-->
×

Warning

JUser: :_load: Unable to load user with ID: 29


Giphy ရဲ့ GIF ကြော်ငြာ

Giphy ရဲ့ GIF ကြော်ငြာ Google

ဆိုရှယ်မီဒီယာတွေနဲ့အတူ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ ပေးပို့လို့ရတဲ့ Message App တွေလည်း တွင်ကျယ်လာတယ်။

ဖုန်းပြောတာထက် မက်ဆေ့ခ်ျပို့ရတာကို ပိုလုပ်ဖြစ်တဲ့ ယဉ်ကျေးမှုဓလေ့ ပေါ်ပေါက်လာတယ်။ တစ်ချိန်က တင်ရှားပြီး အတွင်ကျယ်ဆုံးဖြစ်တဲ့ "Gchat", "Gtalk" စသဖြင့် ခေါ်ဝေါ်ကြတဲ့ Google Talk မှ တစ်ဆင့် စာတွေရိုက်ပြီး အသံတိတ်စကားပြောဆိုတဲ့ ဓလေ့ထွန်းကားလာခဲ့တယ်။ chatting (ချပ်တင်) အတွက် အချိန်သုံးစွဲခဲ့ကြတယ်။

Message App သုံးစွဲမှု ဆက်လက်ထွန်းကားလာခဲ့ပြီး ခုပို့ခုရောက် Message App တွေကို ဈေးရောင်းဈေးဝယ်အပါအဝင် အလုပ်ကိစ္စပြောဆိုမှုတွေအတွက် သုံးစွဲတဲ့ယဉ်ကျေးမှုဓလေ့ ဖြစ်ထွန်းလာခဲ့တယ်။
Message တွေ ပို့ကြတဲ့အခါ စာသားသက်သက်အပြင် emotion တွေကိုပါ ထည့်သုံးကြတယ်။ နောက်တော့ စတစ်ကာ(Sticker) အငြိမ်နဲ့ အလှုပ်တွေအပြင် ပုံအလှုပ် GIF တွေကိုပါ သုံးလို့ရအောင် Message App တွေမှာ စီစဉ်ပေးထားကြလို့ Sticker GIF EMOJI ဆိုပြီး အနည်းဆုံး (၃)မျိုး သုံးလို့ရတဲ့အဖြစ်ဆီကို ရောက်ခဲ့ပါတယ်။

အဲဒီ ၃ မျိုးမှာ GIF ကဏ္ဍကို Giphy က ကြီးစိုးထားပါတယ်။ Giphy ကို ထူထောင်သူနဲ့ စီအီးအို အဲလက်ချန်း Alex Chung ဟာ GIF တွေကို အခမဲ့ ပေးသုံးထားပြီး ဝင်ငွေကိုကြော်ငြာဖြင့် ရှာဖွေပါတယ်။ Giphy ရဲ့ GIF တွေ အလွန်အမင်း အသုံးများလာခဲ့ချိန်မှာ အဲလက်ချန်းက ကြော်ငြာဖြင့် ဝင်ငွေရှာဖွေတာကို ပြီးခဲ့တဲ့ နှစ် ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ sponsored GIF တွေကို အမေရိကန်နိုင်ငံ မှာ စတင်ခဲ့ပြီး အခြားနိုင်ငံတွေကို ဆက်လက်ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ချဲ့ထွင်တာမှာ မနိုင်ဝန် ထမ်းရတဲ့အဖြစ်ကို မကြုံရအောင်သတိထားပြီး လုပ်ကိုင်သွားမှာဖြစ်တယ်လို့ စီအီးအို အဲလက်ချန်းက ဆိုပါတယ်။

တစ်ခုတည်းသော ပလက်ဖောင်း

“ကျွန်တော်တို့ ကြော်ငြာလက်ခံပြီး လုပ်ပေးလို့ရတဲ့ ပလက်ဖောင်းဆိုလို့ တစ်ခုပဲ ရှိတယ်။ အဲဒါက Message တွေ ပေးပို့ကျတဲ့ ပလက်ဖောင်း” လို့ သူက ပြောပါတယ်။ Facebook ရဲ့ စီးအီးအို Mark Zuckerberg ကလည်း ပြီးခဲ့တဲ့ မတ်လက အနာဂတ်မှာကြော်ငြာနေရာ Ad Space တွေက မက်ဆေ့ခ်ျပို့တာနဲ့ stories တွေမှာ ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ မက်ဆေ့ခ်ျပေးပို့တဲ့ ကြော်ငြာနေရာကို Giphy က ရောက်နေနှင့်ပြီးသား ဖြစ်နေတယ်။ ပြီးတော့ နောက်ဖေးပေါက်ကနေ ဝင်ခွင့်ရထားတာလည်း ဖြစ်ပါတယ်။ Giphy ရဲ့ GIF တွေကို လူသုံးများလွန်းတာမို့ Message App တွေက သူတို့ရဲ့ သုံးစွဲသူတွေ ဆန္ဒပြည့်ဝစေဖို့ မရမဖြစ် စီစဉ်ပေးထားကြတယ်။

ပြီးတော့ အဲဒီ ဖက်ဆေ့ ပလက်ဖောင်းက အနာဂတ်ရဲ့ ကြော်ငြာနေရာ ဖြစ်နေတယ်။ GIF တွေဟာ တကယ်တော့ ဗီဒီယိုအပိုင်းအစတွေပါ။ အသံတိတ် ဗီဒီယိုအပိုင်းအစတွေ ဖြစ်ပေမဲ့ မက်ဆေ့ခ်ျပို့ချင်တဲ့သူ အသိပေးချင်တာကို ပြောပြပေးနေတာဟာ GIF တွေ ရဲ့ တစ်မူထူးခြားတဲ့ဂုဏ်သတ္တိ ဖြစ်ပါတယ်။ အပြောမတတ်ရင် ဆဲသလိုဖြစ်ပေမဲ့ GIF တွေက ပေးလိုတဲ့မက်ဆေ့ခ်ျကို သိမ်သိမ်မွေ့မွေ့ဖြင့်ပေးတယ်။ ပြောခံရလို့ စိတ်ဆိုးရမယ့်အစား ပြုံးချင်စရာ ဖြစ်အောင် လည်း GIF တွေက လုပ်ပေးတယ်။ messaging app တွေမှာ စာရိုက်ပြီး ပြောဆိုကြတာကို အသက်ဝင်အောင်လုပ်ပေးတယ်။

အခုဆိုရင် Giphy ရဲ့ GIF တွေကို ရှာဖွေသုံးစွဲပြီးပေးပို့ကြတာ တစ်နေ့ကို (၇ )ဘီလျံ ကျော်ရှိနေတယ်။ လာမယ့် နှစ်နှစ်ကြာပြီးတိုင်း အဲဒီပမာဏ ၂ ဆ တိုးမယ်လို့ စီအီးအို အဲလက်ချန်း က ခန့်မှန်းထားတယ်။ Giphy ရဲ့ GIF တွေနဲ့ engagement ထိတွေ့သူဦးရေဟာ တစ်နေ့လျှင် ၅ ဘီလျံ ဝန်းကျင် ရှိနေတယ်။ ဒီတော့ Twitter နဲ့ Snapchat နှစ်ခုပေါင်းမှာ နေ့စဉ် engagement ထိတွေ့သူဦးရေထက် ပိုများနေတယ်။ အခုအခါ GIF သုံးလို့ရအောင် လုပ်ပေးထားပြီ ဖြစ်တဲ့ Instagram Stories မှာ နေ့စဉ် engagement ထိတွေ့သူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း ဝန်းကျင်ရှိတယ်။

အဲဒီလို မြင့်မားနေတဲ့ ထိတွေ့မှုဦးရေ ကျေနပ်မှုရရှိနေအောင် GIF အသစ်အသစ်တွေကို နေ့စဉ်ဖန်တီးပြီး အင်တာနက်ပေါ် တင်ပေးနေတယ်။ Giphy မှာ GIF အသစ် နေ့စဉ်ဖန်တီးပေးဖို့ ဝန်ထမ်း ၂၅၀ ဦး ခန့်ထားပြီး လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အမေရိကန်နိုင်ငံမှ လုပ်ကိုင်ပေးနေကြတယ်။ ဆိုရှယ်မီဒီယာမှာ ဟော့ဖြစ်တဲ့ ကိစ္စတွေကို ချက်ချင်း GIF ထုတ်ပေးကြတယ်။ ပရိသတ်သန်းချီတဲ့ အားကစားပွဲတွေမှ ဗီဒီယို ဖြတ်စတွေနဲ့ ဖန်တီးထားတဲ့ GIF တွေ၊ လတ်တလော လူပြောများတဲ့ နိုင်ငံရေး မိန့်ခွန်းတွေနဲ့ ဖန်တီးထားတဲ့ GIF တွေကို ချက်ချင်း ထုတ်လုပ်ပေးကြတယ်။

Read More>>>ကုန်ပစ္စည်းသုံးလိုက်ရတဲ့ခံစားမှုကို ဖန်တီးကြော်ငာနိုင်တဲ့ Experiential Marketing

“ကျွန်တော်တို့ ဘာသိခဲ့သလဲ ဆိုတော့ လူတွေက မက်ဆေ့ခ်ျပို့ပြီးပြောဆိုတဲ့အခါ ပေးပို့တဲ့ GIF တွေဟာ ယဉ်ကျေးမှုဓလေ့နဲ တကယ်ကိုပတ်သက်နေတယ်။ ဖော်ပြထားတာဟာ အဲဒီယဉ်ကျေးမှုဓလေ့ အကြောင်းဖြစ်ရမယ်။ ပြီးတော့ တိုတောင်းရမယ်။ YouTube ဗီဒီယိုတွေဟာ ပျမ်းမျှအားဖြင့် ၅ မိနစ် ကြာတယ်။ အဲဒါ ရှည်လွန်းအားကြီးတယ်။ မက်ဆေ့ခ်ျထဲမှာ အပြန်အလှန် ပြောဆိုကြတဲ့အခါ ဘယ်သူမှ YouTube ဗီဒီယိုကို ကြည့်မှာ မဟုတ်ဘူး။ မက်ဆေ့ခ်ျမှာ အပေါ်ကို တစ်ချက်တွန်းတင်လိုက်ချိန်မှာ ဖော်ပြထားတာဟာ ပြပြီးသားဖြစ်နေအောင် တိုတောင်းဖို့လိုအပ်တယ်” လို့ အဲလက်ချန်းက ပြောပြတယ်။

Giphy က ကြော်ငြာတွေကို GIF အဖြစ်ပြောင်းတယ်။ အဲဒီ GIF တွေကို မက်ဆေ့ခ်ျအက်ပ် သုံးတဲ့သူတွေကယူသုံးကြတယ်။ သာမန် GIF အဖြစ် သုံးကြတာဖြစ်ပေမဲ့ လူသူမြင်တွေ့ ပျံ့နှံ့မှု ကောင်းတာမို့ ကြော်ငြာရှင်တွေ သဘောကျကြတယ်။ “‌GIF လုပ်ပေးထားတဲ့ brand ဆီမှာ အလုပ်လုပ်တဲ့ အလုပ်အမှုဆောင်ဆီကို တစ်ယောက်ယောက်က မက်ဆေ့အက်ပ်နဲ့ စာရိုက်ပြီး ပြောဆိုတဲ့အခါ အဲဒီ brand ကြော်ငြာ GIF ကို ထည့်သုံးလိုက်တာမျိုးကို ကြုံရလေ့ရှိတယ်။ အဲဒီလိုဆို သဘောကျကြတယ်။ ကြော်ငြာကြတယ်။ ကြော်ငြာထည့်ဖို့အတွက်စည်းရုံးဖို့ လွယ်လွယ်ကူကူ ဖြစ်သွားစေတယ်” လို့ သူကပြောပြတယ်။

Source: Campaign Asia-Pacific

 

Read times
Rate this item
(1 Vote)