-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google Ads ကို အတွင်းကျကျ ရှုမြင်ခြင်း

Google Ads ကို အတွင်းကျကျ ရှုမြင်ခြင်း Google

အွန်လိုင်းကြော်ငြာကဏ္ဍတွင် ဂူဂဲကြီးစိုးထားသည်။ အမေရိကန်နိုင်ငံ ဒစ်ဂျစ်တယ်ကြော်ငြာဈေးကွက်သည် ကန်ဒေါ်လာ ၁၃၀ ဘီလီယံပြီး ဈေးကွက်ဝေစု ၃၇% ကို ဂူဂဲက ရရှိထားသည်။

ကြော်ငြာရှင်များနှင့် ၀က်ဘ်ဆိုက်များတို့အကြားအလွှာတိုင်းတွင် ဂူဂဲသည် အဓိကအားဖြစ်အောင် နေရာယူထားသည်။ အွန်လိုင်းကြော်ငြာ ရောင်းဖို့ဝယ်ဖို့အတွက် ကိရိယာများကိုလည်းဂူဂဲက စီစဉ်ပေးထားသည်။ ဂူဂဲ၏ ပလက်ဖောင်းများပေါ်တွင် ဖြစ်စေ၊ ၀က်ဘ်ပေါ်ရှိ ၀က်ဘ်ဆိုက်များတွင်ဖြစ်စေ ကြော်ငြာရောင်းရေးဝယ်တာအတွက် ကိရိယာများစီစဉ်ပေးထားသည်။

ဘယ်လိုလုပ်ပေးထားသလဲ

ပြီးခဲ့သည့်နှစ်က အွန်လိုင်းကြော်ငြာများထံမှ ၀င်ငွေ ၁၁၆.၃ ဘီလျံ ရရှိခဲ့သော်လည်း ဂူဂဲသည် ရှာဖွေပေးရေးကိုသာ အဓိကလုပ်ငန်းအဖြစ် ဆက်လက်စွဲကိုင်ထားသည်။ သို့ဖြစ်ရာ ကြော်ငြာကိစ္စကိုလည်း ရှာဖွေမှု search အပေါ်တွင်အခြေတည်ထားသည်။ ဂူးဂဲကို သုံးစွဲပြီး ရှာဖွေသည့်အခါ အန်ထုတ်ပေးလိုက်သည့် စာမျက်နှာအညွှန်းများဖော်ပြသည့် စာမျက်နှာတို့တွင် ကြော်ငြာများကို ပြသပေးသည်။ ထို့အတွက် ကြော်ငြာသူက စာလုံး၊ စာသားတို့ကို အခြေခံပြီး ကြော်ငြာနေရာကို လေလံဆွဲရသည်။  ထို စာလုံ၊း စာသားများသည် ဂူဂဲသုံးစွဲသူတို့ ရှာဖွေသည့်အခါ ရိုက်သည့်သည့် စာလုံ၊း စာသားများ (Keywords ) ဖြစ်သည်။ လေလံဆွဲရန်အတွက် ကိရိယာစီစဉ်ပေးထားသည်။ ၎င်းကိရိယာမှာ Google Ads ဖြစ်သည်။ ယခင်က “AdWords” ဟု ခေါ်တွင်ခဲ့သော ကိရိယာဖြစ်သည်။ ကြော်ငြာ၏ စွမ်းဆောင်ရည်ကို တိုင်းတာဖို့အတွက်လည်း ကိရိယာ ရှိသည်။ ၎င်းကိရိယာမှာ  Analytics 360 ဖြစ်သည်။

Read More >>>ပြီးပြည့်စုံတဲ့ ကြော်ငြာ sponsored post တစ်ခုရရှိအောင် အစီစဉ်တကျနဲ့ဘယ်လိုဖန်တီးမလဲ...?

နေရာအနှံ့ ပြသနိုင်ခြင်း

အွန်လိုင်းနေရာအနှံ့အပြားမှာ ကြော်ငြာများပြပေးဖို့ ၀န်ဆောင်မှုတွင် ဂူးဂဲသည်ဈေးကွက်ကို ဦးဆောင်သည့်နေရာတွင် နေရာယူထားသည်။ မနေ့တနေ့ကမှ စတင်သည့် ၀က်ဘ်ဆိုက်မှအစ ချက်နည်းပြုတ်နည်း ၀က်ဘ်ဆိုက်များအထိ ၀က်ဘ်ဆိုက် အမြောက်အမြားတို့တွင်သာမက မိုဘိုင်းအက်ပ်များတွင်လည်း ကြော်ငြာပြပေးနိုင်သည်။ ဂိမ်းများတွင်လည်း ကြော်ငြာပြပေးနိုင်သည်။ ကြော်ငြာအကွက်ငယ်တို့ကို ဆောင်းပါးဘေးတွင်ဖြစ်စေ၊ ဆောင်းပါးထဲတွင်ဖြစ်စေ ဖော်ပြသည်။ ထို့အပြင် ဗီဒီယိုထဲတွင်လည်း ဖော်ပြပေးသည်။ ထိုသို့ လုပ်ဆောင်ရန် ဂူးဂဲမှာကြော်ငြာ နေရာ ad space ၀ယ်ယူဖို့ ကိရိယာ အဆင်သင့်ရှိသည်။ အကောင်းဆုံး ကိရိယာလည်း ဖြစ်သည်။ DV 360 ဟု အတိုကောက် ခေါ်ဝေါ်ကြသည့်  Display & Video 360 ကိရိယာ ဖြင့် brand များက ၀က်ဘ်သုံးစွဲသူများကို သတ်မှတ်ထားသည့် စိတ်ဝင်စားမှုများနှင့် လူဦးရေအမျိုးအစား၊ အချိုးအစား အစုစုများ demographic profiles အရ ပစ်မှတ်ရွေးချယ်ပြီး ကြော်ငြာနေရာများကို ၀ယ်ယူသုံးစွဲရန် လေလံဆွဲ၍ ရနေစေသည်။

ကြော်ငြာဈေးဗန်းများထဲသို့ လေလံဆွဲရမည့် ကြော်ငြာနေရာများ ထည့်ပေးထားသည်။ ထောင်ချီသော အရေအတွက်ရှိသည့် ၀က်ဘ်ဆိုက်များတွင် ရရှိနိုင်သော ကြော်ငြာနေရာများကို ကမ်းလှမ်းပေးထားခြင်း ဖြစ်သည်။ လေလံကို အီလက်ထရွန်းနစ်လေလံဖြင့် အလိုအလျောက် လုပ်ကိုင်ပေးသည်။ DV360  ဈေးဗန်းထဲတွင် ထည့်ပေးထားသော ကြော်ငြာနေရာများကို ဂူဂဲက မပိုင်ပေ။ သို့သော် ၎င်းကြော်ငြာနေရာများတွင် အများအပြားတို့သည် ဂူဂဲမှ ပိုင်ဆိုင်သည့် ကြော်ငြာဒိုင် ad exchange ဖြစ်သော AdX တွင် တင်ထားသော ကြော်ငြာများ ဖြစ်သည်။ AdX ကြော်ငြာဒိုင်သည် အွန်လိုင်းကြော်ငြာ ဈေးကွက်တွင် ထက်ဝက်နီးပါး ဝေစုရရှိထားပေရာ ကမ္ဘာပေါ်တွင်အကြီးမားဆုံး ကြော်ငြာဒိုင်ကြီး ဖြစ်တော့သည်။

ဤစီးပွားလုပ်ငန်းနယ်ပယ်၏ တစ်ဘက်တွင် ကြော်ငြာလိုသူများ ရှိနေကြသည်။

အခြားတစ်ဖက်တွင် ၀က်ဘ်ဆိုက် လွှင့်တင်ထားကြ သော ထုတ် ဝေသူများ ရှိနေသည်။.

ဥပမာ သင်ယခုဖတ်ရှုနေသည့် ၀က်ဘ်ဆိုက် စာမျက်နှာဖြစ်သည့် https://www.myanmaradvertisingdirectory.com ၏ ၀က်ဘ်စာမျက်နှာ။

ထုတ်ဝေသူတို့သည် ၎င်းတို့၏ ၀က်ဘ်ဆိုက်များတွင်  ကြော်ငြာနေရာများကို ဖန်တီးပြီး ဈေးဗန်းထဲသို့ ရောင်းဖို့ ထည့်ကြသည်။ ထို့အတွက် ကြော်ငြာဆာဗာများကို သုံးထားသည်။ ထိုကြော်ငြာဆာဗာများတွင် ဈေးကွက်ဝေစု အနည်းဆုံး ၇၀% ရထားသူမှာ ဂူဂဲ ဖြစ်သည်။ ထုတ်ဝေသူ အကြီးစားတို့သည် DoubleClick for Publishers ဟု လူသိများသည့် ဆာဗာများကို သုံးလေ့ရှိသည်။ ထုတ်ဝေသူ အသေးစားတို့သည် ဂူဂဲ၏ AdSense ကို အသုံးများသည်။ မိုဘိုင်းအက်ပ် ထုတ်ဝေသူများသည် ဂူဂဲ၏ AdMob ကို သုံးကြသည်။

ဤနေရာ၌ သိထားသင့်သည်မှာ DoubleClick for Publishers နှင့် AdX တို့ကို တွဲချည်ထားပြီး ထုတ်ကုန် တစ်ခုတည်းအဖြစ် စီစဉ်ထားသည်။ Google Ad Manager ဟု အမည်ပေးထားသည်။

Airline Inc. ကုမ္ပဏီက ဂူဂဲ ရှာဖွေမှု ရလဒ်များ ဖြော်ပပေးသည့် စာမျက်နှာများ (Google search results pages) တွင် ကြော်ငြာသည့်အခါ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ဖော်ပြအပ်ပါသည်။

Airline Inc ကုမ္ပဏီက DV Ad (Display & Video ad) ပြသ နှင့် ဗီဒီယို ကြော်ငြာကို ၀က်ဘ်ဆိုက်နှင့် အက်ပ်တို့တွင် ကြော်ငြာလိုသည့်အခါ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ဖော်ပြအပ်ပါသည်။

ကြော်ငြာလိုသူသည် ဗီဒီယိုတွင် ကြော်ငြာလိုသည် ဆိုပါစို့။ ထို့အတွက် အွန်လိုင်း ဗီဒီယို ကြော်ငြာအတွက် လုပ်ကိုင်သည့် ကုမ္ပဏီများ၏ ကိရိယာကို သုံးစွဲပြီး ၀ယ်ယူနိုင်သည်။ သို့သော် ဂူဂဲ၏ YouTube တွင် ကြော်ငြာရန်အတွက် ၀ယ်ယူနိုင်မည် မဟုတ်ချေ။ YouTube တွင် တင်ဆက်သော ဗီဒီယိုများ၌ ကြော်ငြာထည့်လိုပါက ကြော်ငြာလိုသူတို့သည် ဂူဂဲ၏ ကိရိယာကိုသာ သုံးစွဲရမည်။ YouTube သည် လစဉ် သုံးစွဲသူဦးရေ ၂ ဘီလျံ ရှိသည်။ သို့ဖြစ်ရာ ပရိသတ် အရေအတွက်အရ အခြားအွန်လိုင်း ဗီဒီယို ၀န်ဆောင်မှုများထက် အပြတ်အသတ် ပိုကြီးမားနေသည်။

ကြော်ငြာရှင်တို့သည် ၀ယ်ယူမှု ကိရိယာ အမျိုးမျိုးတို့ အကုန်လုံးကို သုံးစွဲနိုင်ကြပြီး မိမိ၏ ကြော်ငြာကို ၀က်ဘ်ဆိုက်ပေါ် ရောက်ရှိစေရန် ဂူဂဲက စီစဉ်ပေးထားသည်။ ထို့အပြင် လျှော့ဈေးများကိုလည်း ပေးကမ်းထားသည်။ ဥပမာ DV 360 တွင် သတ်မှတ်ထားသည့် ပမာဏကို ကြော်ငြာပြီးချိန်တွင် campaign-planning tool ဖြစ်သည့် Campaign Manager သုံးစွဲခွင့်ကို လျှော့ဈေးဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Myanmar Advertising Directory

Read times
Rate this item
(2 votes)