-->
×

Warning

JUser: :_load: Unable to load user with ID: 29


Instant Articles ဆိုတာဘာလဲ

Instant Articles ဆိုတာဘာလဲ google

တစ်ချို့ Facebook နဲ့ နီးစပ်မှုရှိတဲ့သူတော်တော်များများ ကတော့ Instant Articles ဘာလဲဆိုတာ သိကြပါတယ်။

ဒီနေရာမှာ မသိသေးသူအတွက်ရော သိပြီးသားသူတွေအတွက်ရော အဆင်ပြေအောင် ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်။ Instant Articles ကနေ တစ်နေ့ကို ၀င်ငွေ ဒေါ်လာပေါင်းများစွာ ၀င်အောင် လုပ်ကိုင်နိုင်ပါတယ်။ အွန်လိုင်းကနေ ၀င်ငွေရှာမယ်ဆိုတာ ဒါကိုမှ အစစ်ဖြစ်ပါတယ်။


၁။ ဘယ်ကနေ ၀င်ငွေရတာပါလဲ

Content စီစဉ်သူ ၊ page ပိုင်ရှင် ( Publishers ) တွေကို Facebook ကနေ ဒေါ်လာပေးတာဖြစ်ပါတယ်။ Facebook ကနေ တစ်ခြား ကြော်ငြာပြုလုပ်တဲ့ သူတွေဆီကနေ ငွေကောက်ခံတယ်။ ပြီးရင် ကြော်ငြာတဲ့ သူတွေရဲ့ ကြော်ငြာတွေကို ထို Instant article ရှိတဲ့ နေရာမှာ လာပြတယ်။ ဆိုတော့ Instant article လုပ်တဲ့သူက ၀င်ငွေရပါတယ်။ သို့ပေမဲ့ Page အနေနဲ့ ၀င်ကြည့်သူများပြီး Engagement ကောင်းတစ်ခုကိုတော့ ပိုင်ဆိုင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။

Read More...သင့်လုပ်ငန်းအတွက် Website တစ်ခုမှ ပေးစွမ်းနိုင်တဲ့ အားသာချက်များ


၂။ Instant Articles ဆိုတာ

ပုံမှန် Articles ( ဆောင်းပါး) တွေကို facebook ပေါ်မှာ တင်တဲ့အခါ အရှည်ကြီးတွေဆိုရင် ၀ဘ်ဆိုဒ်ကို ပြန်ညွှန်းရလေ့ရှိပါတယ်။ ထို Instant Article မှာ ပြန်ညွှန်းရတာတွေမရှိဘဲ (၁၀ဆ) မြန်ဆန်စွာ facebook app ပေါ်မှာ Articles တွေကို နေရာတစ်ခုမှာ ဖတ်လို့ရပြီး Publisher ( Page ပိုင်ရှင်) တွေအတွက် စီစဉ်ပေးထားတဲ့ Mobile publishing နေရာတစ်ခုဖြစ်ပါတယ်။


၃။ Instant articles ဘယ်လို အလုပ်လုပ်လဲ 

Instant article တွေကို သီးသန့် facebook ပေါ်မှာ ပြန် publish လုပ်စရာမလိုဘဲ အလိုအလျောက် ၀ဘ်ဆိုဒ်ပေါ်က CMS (Content Management System) မှာ publish လုပ်တာမျိုးဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်လည်း ရှိဖို့လိုအပ်ပါတယ်။ ၀ဘ်ဆိုဒ်ပေါ်မှာ ရှိတဲ့ Content တွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ facebook အနေနဲ့လည်း သူရဲ့ Community standards နဲ့ ကိုက်မကိုက်ဆိုတာကို ကြည့်ဖို့ review တွေ ရှိပါတယ်။


Report အနေနဲ့ ကြည့်မယ်ဆို facebook ပေါ်မှာ ကြည့်ကြတဲ့ Instant article တွေအတွက် Facebook အနေနဲ့ referral traffic လို့ ယူဆမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆို ဖတ်တဲ့ မိုဘိုင်း users တွေဟာ ၀ဘ်ဆိုဒ်ကို လည်ပတ်ခဲ့တာ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ တကယ်လို့ Instant articles ပေါ်က Traffic ကိုတိုင်းချင်တယ်ဆိုရင် Google analytic လို့ tools တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ကိုယ် Instant article ကို ဘယ်နှစ်ယောက်ဖတ်ခဲ့ သလဲဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။


#Credit

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)