-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိ Customer တွေရဲ့ အချက်အလက်တွေကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းမလဲ…?

Facebook, Instagram, Twitter, Linkedin အစရှိတဲ့ ဆိုရှယ်မီဒီယာတွေ တစ်နေ့ထက်တစ်နေ့ ပိုမို ခေတ်စားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်း အတော်များများဟာလည်း အဲဒီကနေတဆင့် ဈေးကွက်မြှင့်တင်ခြင်း၊ ကြော်ငြာခြင်းများ ပြုလုပ်လာကြပါတယ်။

၉၃ ရာခိုင်နှုန်းသော ကုမ္ပဏီတွေဟာ ဆိုရှယ်မီဒီယာတွေကနေ တဆင့် ဖောက်သည်တွေနဲ့ အမြဲထိတွေ့နေကြပြီး ၇ ရာခိုင်နှုန်းကပဲ သမားရိုးကျ Marketing & Advertising နည်းလမ်းဟောင်းတွေကို အသုံးပြုကြပါတယ်။

ကုမ္ပဏီနဲ့ Customer တွေကြားမှာ ယုံကြည်မှုကို အခြေပြုတဲ့ ဆက်ဆံရေးတစ်ခု ရှိဖို့ လိုအပ်ပါတယ်။ မိမိ Customer တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အခြားသူတွေဆီ မရောက်အောင် ထိန်းသိမ်းပေးဖို့က ယုံကြည်မှုတစ်ခု တည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးပါ။

ပိုမို ခေတ်စားလာနိုင်တဲ့ Digital Advertising နည်းများ

အကြောင်းအမျိုးကြောင့် မိမိ Customer တွေရဲ့ အချက်အလက်တွေ ခိုးယူခံရပြီး အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် သင့်ရဲ့ကုမ္ပဏီကို သူ့အနေနဲ့ ပြန်လည် ယုံကြည်နိုင်ဖို့က ခက်ခဲသွားပါပြီ။ ဒါကြောင့် မိမိကုမ္ပဏီအနေနဲ့ Customer တွေရဲ့ အချက်အလက်တွေကို လုံခြုံအောင် ဘယ်လို ထိန်းသိမ်းလို့ ရနိုင်မလဲ ဆိုတဲ့ ကိစ္စတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။  အဲဒီကိစ္စဟာ သာမန်အားဖြင့် ကြည့်ရင် ပေါ့သေးသေးလို့ ထင်ရပေမဲ့ ခံလိုက်ရသူတွေမှာ အတိုင်းအတာ တစ်ခုအထိ ငွေကြေးဆုံးရှုံးမှုတွေ ရှိနေတဲ့အပြင် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေလည်း ရှိခဲ့တာ တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ပြည်တွင်းဘဏ်တစ်ခုအဖြစ် အယောင်ဆောင်ပြီး ဖုန်းနံပါတ်တစ်ခုကနေ User Name နဲ့ Password တွေကို ဖုန်းမက်ဆေ့ခ်ျကနေတစ်ဆင့် တောင်းတဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးတာကို အားလုံး အမှတ်ရကြမှာပါ။ ဘဏ်ကတောင်းတာထင်ပြီး ပေးလိုက်မိတဲ့ သူတွေတောင် ရှိခဲ့ပါတယ်။

များသောအားဖြင့် ဘဏ်တွေ၊ တယ်လီကွန်တွေနဲ့ နာမည်ကြီး ကုမ္ပဏီ အများစုဟာ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို Code Number တွေအစား သူတို့ရဲ့ Brand Name တွေ အသုံးပြုပြီး Customer တွေကို ဆက်သွယ်ပါတယ်။ ဥပမာ - MPT က မက်ဆေ့ခ်ျပို့တယ်ဆိုရင် ဂဏန်းနံပါတ်တွေ မပေါ်ပဲ MPT ဆိုပြီးပဲ ပေါ်ပါတယ်။ KBZ, AYA, CB တို့လည်း ထို့နည်းတူပါပဲ။ ဒါကို Secure Brand-Owned Conversation Channel လို့ ခေါ်ပါတယ်။

 

AYA MPT

 

မိမိကုမ္ပဏီအနေနဲ့ ဒီလို Secure Brand-Owned Conversation Channel မလုပ်နိုင်သေးဘူး ဆိုရင်လည်း ကုမ္ပဏီ ရုံးဖုန်းနဲ့ ဆက်သွယ်ပြီး မိမိတို့သာ စစ်မှန်ကြောင်းနဲ့ ဘယ်လိုဆိုရင် မိမိတို့ဖြစ်ပြီး ဘယ်လိုဆိုရင် မိမိတို့ မဟုတ်မှန်ကြောင်း လူတွေသိအောင် ရှင်းပြထားသင့်ပါတယ်။ ကုန်ပစ္စည်းတွေလည်း အတူတူပါပဲ။ အစစ်တွေ ထုတ်ပြီးတိုင်း အတုတွေက ထွက်ပေါ်နေလေတော့ အစစ်နဲ့အတု ဘယ်လိုခြားနားကြောင်းကို Customer တွေ နားလည် သဘောပေါက်အောင် အသိပေးထားသင့်ပါတယ်။

Customer Care အတွက် အလုပ်ခန့်ထားတဲ့ ၀န်ထမ်းတွေကိုလည်း Customer တွေ ပေးပို့တဲ့ အချက်အလက်တွေက ကုမ္ပဏီအတွက် မည်သို့ အရေးပါပုံ၊ မည်ကဲ့သို့ လုံခြုံအောင် ထိန်းသိမ်းသင့်ပုံ၊ မည်သည့် ဆက်သွယ်ရေး လမ်းကြောင်းတွေက ယုံကြည်စိတ်ချရပြီး Customer တွေအတွက် အဆင်ပြေပုံ စတာတွေကို သေချာသိနားလည်အောင် ရှင်းပြ၊ သင်ပြ၊ ပြောပြသင့်ပါတယ်။

Google Ads နဲ့ Facebook Ads ဘယ်ချန်နယ် သုံးသင့်လဲ...?

တချို့ကုမ္ပဏီတွေကတော့ သူတို့ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျမှာ ပစ္စည်းတွေ မှာယူတဲ့အခါ သို့မဟုတ် ၀န်ဆောင်မှုတွေ ရယူတဲ့အခါ Customer တွေအနေနဲ့ မိမိတို့ရဲ့ နာမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာ အစရှိတဲ့ ကိုယ်ရေးအချက်အလက်တွေကို Comment ကနေ မပေးပဲ မက်ဆင်ဂျာကနေ ပေးဖို့ သတိပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်အလက်တွေကို မသမာသူတွေက အလွဲသုံးစား လုပ်သွားတဲ့အခါ နစ်နာမှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။

အခုဆိုရင် မြန်မာနိုင်ငံမှာ ဖေ့ဘုတ်စ် အသုံးပြုသူပေါင်း ၁၀ သန်းကျော် ရှိနေပြီး လူတန်းစားပေါင်းစုံ ဒီပေါ်မှာ သက်ဝင် သွားလာ လှုပ်ရှားနိုင်နေကြပါပြီ။ ကောင်းတဲ့သူတွေ ရှိသလို မကောင်းတာလုပ်ဖို့ ချောင်းနေတဲ့ မုဆိုးတွေလည်း ရှိနေတာ သေချာပါတယ်။ မိမိလုပ်ငန်းရဲ့ ပြုမူဆောင်ရွက်ပုံကြောင့် မိမိလုပ်ငန်းကို အားပေးမယ့်သူတွေ မုဆိုးတွေရဲ့ လက်မှာ သားကောင် ဖြစ်မသွားအောင် ဂရုစိုက်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Customer တွေ အနေနဲ့လည်း အွန်လိုင်းပေါ်ကနေ ပစ္စည်းတွေ ၀ယ်ယူတဲ့အခါ၊ ၀န်ဆောင်မှုတွေ ရယူတဲ့အခါ  မက်ဆင်ဂျာကနေပဲ အချက်အလက်တွေ ပေးပို့ခြင်းအားဖြင့် မိမိရဲ့ အချက်အလက်တွေကို မိမိကာကွယ်နိုင်ကြပါစေ။

Ref: Adweek

Written by Su Mon Oo

Read times
Rate this item
(1 Vote)