-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၁)

ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၁) Google

ဆိုရှယ်မီဒီယာနယ်ပယ်ထဲ TikTok နေရာယူခြင်းသည် တစ်ဟုန်ထိုး တိုးချဲ့နေသည်မှာ ကြောက်ခမန်းလိလိ ဖြစ်နေသည်။

အများသိပြီး ဖြစ်သည့်အတိုင်း  TikTok သည် video app ဖြစ်သည့်အားလျော်စွာ ဗီဒီယို တင်ရန်သက်သက်သာ သုံးဖို့ ဖြစ်သည်။ TikTok ကို သုံးစွဲသူများပြားပြီး ဗီဒီယို ဖန်တီးမှုလက်ရာများကို တင်ပြကြသည်။ လူအများရှိရာ ကြော်ငြာလာ ဆိုသည့် ဆိုထုံးအတိုင်း လူစုလူဝေး ရှိသည့် နေရာတို့တွင် ကြော်ငြာကို တင်ဆက်ကြရပေရာ TikTok သည် လူစုလူဝေးရှိရာ ကြော်ငြာနေရာသစ်တစ်ခုဖြစ်လာနေသည်ကို တွေ့ရသည်။ 

TikTok ၏ သက်တမ်းမှာ ၂ နှစ်သာ ရှိသေးသည်။ သုံးစွဲသူတို့က ဗီဒီယိုရိုက်ပြီး တင်ကြသည်ကို သုံးစွဲသူတို့က ကြည့်ရှုကြသည်။ နှစ်ထောင်းအားရ ဖြစ်ကြသည်။ ဤသို့ဖြင့် TikTok  သည် ယခုအခါ ဈေးကွက် ၁၅၀ ခုတို့တွင် ကြော်ငြာ၍ရသော video app အဖြစ်သို့ ရောက်ရှိနေသည်။ ဘာသာစကား ၇၅ မျိုးဖြင့် အသုံးပြု၍ ရသည်။ အမြဲမပြတ် သုံးစွဲသူဦးရေ လစဉ် သန်း ၇၀၀ ကျော် ရှိနေသည့် ဗီဒီယို ပလက်ဖောင်း ဖြစ်သည်။  အမေရိကန်နိုင်ငံတွင် TikTok ကို download ရယူသည့် ကြိမ်ရေ သန်း ၈၀ ကျော်ရှိနေပြီဟု သတင်းတစ်ပုဒ်တွင် ဖတ်ရှုရသည်။ follower အများဆုံး အကောင့်မှာ ဂျာမနီမှ အမြွှာ ညီအစ်မ ဖြစ်သည့် Lisa and Lena တို့၏ အကောင့်ဖြစ်ပြီး follower ၃၁ သန်းခွဲကျော် ရှိသည်။ 

ဆိုရှယ်မီဒီယာ နယ်ပယ်တွင် လူကြိုက်များ ရေပန်းစားသည့် ဗီဒီယိုကားတို အက်ပ်များတွင်  TikTok သည် နောက်မှပေါ်သည့် ရွှေကြာပင် ဖြစ်သည်။ အမေရိကန်နှင့် ကနေဒါတို့တွင် Vine ရေပန်းစားသည်။ တရုတ်နိုင်ငံတွင် Kuaishou ရှိသည်။ သို့သော် TikTok ကဲ့သို့ ကမ္ဘာတစ်လွှား ပေါက်သွားသည့် ဗီဒီယိုကားတို အက်ပ် အဖြစ်သို့ မရောက်ကြချေ။ Vine က ဗီဒီယိုကို ၆ စက္ကန့်ဖြင့် ကန့်သတ်ထားသည်။  TikTok က ၁၅ စက္ကန့်အထိ ရသည်။ ထို့အပြင် ၁၅ စက္ကန့်ဗီဒီယိုများကို တွဲချိတ်ပြီး ဇာတ်လမ်းခင်းလျှင် စက္ကန့် ၆၀ (၁ မိနစ်) အထိ အရှည်ခင်း၍ ရသည်မှာစ်သက်တမ်းအတွင်းမှာ TikTok သည် အိန္ဒိယမှာ သုံးစွဲသူ သန်း ၂၀၀ ဝန်းကျင်ကို သိမ်းသွင်းခဲ့သည်။

Read More>>>ကြော်ငြာအတွက် Content Video လုပ်ဖို့အသံသွင်းတော့မယ်ဆိုရင်...

လက်ရှိတွင် Facebook သည် သုံးစွဲသူ သန်း ၃၀၀ ရှိပြီး သက်တမ်းမှာ ၁၃ နှစ်ရှိပြီ ဖြစ်သည်။ သို့ဖြစ်ရာ အိန္ဒိယတွင် TikTok ၏ ရေပန်းစားပုံသည် ကြောက်ခမန်းလိလိ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် Instagram ကို download ရယူသည့် ကြိမ်ရေမှာ ၄၄၄ သန်း ဖြစ်သည်။ TikTok က ၆၆၃ သန်းဖြင့် စံချိန်တင်ခဲ့သည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းနှင့် လစဉ်အမြဲမပြတ် သုံးစွဲသူ ပထမသန်း ၁၀၀ ရရှိရန် ကြာမြင့်ကာလ အားသာချက်တစ်ခု ဖြစ်သည်။တစ်နှစ်သက်တမ်းအတွင်းမှာ TikTok သည် အိန္ဒိယမှာ သုံးစွဲသူ သန်း ၂၀၀ ဝန်းကျင်ကို သိမ်းသွင်းခဲ့သည်။

လက်ရှိတွင် Facebook သည် သုံးစွဲသူ သန်း ၃၀၀ ရှိပြီး သက်တမ်းမှာ ၁၃ နှစ်ရှိပြီ ဖြစ်သည်။ သို့ဖြစ်ရာ အိန္ဒိယတွင် TikTok ၏ ရေပန်းစားပုံသည် ကြောက်ခမန်းလိလိ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် Instagram ကို download ရယူသည့် ကြိမ်ရေမှာ ၄၄၄ သန်း ဖြစ်သည်။ TikTok က ၆၆၃ သန်းဖြင့် စံချိန်တင်ခဲ့သည်။ 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းနှင့် လစဉ်အမြဲမပြတ် သုံးစွဲသူ ပထမ သန်း ၁၀၀ ရရှိရန် ကြာမြင့်ကာလ

ကြော်ငာနယ်ပယ်သစ်ဖြစ်လာတဲ့ TikTok (၂) ဆက်ရန်>>>

Source: Campaign Asia-Pacific

Read times
Rate this item
(1 Vote)