-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးကွက်ထိုးဖောက် ကြော်ငြာနိုင်တဲ့ နည်းလမ်း ၂မျိုး

ဈေးကွက်ထိုးဖောက် ကြော်ငြာနိုင်တဲ့ နည်းလမ်း ၂မျိုး google

အောင်မြင်နေတဲ့ လုပ်ငန်းတွေဟာ လူအများသိကြတယ်။ မအောင်မြင်သေးတဲ့ လုပ်ငန်းတွေဟာ လူနည်းစုပဲ သိကြတယ်။

လုပ်ငန်းကို လူသိများခြင်းဟာ လုပ်ငန်းအောင်မြင်လာခြင်း ဖြစ်တာမို့ Advertising လုပ်ငန်းကြော်ငြာများနှင့် ဈေးကွက်သို့ ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။ ဘယ်နည်းလမ်းတွေနဲ့ မိမိထုတ်ကုန်ကို ဈေးကွက်ထဲရှိ ဖောက်သည်ဆီသို့ ရောက်အောင် Communication Channel ဆက်သွယ်မလဲဆိုတဲ့ နည်းလမ်းတွေကို ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဦးတည်လိုတဲ့ Market ဈေးကွက်နဲ့ ဈေးကွက် ထိုးဖောက်မဲ့နည်းလမ်း Marketing ကို စဉ်းစားဖို့ လိုအပ်ပါတယ်။ Market ဆိုတာက ဖောက်သည်ရှိနေသော အခွင့်အလမ်းရှိသော ဈေးကွက်နေရာဖြစ်ပါတယ်။ Marketing ဆိုတာကတော့ ထို ဈေးကွက်ထဲသို့ ဘယ်လောက်ထိုးဖောက်မလဲ၊ ဘာတွေ ဖန်တီးမလဲဆိုတဲ့ Process လုပ်ဆောင်ချက်တွေ၊ Activity ဆောင်ရွက်မှုတွေကို စဉ်းစားခြင်းပဲဖြစ်ပါတယ်။ ဖောက်သည်များရှိတဲ့ ဈေးကွက်ဆိုတာ ရှိနေပြီးအရာဖြစ်တာမို့ Marketing နည်းလမ်းတွေကိုပဲ ပိုမိုစဉ်းစားဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

ဈေးကွက်ထိုးဖောက် ကြော်ငြာနိုင်တဲ့ အဓိက နည်းလမ်း ၂မျိုးဖြစ်တဲ့

Print Media ဖြစ်တဲ့ လက်ကမ်းစာစောင်၊ ကြော်ငြာ ဗီနှိုင်း၊ သတင်းမီဒီယာ စတဲ့ နည်းလမ်းတွေသုံးနိုင်သလို၊ Electric Media ဖြစ်တဲ့ Online အွန်လိုင်း၊ TV Channel များ၊ Video ဗီဒီယို စတဲ့ နည်းလမ်းတွေလဲသုံးနိုင်ပါတယ်။

ဈေးကွက်ထိုးဖောက် ကြော်ငြာတဲ့အခါ Advertising ရဲ့ လမ်းညွှန်ချက် ၅ချက်ဖြင့် ဈေးကွက်ထိုးဖောက်ကြော်ငြာဖို့ အကြံပြုချင်ပါတယ်။

၁။ ရည်ရွယ်ချက်

ကုမ္ပဏီအမှတ်တံဆိပ်ကို လူသိဖို့ ကြော်ငြာခြင်းလား၊ ထုတ်ကုန်ရဲ့ အရောင်းအားမြင့်တင်ဖို့ ကြော်ငြာခြင်းလား (Advertising Mission) လုပ်ငန်းကြော်ငြာမှုရဲ့ ရည်ရွယ်ချက်ကို စဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်။

၂။ အသုံးစရိတ်

လိုချင်တဲ့ အရောင်းဦးတည်ချက် ရစေနိုင်ဖို့အတွက် Risk & Return သုံးစွဲမှုနှင့် ပြန်လည်ရရှိနိုင်မှု ခန့်မှန်းပြီး (Advertising Money) လုပ်ငန်းကြော်ငြာရဲ့ အသုံးစရိတ်ကို သတ်မှတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

၃။ သတင်းအချက်အလက်

ဖောက်သည်စိတ်ဝင်စားအောင် ပေးလိုတဲ့ အဓိက သတင်းစကား (Advertising Message) လုပ်ငန်းကြော်ငြာရဲ့ စာသားတွေ၊ Key Words အကြောင်းအရာတွေကို စဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်။

၎။ ကြားခံသတင်းမီဒီယာ

ဦးတည်လိုတဲ့ ဈေးကွက်ထဲသို့ ထိရောက်အကျိုးရှိစေတဲ့ နည်းလမ်းများကို ရွေးချယ်သတ်မှတ်ပြီး (Advertising Media) ကြားခံဆက်သွယ်ရေးနည်းလမ်းများနဲ့ ထိရောက်စွာကြော်ငြာဖို့ လိုအပ်ပါတယ်။

၅။ ပြန်လည်ဆန်းစစ်သုံးသပ်ချက်

ကြော်ငြာရဲ့ ထိရောက်မှု၊ ပြန်လည်ရလဒ်ရှိမှု Cost & Benefit ကုန်ကျစရိတ်နဲ့ အကျိုးရလဒ် အပေါ် ပြန်လည်ဆန်းစစ်မှု (Adverting Measure) ပြန်လည်သုံးသပ်ပြီး ရည်ရွယ်ချက်ပြည့်မှီဖို့လဲ လိုအပ်မှာဖြစ်ပါတယ်။

Advertising ဈေးကွက်ကြော်ငြာခြင်းနဲ့ Marketing ရဲ့ သဘောမှာ မိမိထုတ်ကုန်ကို ဈေးကွက်သို့ ရောက်အောင် သိအောင် Communication ဆက်သွယ်ပေးဖို့၊ ဈေးကွက်မှ ဖောက်သည်များမှ မိမိရဲ့ လုပ်ငန်းသို့ Information သတင်းမေးမြန်းမှုကို ပြန်ကြားပေးဖို့နဲ့ မိမိထုတ်ကုန်ကို ဈေးကွက်ထဲမှ ဖောက်သည်များသို့ Deliver ပေးပို့ပြီး လိုအပ်သောဝန်ဆောင်မှု ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။


Source; Zin Phyo Paing (MESI)

Myanmar Advertising Directory

Read times
Rate this item
(1 Vote)