-->
×

Warning

JUser: :_load: Unable to load user with ID: 29



လူအများစုဟာ ဒေါ်လာသန်းချီပြီး ပိုက်ဆံရှာနိုင်ဖို့ အရမ်းခက်ခဲတယ်လို့ တွေးထားကြပါတယ်။

ကံအရမ်းကောင်းပြီး ထီတွေပေါက်မှသာ ငွေပမာဏအများကြီးရှာနိုင်မယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် လက်ရှိ သန်းကြွယ်သူဌေးတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု့ကို တစ်ညတည်းနဲ့ ပိုင်ဆိုင်ခဲ့ကြတာ မဟုတ်သလို.....


မတော်တဆ ချမ်းသာသွားတာလည်း မဟုတ်ပါဘူး။
အခုဖော်ပြပေးမယ့် အချက် (၁၀) ချက်ဟာ သင့်ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာအောင် အကူအညီပေးပါလိမ့်မယ်။

၁။ ရင်းနှီးမြုပ်နှံမှုအတွက် ပိုက်ဆံစုပါ။
~~~~~~~~~~~~~~~~~~~~

ပိုက်ဆံများများ ရှာဖို့အတွက် သင့်လက်ထဲမှာ စုဆောင်းထားတဲ့ ငွေအနည်းငယ်တော့ရှိသင့်ပါတယ်။
အားလပ်ရက်မှာ ဖြုန်းမယ့်ပိုက်ဆံတွေ၊ မလိုအပ်တဲ့ အပိုပစ္စည်းတွေ၀ယ်မယ့် ပိုက်ဆံတွေ ကို စုဆောင်းထားသင့်ပါတယ်။
အဲ့ဒိ စုဆောင်းငွေတွေကို လုပ်ငန်းတစ်ခု စတင်ဖို့ အသုံးပြုပါ။ ဒါမှမဟုတ် အလားအလာရှိတဲ့ Project လေးတွေကို
၀ယ်ယူဖို့အတွက် သင့်မှာ စုဆောင်းငွေ အသင့်ရှိမှ အဆင်ပြေမှာပါ။

 

၂။ ဘယ်နေရာမျိုးမှာ ရင်းနှီးမြုပ်နှံသင့်သလဲဆိုတာ ရှာဖွေပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင့်ရဲ့ ငွေတွေကို ဘယ်လုပ်ငန်းမှာ ဘယ်လိုမြုပ်နှံသင့်လဲဆိုတာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။
ဆုံးဖြတ်ချက်မှန်ကန်မှလဲ ရေရှည်အတွက် အောင်မြင်နိုင်မှာပါ။
စျေးကွက်ကို နားလည်အောင် စောင့်ကြည့်သင့်ပြီး အခြား ရင်းနှီးမြုပ်နှံသူတွေရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း စိတ်၀င်စားသင့်ပါတယ်။

 

၃။ မတူကွဲပြားတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ။
~~~~~~~~~~~~~~~~~~~~~~~~~

သင့်ရဲ့ လက်ရှိလုပ်ငန်းမှာ အောင်မြင်မှုတွေ ရရှိနေပြီဆို တစ်ခြား အလားအလာရှိတဲ့ နေရာတွေမှာလည်း ရင်းနှီးမြုပ်နှံထားသင့်ပါတယ်။
လုပ်ငန်းတစ်ခုတည်း အပေါ်မှာပဲ မမှီခိုသင့်ပါဘူး။ အဓိက လုပ်ငန်းကိုလည်း ဆက်လက်အောင်မြင်အောင် ထိန်းသိမ်းပြီး
တစ်ခြားနေရာတွေမှာလည်း သင့်ငွေတွေကို ဖြန့်ကျက် မြုပ်နှံထားပါ။

 

၄။ မလိုအပ်တဲ့ နေရာတွေမှာ ငွေကုန်မခံပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~

သင်သုံးနိုင်တဲ့ ငွေပမာဏထက်ပိုပြီး မဖြုန်းသင့်ပါဘူး။
ငွေကို ခြွေတာသုံးစွဲပြီး၊ ဖြစ်နိုင်ရင် ငွေချေးငှားခြင်း မလုပ်တာ အကောင်းဆုံးပါပဲ။
စျေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ အပတ်စဉ် သွားရောက်စားသောက်တာ၊ မလိုအပ်ဘဲဖြုန်းတီးတာတွေ ရှောင်သင့်ပါတယ်။

၅။ ကိုယ်တိုင် လေ့လာမှုတွေ ပြုလုပ်ပါ။
~~~~~~~~~~~~~~~~~~~~~

သင်ဟာ စီးပွားရေး လောကမှာ အောင်မြင်ဖို့ဆိုရင် လေ့လာမှုအတွက် အချိန်များစွာပေးရပါမယ်။
သင်တန်းတက်ခြင်း၊ စာအုပ်တွေ၀ယ်ဖတ်ခြင်း၊ အင်တာနက်ပေါ်ကနေ သတင်းအချက်အလက်တွေ ရှာဖွေဖတ်ရှုခြင်းတွေပြုလုပ်သင့်ပါတယ်။
အောင်မြင်တဲ့လူတွေဟာ စကားပြောပါးနပ်ကြပြီး နိုင်ငံရေးနဲ့ စျေးကွက်အခြေအနေ တွေကို အမြဲမပြတ် စောင့်ကြည့်လေ့လာလေ့ ရှိကြပါတယ်။

 

၆။ ပိုက်ဆံအပေါ်မှာထားတဲ့ သင့်ရဲ့အမြင်တွေကို ပြောင်းလဲလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိုက်ဆံချမ်းသာဖို့ မဖြစ်နိုင်ဘူးလို့ထင်နေတဲ့ သင့်ရဲ့ အတွေးတွေကို
ရပ်လိုက်ပါ။
ဒါပေမယ့် ဥပဒေနဲ့ ညီညွတ်တဲ့ နေရာကနေပဲ ငွေရှာသင့်ပြီး ၊ သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်တဲ့ လုပ်ငန်းမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။

 

၇။ ပန်းတိုင်တွေကို သက်မှတ်ထားပါ။
~~~~~~~~~~~~~~~~~~~~

သင်သွားချင်တဲ့ လမ်းကြောင်းပေါ်မှာ အာရုံစိုက်နိုင်ဖို့အတွက် ပန်းတိုင်တွေကို သက်မှတ်ထားသင့်ပါတယ်။
ပန်းတိုင်တစ်ခုကို သေချာသက်မှတ်ပြီးသွားရင် အဲ့ဒီ ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားပါ။
တစ်ကြိမ်တည်းနဲ့ အလုပ်တွေအားလုံး ပြီးအောင် လုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် Target အသေးစားလေးတွေ ခွဲပြီး
စနစ်တကျ လုပ်ဆောင်သင့်ပါတယ်။

 

၈။ အောင်မြင်တဲ့လူတွေ ရှိတဲ့ ပါတ်၀န်းကျင်မှာ နေပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

သင့်ထက် ပိုမို အောင်မြင်တဲ့ လူတွေဆီကနေ လေ့လာသင်ယူချင်တယ်ဆို အောင်မြင်တဲ့ လူတွေရှိတဲ့ ပါတ်၀န်းကျင်မှာပဲ
နေသင့်ပါတယ်။
အောင်မြင်ပြီးသား လူတွေကပဲ သင့် ဘ၀ နောက်တစ်ဆင့် အတွက် လက်တွဲခေါ်နိုင်မှာဖြစ်ပါတယ်။

 

၉။ သင့်ကိုယ်သင် သူဌေးတစ်ယောက်အနေနဲ့ စိတ်ကူးယဉ်ကြည့်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချိန် ၁၀ မိနစ်လောက်ပေးပြီး သင်ဟာ လစာ အများကြီး ရနေတဲ့ လူတစ်ယောက်အနေနဲ့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။
ဒါမှမဟုတ် သင့်ရဲ့ ကိုယ်ပိုင်စီးပွားရေးဟာ အရမ်းအောင်မြင်နေတယ်လို့ တွေးကြည့်လိုက်ပါ။
သင်စိတ်ထဲမှာ တစ်စုံတစ်ခုအကြောင်းကို အချိန်ကြာကြာ တွေးနေတယ်ဆို သင့်ရဲ့ မသိစိတ်က လက်တွေ့မှာ တကယ်ဖြစ်လာအောင် တွန်းအားပေးနေတာကြောင့် အခွင့်အလမ်းတွေကို ကောင်းကောင်းအသုံးချ လာနိုင်မှာဖြစ်ပါတယ်။

 

၁၀။ အောင်မြင်ချမ်းသာဖို့အတွက် အသက်အရွယ်က အရေးမကြီးပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံတစ်ချို့မှာတော့ အသက်အရွယ်ကြီး လာပြီဆိုရင် အလုပ်လုပ်ဖို့ ခက်ခဲသွားပါတယ်။
ဒါပေမယ့် သင်ဟာ ပိုက်ဆံချမ်းသာဖို့ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်မယ်ဆို ဘယ်အသက်အရွယ်မှာမဆို အောင်မြင်နိုင်ပါတယ်။
အရမ်းကောင်းတဲ့ အတွေးအခေါ်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

 

<<< Umicode >>>

 

သန်းကြွယ်သေူဌးတယောက်ဖြစ်လာအောင်ကူညီပေးမယ့်အချက်(၁၀)ချက်။
.................................................................................................

 

လူအများစုဟာ ဒေါ်လာသန်းချီပြီး ပိုက်ဆံရှာနိုင်ဖို့ အရမ်းခက်ခဲတယ်လို့ တွေးထားကြပါတယ်။
ကံအရမ်းကောင်းပြီး ထီတွေပေါက်မှသာ ငွေပမာဏအများကြီးရှာနိုင်မယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် လက်ရှိ သန်းကြွယ်သူဌေးတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု့ကို တစ်ညတည်းနဲ့ ပိုင်ဆိုင်ခဲ့ကြတာ မဟုတ်သလို.....မတော်တဆ ချမ်းသာသွားတာလည်း မဟုတ်ပါဘူး။

အခုဖော်ပြပေးမယ့် အချက် (၁၀) ချက်ဟာ သင့်ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာအောင် အကူအညီပေးပါလိမ့်မယ်။

 

၁။ ရင်းနှီးမြုပ်နှံမှုအတွက် ပိုက်ဆံစုပါ။
~~~~~~~~~~~~~~~~~~~~

ပိုက်ဆံများများ ရှာဖို့အတွက် သင့်လက်ထဲမှာ စုဆောင်းထားတဲ့ ငွေအနည်းငယ်တော့ရှိသင့်ပါတယ်။
အားလပ်ရက်မှာ ဖြုန်းမယ့်ပိုက်ဆံတွေ၊ မလိုအပ်တဲ့ အပိုပစ္စည်းတွေဝယ်မယ့် ပိုက်ဆံတွေ ကို စုဆောင်းထားသင့်ပါတယ်။
အဲ့ဒိ စုဆောင်းငွေတွေကို လုပ်ငန်းတစ်ခု စတင်ဖို့ အသုံးပြုပါ။ ဒါမှမဟုတ် အလားအလာရှိတဲ့ Project လေးတွေကို
ဝယ်ယူဖို့အတွက် သင့်မှာ စုဆောင်းငွေ အသင့်ရှိမှ အဆင်ပြေမှာပါ။

 

၂။ ဘယ်နေရာမျိုးမှာ ရင်းနှီးမြုပ်နှံသင့်သလဲဆိုတာ ရှာဖွေပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင့်ရဲ့ ငွေတွေကို ဘယ်လုပ်ငန်းမှာ ဘယ်လိုမြုပ်နှံသင့်လဲဆိုတာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။
ဆုံးဖြတ်ချက်မှန်ကန်မှလဲ ရေရှည်အတွက် အောင်မြင်နိုင်မှာပါ။
ဈေးကွက်ကို နားလည်အောင် စောင့်ကြည့်သင့်ပြီး အခြား ရင်းနှီးမြုပ်နှံသူတွေရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ဝင်စားသင့်ပါတယ်။

 

၃။ မတူကွဲပြားတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ။
~~~~~~~~~~~~~~~~~~~~~~~~~

သင့်ရဲ့ လက်ရှိလုပ်ငန်းမှာ အောင်မြင်မှုတွေ ရရှိနေပြီဆို တစ်ခြား အလားအလာရှိတဲ့ နေရာတွေမှာလည်း ရင်းနှီးမြုပ်နှံထားသင့်ပါတယ်။
လုပ်ငန်းတစ်ခုတည်း အပေါ်မှာပဲ မမှီခိုသင့်ပါဘူး။ အဓိက လုပ်ငန်းကိုလည်း ဆက်လက်အောင်မြင်အောင် ထိန်းသိမ်းပြီး
တစ်ခြားနေရာတွေမှာလည်း သင့်ငွေတွေကို ဖြန့်ကျက် မြုပ်နှံထားပါ။

 

၄။ မလိုအပ်တဲ့ နေရာတွေမှာ ငွေကုန်မခံပါနဲ့။
~~~~~~~~~~~~~~~~~~~~~~~~

သင်သုံးနိုင်တဲ့ ငွေပမာဏထက်ပိုပြီး မဖြုန်းသင့်ပါဘူး။
ငွေကို ခြွေတာသုံးစွဲပြီး၊ ဖြစ်နိုင်ရင် ငွေချေးငှားခြင်း မလုပ်တာ အကောင်းဆုံးပါပဲ။
ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှာ အပတ်စဉ် သွားရောက်စားသောက်တာ၊ မလိုအပ်ဘဲဖြုန်းတီးတာတွေ ရှောင်သင့်ပါတယ်။

 

၅။ ကိုယ်တိုင် လေ့လာမှုတွေ ပြုလုပ်ပါ။
~~~~~~~~~~~~~~~~~~~~~

သင်ဟာ စီးပွားရေး လောကမှာ အောင်မြင်ဖို့ဆိုရင် လေ့လာမှုအတွက် အချိန်များစွာပေးရပါမယ်။
သင်တန်းတက်ခြင်း၊ စာအုပ်တွေဝယ်ဖတ်ခြင်း၊ အင်တာနက်ပေါ်ကနေ သတင်းအချက်အလက်တွေ ရှာဖွေဖတ်ရှုခြင်းတွေပြုလုပ်သင့်ပါတယ်။
အောင်မြင်တဲ့လူတွေဟာ စကားပြောပါးနပ်ကြပြီး နိုင်ငံရေးနဲ့ ဈေးကွက်အခြေအနေ တွေကို အမြဲမပြတ် စောင့်ကြည့်လေ့လာလေ့ ရှိကြပါတယ်။

 

၆။ ပိုက်ဆံအပေါ်မှာထားတဲ့ သင့်ရဲ့အမြင်တွေကို ပြောင်းလဲလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိုက်ဆံချမ်းသာဖို့ မဖြစ်နိုင်ဘူးလို့ထင်နေတဲ့ သင့်ရဲ့ အတွေးတွေကို
ရပ်လိုက်ပါ။
ဒါပေမယ့် ဥပဒေနဲ့ ညီညွတ်တဲ့ နေရာကနေပဲ ငွေရှာသင့်ပြီး ၊ သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်တဲ့ လုပ်ငန်းမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။

 

၇။ ပန်းတိုင်တွေကို သက်မှတ်ထားပါ။
~~~~~~~~~~~~~~~~~~~~

သင်သွားချင်တဲ့ လမ်းကြောင်းပေါ်မှာ အာရုံစိုက်နိုင်ဖို့အတွက် ပန်းတိုင်တွေကို သက်မှတ်ထားသင့်ပါတယ်။
ပန်းတိုင်တစ်ခုကို သေချာသက်မှတ်ပြီးသွားရင် အဲ့ဒီ ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားပါ။
တစ်ကြိမ်တည်းနဲ့ အလုပ်တွေအားလုံး ပြီးအောင် လုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် Target အသေးစားလေးတွေ ခွဲပြီး
စနစ်တကျ လုပ်ဆောင်သင့်ပါတယ်။

 

၈။ အောင်မြင်တဲ့လူတွေ ရှိတဲ့ ပါတ်ဝန်းကျင်မှာ နေပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

သင့်ထက် ပိုမို အောင်မြင်တဲ့ လူတွေဆီကနေ လေ့လာသင်ယူချင်တယ်ဆို အောင်မြင်တဲ့ လူတွေရှိတဲ့ ပါတ်ဝန်းကျင်မှာပဲ
နေသင့်ပါတယ်။
အောင်မြင်ပြီးသား လူတွေကပဲ သင့် ဘ၀ နောက်တစ်ဆင့် အတွက် လက်တွဲခေါ်နိုင်မှာဖြစ်ပါတယ်။

 

၉။ သင့်ကိုယ်သင် သူဌေးတစ်ယောက်အနေနဲ့ စိတ်ကူးယဉ်ကြည့်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချိန် ၁၀ မိနစ်လောက်ပေးပြီး သင်ဟာ လစာ အများကြီး ရနေတဲ့ လူတစ်ယောက်အနေနဲ့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။
ဒါမှမဟုတ် သင့်ရဲ့ ကိုယ်ပိုင်စီးပွားရေးဟာ အရမ်းအောင်မြင်နေတယ်လို့ တွေးကြည့်လိုက်ပါ။
သင်စိတ်ထဲမှာ တစ်စုံတစ်ခုအကြောင်းကို အချိန်ကြာကြာ တွေးနေတယ်ဆို သင့်ရဲ့ မသိစိတ်က လက်တွေ့မှာ တကယ်ဖြစ်လာအောင် တွန်းအားပေးနေတာကြောင့် အခွင့်အလမ်းတွေကို ကောင်းကောင်းအသုံးချ လာနိုင်မှာဖြစ်ပါတယ်။

 

၁၀။ အောင်မြင်ချမ်းသာဖို့အတွက် အသက်အရွယ်ကအရေးမကြီးပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံတစ်ချို့မှာတော့ အသက်အရွယ်ကြီး လာပြီဆိုရင် အလုပ်လုပ်ဖို့ ခက်ခဲသွားပါတယ်။
ဒါပေမယ့် သင်ဟာ ပိုက်ဆံချမ်းသာဖို့ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်မယ်ဆို ဘယ်အသက်အရွယ်မှာမဆို အောင်မြင်နိုင်ပါတယ်။
အရမ်းကောင်းတဲ့ အတွေးအခေါ်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

Credit. K.M.M .........

Read times
Rate this item
(0 votes)