn တို႔ကေန ဆက္သြယ္တာဘဲျဖစ္ျဖစ္ အေရာင္းသမားတစ္ေယာက္အေနနဲ႔ ကိုယ္နဲ႔မသိတဲ့တစ္ဘက္လူရဲ႕ စိတ္ဝင္စားမွုကို ရယူဖမ္းဆုပ္ႏိုင္ေအာင္လုပ္ပါ။

 

(၃) အေရာင္းအဝယ္ နဲ႔ ပတ္သက္ၿပီး ေရရွည္လက္တြဲဖို႔ ဘယ္လို လုပ္ေဆာင္ရမလဲ

တရားခံကို စစ္ေၾကာေရးလုပ္သလိုမ်ိဳးဟုတ္ဘဲ တစ္ျဖည္းျဖည္းခ်င္း စကားေျပာရင္း အျပန္အလွန္ ေမးရင္း ေျဖရင္းနဲ႔ ကိုယ္သိခ်င္တာကို သိေအာင္ၾကိဳးစားပါ။

 

(၄) Customer စိတ္ဝင္စားေအာင္ ဘယ္လိုေျပာရမလဲ

တစ္ကယ္တမ္း ကိုယ့္မွာေျပာစရာ အမ်ားၾကီးျဖစ္ေနရင္ေတာင္ အေရာင္းဆိုတာ customer ေပၚမူတည္ၿပီး သူ႕ရဲ႕အခ်က္အလက္ အေၾကာင္းအရာေတြ အမ်ားၾကီးလိုတဲ့အတြက္ မ်ားမ်ားနားေထာင္ပါ။

 

(၅) ေဘာ္ဒါရင္းေတြလို ခင္မင္ရင္းႏွီးဖို႔ အခြင့္အလမ္းဘယ္လိုရွာမလဲ

အေရာင္းနဲ႔ပတ္သက္တဲ့အေျခအေနတိုင္းမွာလဲ မတူညီတဲ့ရာသီေတြရွိပါတယ္။ တစ္ခ်ိုဳ႕ရာသီမွာ စိုက္ပ်ိဳးရၿပီး ၊ တစ္ခ်ိဳ႕ရာသီေတြမွာေတာ့ ရိတ္သိမ္းရပါတယ္။ အခ်ိန္ယူပါ။ ဘယ္အခ်ိန္မွာ စကားေျပာၿပီး ဘယ္လိုအခါမ်ိဳးမွာေတာ့ ႏွုတ္ဆိတ္ေနရမယ္ဆိုတာ သိပါ။

 

(၆) ဝယ္သူေတြရဲ႕ အခက္အခဲေတြနဲ႔ အခြင့္အလမ္းကို ရွင္းရွင္းလင္းလင္းသိေအာင္ ဘယ္လို လုပ္မလဲ

ဝယ္သူတုိင္းနီးပါးဟာ သူတို႔ဘာလိုအပ္ေနလဲဆိုတာ အနည္းနဲ႔အမ်ားေတာ့ သိၾကပါတယ္။ ကိုယ့္တာဝန္က ဝယ္သူေတြ သိထားတဲ့အခ်က္ကို တိက်တဲ့ အေျဖရွာေပးဖို႔နဲ႔ ျပသနာကို အျမစ္ကေန ကိုင္တြယ္ေပးဖို႔ျဖစ္ပါတယ္။

 

စီးပြားေရး လုပ္ငန္းစတင္တဲ့အခါမွာ ေရွာင္ရွားသင့္တဲ့ လူ ခုႏွစ္ဦး

 

(၇) ၿပိဳင္ဘက္ရဲ႕ ျခိမ္းေျခာက္မႈကို ပ်က္ျပားေအာင္ ဘယ္လို လုပ္မလဲ

ကို္ယ့္လုပ္ငန္း ၊ ကုန္ပစၥည္း ၊ ဝန္ေဆာင္မွုေတြရဲ႕ အမ်ားနဲ႔မတူတဲ့ အားသာခ်က္ေတြသာလွ်င္ တစ္ခုတည္းေသာ တစ္ကယ့္ ေရြးခ်ယ္စရာ အမွန္ျဖစ္တယ္ဆိုတာကို အစကတည္းက ေသခ်ာစြာ ရွင္လင္းေျပာျပထားပါ။

 

(၈) Customer ရဲ႕ ယံုၾကည္မႈကို ဘယ္လိုတည္ေဆာက္မလဲ

ကိုယ့္အေပၚမွာထားတဲ့ ယံုၾကည္မွုဆိုတာ အခ်ိန္အတိုင္းအတာတစ္ခုက ဆံုးျဖတ္ေပးပါလိမ့္မယ္။ ကတိတည္ပါ။ ဆက္ဆံေရးုတိုင္းကိုတန္ဘိုးထားၿပီး ရိုးသားမွုနဲ႔ တစ္စိုက္မတ္မတ္လုပ္ေဆာင္ပါ။

 

(၉) ကို႕ရဲ႕ ကုန္ပစၥည္းနဲ႕ပတ္သက္ျပီးCustomer ကိုဘယ္လိုအကဲခတ္မလဲ

ဝယ္ဖို႔အလားအလာရွိတဲ့သူေတြက တစ္ကယ္ဝယ္ခ်င္ေနၿပီ ဝယ္ဖို႔လုိလာၿပီဆိုရင္ သူတို႔ရဲ႕ ေျပာစကားေတြ အမူအရာေတြကေန သိနိုင္ပါတယ္။ ဒီလို အခ်က္ျပတဲ့ အေျခအေနေတြကိုၾကည့္ၿပီး အေရာင္းကို ေအာင္ျမင္ေအာင္လုပ္ပါ။

 

(၁၀) ေဖာက္သည္ေတြနဲ႔ ေရရွည္ဆက္ဆံေရးဘယ္လိုတည္ေဆာက္မလဲ

အေရာင္းအဝယ္ အသစ္ တစ္ခုျဖစ္ဖို႔ ေဖာက္သည္အသစ္ရဖို႔ဆိုတာ အခ်ိန္နဲ႔ေငြ ရင္ႏွီးရၿပီး ကိုယ့္အေပၚယံုၾကည္လို႔ ဝယ္ဖူးၿပီးသား ေဖာက္သည္ေတြကိုေရာင္းခ်ရတာကေတာ့ ပိုမိုအဆင္ေျပၿပီး ကုန္က်မႈ သက္သာလို႔ ဆက္ဆံေရးကို ေကာင္းစြာထိန္းသိမ္းပါ။

 

(၁၁) ေနာက္လူေတြကို ညႊန္းေပးဖို႔ ကိုယ့္ေဖါက္သည္ေတြကို ဘယ္လိုေျပာမလဲ

တစ္ကယ္စိတ္ထဲမွာေက်နပ္သြားတဲ့ ကိုယ္ေဖါက္သည္ေတြက ေျပာစရာေတာင္မလိုဘဲ သူတို႔မိတ္ေဆြေတြကို အလိုလို ကိုယ့္ဆီလာဖို႔ ညႊန္းေပးပါလိမ့္မယ္။ ကိုယ္ကသာ ေတာင္းဆိုမယ္ဆိုရင္ေတာ့ ေျပာစရာေတာင္လိုမယ္ မထင္ဘူး။

 

(၁၂) ေစ်းကြက္ပ်က္ျပားလာတဲ့အခါ ေစ်းကြက္အသစ္ကို ဘယ္လိုဖန္တီးမလဲ

အေရာင္းသမားေကာင္းတစ္ေယာက္မွာ ရွိသင့္တဲ့ knowledge ေတြ skill ေတြအကုန္ရွိေနရင္ေတာင္ တစ္ခါတစ္ရံမွာ ျပင္ပ အေျခအေနေတြေၾကာင့္ အေရာင္းပါးတာမ်ိဳးေတြၾကံဳတတ္ပါတယ္။ ခိုင္မာတဲ့စိတ္နဲ႔ ဇြဲမေလ်ာ့ဘဲ ၾကိဳးစားၿပီး ဆက္ေလ်ာက္သြားဖို႔ လိုပါတယ္။

 

(၁၃) ကိုယ့္စိတ္ထဲကေန ေက်းဇုူးတင္တဲ့စိတ္ကို ဘယ္လိုေဖၚျပမလဲ

တစ္ပါးသူရဲ႕ေက်းဇူးကို သိတတ္တာ မဂၤလာ တစ္ပါးျဖစ္ပါတယ္။ ေက်းဇူးကိုသိတဲ့အေၾကာင္း နည္းလမ္းရွာျပီး ေဖၚျပပါ။ အေရာင္းမွာတင္မဟုတ္ပါဘူး အျခားဘယ္အလုပ္မွာျဖစ္ျဖစ္ ကိုယ့္အေပၚကူညီခဲ့ဖူးတဲ့သူေတြကို လိုွက္လိုွက္လွဲလွဲ ေက်းဇူးတင္ေၾကာင္းေျပာပါ။

 

<<<unicode>>>

အရောင်းအဝယ်လုပ်နေသူ ဒါမှမဟုတ် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ တစ်ယောက် အနေဖြင့် ကိုယ်ရဲ့ Customer တွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုဆိုတာ ရှိကိုရှိပါတယ်။ ဒီလိုပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုတာကလည်း လွယ်မလိုလိုနဲ့ ခက်လေ့ရှိပါတယ်။ လုပ်ငန်းရှင်တစ်ယောက် အနေဖြင့် Customer တစ်ယောက်ဆိုလဲ တစ်ယောက် တန်ဖိုးရှိပါတယ်။ Customer တစ်ယောက်ရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒီလို ပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ Customer အကြား ရေရှည်လက်တွဲသွားနိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) အမာခံ ဖေါက်သည်တွေဘယ်လိုရှာရမလဲ

ကိုယ့်ဖောက်သည်တွေအကြောင်း ၊ သူတို့ရဲ့ လုပ်ငန်းနယ်ပယ် ၊ ဈေးကွက်အခြေအနေနဲ့ သူတို့ရဲ့ customer တွေအကြောင်း “ဘာဘဲလိုလို” ဆိုတဲ့ ရန်ကုန်လမ်းညွှန်လို Yellow pages စာအုပ်တွေ Directory တွေ အပြင် Facebook လို social media တွေနဲ့ Google လို search engine တွေကတစ်ဆင့်လေ့လာပါ။

 

(၂) Customer အသစ်တွေကို ဘယ်လိုရှာရမလဲ

အခုမှ စပြီး မိတ်ဆက်တာဖြစ်ဖြစ် ၊ အရင် အကြောင်းအရာနဲ့ ပတ်သက်ပြီး follow up လိုက်တာဘဲဖြစ်ဖြစ် ၊ website တို့ ၊ Facebook တို့ ၊ LinkedIn တို့ကနေ ဆက်သွယ်တာဘဲဖြစ်ဖြစ် အရောင်းသမားတစ်ယောက်အနေနဲ့ ကိုယ်နဲ့မသိတဲ့တစ်ဘက်လူရဲ့ စိတ်ဝင်စားမှုကို ရယူဖမ်းဆုပ်နိုင်အောင်လုပ်ပါ။

 

(၃) အရောင်းအဝယ် နဲ့ ပတ်သက်ပြီး ရေရှည်လက်တွဲဖို့ ဘယ်လို လုပ်ဆောင်ရမလဲ

တရားခံကို စစ်ကြောရေးလုပ်သလိုမျိုးဟုတ်ဘဲ တစ်ဖြည်းဖြည်းချင်း စကားပြောရင်း အပြန်အလှန် မေးရင်း ဖြေရင်းနဲ့ ကိုယ်သိချင်တာကို သိအောင်ကြိုးစားပါ။

 

(၄) Customer စိတ်ဝင်စားအောင် ဘယ်လိုပြောရမလဲ

တစ်ကယ်တမ်း ကိုယ့်မှာပြောစရာ အများကြီးဖြစ်နေရင်တောင် အရောင်းဆိုတာ customer ပေါ်မူတည်ပြီး သူ့ရဲ့အချက်အလက် အကြောင်းအရာတွေ အများကြီးလိုတဲ့အတွက် များများနားထောင်ပါ။

 

(၅) ဘော်ဒါရင်းတွေလို ခင်မင်ရင်းနှီးဖို့ အခွင့်အလမ်းဘယ်လိုရှာမလဲ

အရောင်းနဲ့ပတ်သက်တဲ့အခြေအနေတိုင်းမှာလဲ မတူညီတဲ့ရာသီတွေရှိပါတယ်။ တစ်ချိုု့ရာသီမှာ စိုက်ပျိုးရပြီး ၊ တစ်ချို့ရာသီတွေမှာတော့ ရိတ်သိမ်းရပါတယ်။ အချိန်ယူပါ။ ဘယ်အချိန်မှာ စကားပြောပြီး ဘယ်လိုအခါမျိုးမှာတော့ နှုတ်ဆိတ်နေရမယ်ဆိုတာ သိပါ။

 

(၆) ဝယ်သူတွေရဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းကို ရှင်းရှင်းလင်းလင်းသိအောင် ဘယ်လို လုပ်မလဲ

ဝယ်သူတိုင်းနီးပါးဟာ သူတို့ဘာလိုအပ်နေလဲဆိုတာ အနည်းနဲ့အများတော့ သိကြပါတယ်။ ကိုယ့်တာဝန်က ဝယ်သူတွေ သိထားတဲ့အချက်ကို တိကျတဲ့ အဖြေရှာပေးဖို့နဲ့ ပြသနာကို အမြစ်ကနေ ကိုင်တွယ်ပေးဖို့ဖြစ်ပါတယ်။

 

Marketing Plan ရေးဆွဲနည်း..

 

(၇) ပြိုင်ဘက်ရဲ့ ခြိမ်းခြောက်မှုကို ပျက်ပြားအောင် ဘယ်လို လုပ်မလဲ

ကိုယ့်လုပ်ငန်း ၊ ကုန်ပစ္စည်း ၊ ဝန်ဆောင်မှုတွေရဲ့ အများနဲ့မတူတဲ့ အားသာချက်တွေသာလျှင် တစ်ခုတည်းသော တစ်ကယ့် ရွေးချယ်စရာ အမှန်ဖြစ်တယ်ဆိုတာကို အစကတည်းက သေချာစွာ ရှင်လင်းပြောပြထားပါ။

 

(၈) Customer ရဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ

ကိုယ့်အပေါ်မှာထားတဲ့ ယုံကြည်မှုဆိုတာ အချိန်အတိုင်းအတာတစ်ခုက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ကတိတည်ပါ။ ဆက်ဆံရေးုတိုင်းကိုတန်ဘိုးထားပြီး ရိုးသားမှုနဲ့ တစ်စိုက်မတ်မတ်လုပ်ဆောင်ပါ။

 

(၉) ကို့ရဲ့ ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးCustomer ကိုဘယ်လိုအကဲခတ်မလဲ

ဝယ်ဖို့အလားအလာရှိတဲ့သူတွေက တစ်ကယ်ဝယ်ချင်နေပြီ ဝယ်ဖို့လိုလာပြီဆိုရင် သူတို့ရဲ့ ပြောစကားတွေ အမူအရာတွေကနေ သိနိုင်ပါတယ်။ ဒီလို အချက်ပြတဲ့ အခြေအနေတွေကိုကြည့်ပြီး အရောင်းကို အောင်မြင်အောင်လုပ်ပါ။

 

(၁၀) ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေးဘယ်လိုတည်ဆောက်မလဲ

အရောင်းအဝယ် အသစ် တစ်ခုဖြစ်ဖို့ ဖောက်သည်အသစ်ရဖို့ဆိုတာ အချိန်နဲ့ငွေ ရင်နှီးရပြီး ကိုယ့်အပေါ်ယုံကြည်လို့ ဝယ်ဖူးပြီးသား ဖောက်သည်တွေကိုရောင်းချရတာကတော့ ပိုမိုအဆင်ပြေပြီး ကုန်ကျမှု သက်သာလို့ ဆက်ဆံရေးကို ကောင်းစွာထိန်းသိမ်းပါ။

 

(၁၁) နောက်လူတွေကို ညွှန်းပေးဖို့ ကိုယ့်ဖေါက်သည်တွေကို ဘယ်လိုပြောမလဲ

တစ်ကယ်စိတ်ထဲမှာကျေနပ်သွားတဲ့ ကိုယ်ဖေါက်သည်တွေက ပြောစရာတောင်မလိုဘဲ သူတို့မိတ်ဆွေတွေကို အလိုလို ကိုယ့်ဆီလာဖို့ ညွှန်းပေးပါလိမ့်မယ်။ ကိုယ်ကသာ တောင်းဆိုမယ်ဆိုရင်တော့ ပြောစရာတောင်လိုမယ် မထင်ဘူး။

 

(၁၂) ဈေးကွက်ပျက်ပြားလာတဲ့အခါ ဈေးကွက်အသစ်ကို ဘယ်လိုဖန်တီးမလဲ

အရောင်းသမားကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ knowledge တွေ skill တွေအကုန်ရှိနေရင်တောင် တစ်ခါတစ်ရံမှာ ပြင်ပ အခြေအနေတွေကြောင့် အရောင်းပါးတာမျိုးတွေကြုံတတ်ပါတယ်။ ခိုင်မာတဲ့စိတ်နဲ့ ဇွဲမလျော့ဘဲ ကြိုးစားပြီး ဆက်လျောက်သွားဖို့ လိုပါတယ်။

 

(၁၃) ကိုယ့်စိတ်ထဲကနေ ကျေးဇုူးတင်တဲ့စိတ်ကို ဘယ်လိုဖေါ်ပြမလဲ

တစ်ပါးသူရဲ့ကျေးဇူးကို သိတတ်တာ မင်္ဂလာ တစ်ပါးဖြစ်ပါတယ်။ ကျေးဇူးကိုသိတဲ့အကြောင်း နည်းလမ်းရှာပြီး ဖေါ်ပြပါ။ အရောင်းမှာတင်မဟုတ်ပါဘူး အခြားဘယ်အလုပ်မှာဖြစ်ဖြစ် ကိုယ့်အပေါ်ကူညီခဲ့ဖူးတဲ့သူတွေကို လိုှက်လိုှက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောပါ။

 

Source: Forward Myanmar Training and Development Solution

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)