-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google Display Network နဲ့ Programmatic Display ဘာတွေကွာခြားလဲ

Google Display Network နဲ့ Programmatic Display ဘာတွေကွာခြားလဲ pixabay

ကြော်ငြာများ ဖြန့်ဝေဖို့ Online ကို ခြေဆန့်လာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေမှာ ရွေးချယ်စရာနည်းလမ်းတွေ ပိုမိုများပြား လာတတ်ကြပါတယ်။

ကိုယ့်ရဲ့ Targeted Audience ကို လက်လှမ်းမှီဖို့အတွက် Google Adwords တွေ၊ Display Advertising ၊ Remarketing ၊ Sponsored Content တွေ၊ Paid Content တွေအပြင် အခြားသော နည်းလမ်းတွေကို အခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာပဲ Programmatic Advertising ဟာ အချိန်မှန် အနေအထားမှန်မှန် နှင့် Audience အမှန်တွေဆီကို ကြော်ငြာတွေ အတိအကျ ပို့ပေးနိုင်တာကြောင့် Advertiser တွေအကြားမှာ အသုံးပြုမှုများပြားလာခဲ့ပါတယ်။ သို့ပေမယ့် Advertiser တွေကြားမှာ Google Adwords Display Advertising နှင့် Programmatic Display Advertising နှစ်မျိုးကြား တူသယောင် ဖြစ်နေတဲ့အတွက် ရောထွေးနေတာ တွေ့ရပါတယ်။ အဆိုပါ Ads Platform နှစ်ခုရဲ့ မတူညီတဲ့ အဓိက သော့ချက်ကတော့ အလိုအလျောက် မဟုတ်ဘဲ ဘယ်လိုမျိုး Ad Space တွေကို ရွေးချယ်ထားသလဲ ဆိုတဲ့ အချက်အပေါ်မှာ ကွဲပြားသွားတာ ဖြစ်ပါတယ်။


Display Advertising ဆိုတာ ဘာလဲ

Display Advertising ဆိုတာ Banner Ads ၊ Responsive Ads နှင့် Rich Media Ads တွေပုံစံမျိုးရှိတဲ့ Digital Advertising မျိုးပါ။ အခြေခံသဘောတရားအရတော့ Image ပေါ်မှာ မှီခိုတယ်ဆိုပေမယ့် Image သီးသန့်မဟုတ်ဘဲ Audio ၊ Video နဲ့ Text တွေပါ အသုံးပြုပြီး Audience တွေကို Communicate လုပ်လို့ရပါတယ်။ Google Adwords Display Network (GDN) ဟာ နာမည်အရဆုံးနှင့် လူသုံးများဆုံး Display Advertising Platform တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ Bling Display ၊ Facebook Adertising Network (FAN) တို့လို့မျိုးတွေ ဖြစ်ပါတယ်။

GDN ကတော့ Advertiser တွေဟာ Domain ၊ Keyword တွေ သို့မဟုတ် Topic ၊ Interest ပေါ်မူတည်ပြီး Audience ကို Target ထားလို့ရပါတယ်။ Google Adwords Search Network နဲ့ အတူတူပါပဲ Advertisers တွေဟာ Click သို့မဟုတ် Conversation တွေအတွက် KPI လိုမျိုး Campaign တွေနဲ့ သူတို့ရဲ့ Placement ၊ Bid နဲ့ Ad Schedule တွေအပေါ် အပြည့်အ၀ ထိန်းချုပ်မှုတွေကို စီစဉ်လုပ်ဆောင်လို့ရပါတယ်။ Search Network လိုမျိုး Behavioral Targeting နဲ့ Contextual Targeting တွေကို ဖွင့်မပေးထားပေမယ့် Query Based Targeting ကိုတော့ ပြုလုပ်နိုင်ပါတယ်။

Read More...သင်သာ ဝယ်သူဆိုရင် ဘယ်လိုကြော်ငြာမျိုးကို သဘောကျမလဲ?


Programmatic Display ဆိုတာ ဘာလဲ။ GDN နဲ့ ဘာတွေကွာခြားလဲ


Programmatic Advertising ဆိုတာ Display Advertising ကို နောက်တဆင့် ထပ်တက်စေဖို့အတွက် အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။ Google Analytics နှင့် Third Party Analytics ရဲ့ Host တို့ဟာ Campaign တွေ၊ Customer Behavior တွေအတွက် ကောင်းမွန်တဲ့ Data တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ Traffic တွေ၊ Website ပေါ်က Audience Behavioral funnels တွေ၊ ပြုလုပ်လိုက်တဲ့ Action တွေ၊ Keywords တွေ Bid Optimizations တွေ ၊ Topic တွေနှင့် အခြားဟာတွေကို Convert လုပ်ခြင်းဖြင့် လိုအပ်တဲ့ Data တွေကို စစ်တမ်း ကောက်ယူနိုင်ပါတယ်။ ဒီနည်းလမ်းဟာ Digital Marketing Strategy တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

Display Advertising ကို အကောင်းဆုံး အနေအထားနှင့် ပြုလုပ်ချင်တယ်ဆိုရင်တော့ Programmatic ဟာ Behavioral Data ကို ပိုမို မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။ Programmatic Advertising ဆိုတာ Software နှင့် ပြုလုပ်တာ ဖြစ်တဲ့အတွက် စက်ကနေ ဘယ် Placement အကောင်းဆုံးလဲ ဆိုတာကို ဆုံးဖြတ်လေ့ရှိပြီး တကယ်တမ်း Ads Placement တွေကို ၀ယ်ယူတဲ့အခါမှာ အသုံးပြုသူတွေရဲ့ Interest တွေ၊ Behavior တွေ၊ Location တွေကို အခြေခံပြီး ရွေးချယ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့် Campaign နှင့် ကိုက်ညီမယ့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရှာတွေ့စေနိုင်တဲ့ အပြင် အကောင်းဆုံး နှင့် အထိရောက်ဆုံး Placement တွေကို Bid လုပ်ဖို့ အခွင့်အရေး ပေါ်ပေါက်စေပါတယ်။

 

Source; NzaAdshelp

Myanmar Advertising Directory

Read times
Rate this item
(3 votes)