-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Facebook Relevance

သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Facebook Relevance google

ကြော်ငြာတွေ Audience ဆီကို ရောက်ဖို့ Facebook Relevance ကိုစနစ်တကျ အဆင့်အလိုက် အသုံးပြုမယ်ဆိုရင်တော့ ကုန်ကျစရိတ်ကို လျော့ကျစေနိုင်ပါတယ်။

Full campaign အနေဖြင့် Facebook Relevance မပြုလုပ်ခင်မှာ ကြော်ငြာ Creative Option တွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ ပြုလုပ်ဆဲ campaign တွေကို အကျိုးရှိအောင် Insights ကိုလည်း ပံ့ပိုးပေးပါတယ်။


၁။ လုံလောက်တဲ့ delivery ကိုရရှိနိုင်တယ်

Facebook Ad’s Relevance score က မြင့်လေလေ Delivering က ဈေးသက်သက်သာသာ ဖြစ်သွားလေပါပဲ။ အကြောင်းအရင်းကတော့ Facebook’s Ad Delivery System က Content နှင့်ကိုက်ညီတဲ့ လူတွေဆီကိုသာ သွားပေါ်ဖို့ design လုပ်ထားတာကြောင့်ပဲဖြစ်တယ်။ Delivery system မှာ Relevance တစ်ခုထဲကိုပဲ ထည့်သွင်းစဉ်းစားတာမဟုတ်ပါဘူးနော်။ လေလံ လုပ်ခြင်းဟာလည်း မေ့မထားသင့်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဥပမာ တူညီတဲ့ Audience ကို ကြော်ငြာနှစ်ခုစလုံးက ရည်ညွှန်းထားတယ်ဆိုပါစို့။ Relevance score မြင့်ပြီး လေလံ နည်းတဲ့ ကြော်ငြာက Relevance score နိမ့်ပြီး လေလံ များတဲ့ ကြော်ငြာထက် ပေါက်ရောက်မှုပိုရှိနိုင်မယ်လို့ တသတ်မှတ်ထဲပြောလို့ မရပါဘူး။ ဒါကြောင့် relevance score ကိုသာ အခိုင်အမာရအောင် လုပ်ထားမယ်ဆိုရင် Facebook ရဲ့ System မှာ လုံလောက်တဲ့ delivery ကိုရရှိနိုင်ပါတယ်။

ကြော်ငြာတစ်ခုရဲ့ အရေးကြီ်းဆုံးဖြစ်တဲ့ Call To Action


၂။ Campaign တစ်ခု စမ Run ခင် Ad Creative ကိုစမ်းသပ်ပါ

Ads တွေ မပြုလုပ်ခင် ပိုပြီးအကျိုးရှိအောင်ဆိုပြီး အမြဲတမ်းအကြံပေးတဲ့အထဲ ဒီအချက်ပါဝင်ပါတယ်။ Relevance score လေးပါထပ်လောင်းလိုက်လို့ကတော့ ပိုပြီးအောင်မြင်ပေါက်ရောက်မှာ အသေအချာပါပဲ။ မတူညီတဲ့ ရုပ်ပုံတွေနဲ့ Audience တွေကို အမျိုးမျိုးပေါင်းပြီး စမ်းသပ် ပြုလုပ်ကြည့်ခြင်းအားဖြင့် မည့်သည့် Combination က Relevance Score ပိုမြှင့်နိုင်မလဲဆိုတာကို သုံးသပ်လို့ရတာပေါ့။

 

၃။ ရှိပြီးသား Campaign တွေကို အကျိုးရှိအောင်ပြန်လုပ်မယ်

အရင်က တင်ပြီးသား Campaign တွေရဲ့ Relevance Score အတက်အကျတွေကို သိနေအောင် စောင့်ကြည့်နေသင့်ပါတယ်။ ယခင် ရှိနေတဲ့ Ads တွေကနေ Patterns တွေကို လေ့လာခြင်းဖြင့် တခြားအလုပ်ဖြစ်တဲ့ insights တွေ ထွက်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘယ် Ads ဟာဆိုရင်တော့ Score အမြင့်ဆုံးရှိနေပြီး လတ်တလော အကျွမ်းတဝင်ရှိနေတာလဲ စသည်ဖြင့်ပေါ့။ Score စကျသွားပြီဆိုတာနဲ့ Creative နဲ့ Targeting ကို အချိန်မှီ refine ပြန်လို့ရတာပေါ့။

Relevance score ဆိုတာ Ad’s performance အတွက် အခြေခံ Indicator မဟုတ်ကြောင်းကို Facebook က သတိပေးထားပါသေးတယ်။ Facebook အပေါ်မှာ ကိုယ့် Post အောင်မြင်စေချင်တယ်ဆိုရင်တော့ ကြော်ငြာနှင့် အတူ Business goal ကို အခြေခံထားတဲ့ Bidding လုပ်ခြင်းက အဓိကအချက်သာဖြစ်ပါတယ်။


Source; NZA-Adshelp

Myanmar Advertising Directory

Read times
Rate this item
(1 Vote)