-->
×
Warning
JUser: :_load: Unable to load user with ID: 29
Tiger ဘီယာမှ ကျားကြီးအား အိမ်မှာ နေခိုင်းထား
ယခုကမ္ဘာနှင့်တစ်ဝှမ်းဖြစ်နေတဲ့ ကိုရိုနာရောဂါကြောင့် နာမည်ကြီး Brand တော်တော်များများရဲ့ Logo ( ကုန်အမှတ်တံဆိပ် ) များကို "Social Distancing" လူတစ်ဦးနဲ့တစ်ဦး အကွာအဝေးတစ်ခုမှာနေခြင်း သဘောဆောင် ကာ မားကတ်တင်းသမားများက ၎င်းတို့ Brand ရဲ့ စားသုံးသူများအားသတိပေးကာ အပြိုင်အဆိုင်လှုံဆော်နေကြပါသတဲ့။
"Social Distancing"ဆိုတာကတော့ အသေးစိတ်ပြောရလျှင် လူထုအများကြီးကိုရှောင်ရှားတာဖြစ်ပြီး လူစုလူဝေးတွေ၊နေရာအသေးလေးမှာလူတွေစုနေခြင်းတွေ ဥပမာ Pubs၊ရုပ်ရှင်ရုံများ၊စားသောက်ဆိုင်များ၊ကဇာတ်ရုံများ၊ကမ်းခြေ၊ဘားများနဲ့ ကလပ်တွေ စတာတွေကိုရှောင်ရှားတာပဲဖြစ်ပါတယ်။
ထို Logo ကို Social Distancing အတွက် ပုံစံပြောင်းတဲ့ Brand များထဲတွင် Tiger ဘီယာ ပါဝင်ပါတယ် Tiger ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Facebook နဲ့ အင်စတာဂရမ် တို့မှာ Page Logo ကို ချိန်းခဲ့တာပါ။
Logo ကို အစက Tiger ဘီယာက နေလုံးနဲ့ အုန်းပင်ပုံ ( ပင်လယ်ကမ်းခြေအလား ) အား ကျားရဲ့ Background နောက်ခံ အဖြစ်ထားခဲ့တာဖြစ်ပြီး အခုမှာတော့ ကျားရဲ့ နောက်က Background ကို အိမ်ပုံစံ ချိန်းလိုက်ပါပြီ။စင်္ကာပူမှာရှိတဲ့ စင်္ကာပူရီးယမ်းလူမျိုးတွေကို အခုလိုရောဂါဖြစ်ပွားနေချိန်မှာ အိမ်မှာနေဖို့ သတိပေးတာပါတဲ့။
ထို့အပြင် ထို Logo အသစ်ကြော်ငြာ တွင် ' ငါတို့ရဲ့ လမ်းတွေကို အထောက်အကူပြုသော အားဖြင့် ထိုလမ်းများရဲ့ အဝေးမှာ နေထိုင်ကြပါ ' ဆိုကာရေးသားထားပါတယ်။ထို Tiger ဘီယာ လုပ်ငန်းစုက စင်ကာပူရီးယန်း များ ကို သူ့တို့ဘဝတွေကိုကျန်းမာပျော်ရွှင်စွာနေနိုင်ဖို့ အိမ်မှာပဲ နေပါ အပြင် မထွက်ပါနဲ့ ဆိုကာ သတိပေးလိုက်တာပါ။
ထိုသို့ အိမ်မှာ နေခြင်းကြောင့် မြို့တွင်း စီးပွားရေးလုပ်ငန်းများကို လည်း ထောက်အကူဖြစ်စေမယ်ဆိုကာ ပြောကြားသွားပါတယ်။ဒါ့ထက် အဆိုပါ Post မှာ Tiger ဘီယာ က #SupportOurStreets ဆိုပြီးတော့ သူ့ရဲ့ ကြော်ငြာ Campaign အသစ်နာမည်ကို Hashtag နဲ့ရေးသားသွားပါသေးတယ်။
Tiger ဘီယာကို စင်္ကာပူနိုင်ငံအတွင်း ယမကာ ဖြန့်ချီရောင်းချတဲ့ ယမကာ Asia Pacific Breweries ရဲ့ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ Faye Wee က ထိုသို့ #SupportOurStreets ဈေးကွက် မြှင့်တင်ရေး Campaign အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၎င်းတို့ ပြည်တွင်းလုပ်ငန်းတွေဖြစ်တဲ့ကော်ဖီဆိုင်တွေ ၊ ဘားတွေ ၊ စင်တင် တေးဂီတ နေရာတွေကို ကိုဗစ်ကြောင့် ခံစားနေရသည်များကို အမြန်ဖြတ်ကျော်နိုင်ဖို့ပါတဲ့။
Wee ထက်မံပြောကြားခဲ့တာကတော့ ဒီစင်္ကာပူရဲ့ လမ်းတွေပေါ်မှာ မွေးဖွားကြီးပြင်း လာသူတွေအနေနဲ့ ယခု #SupportOurStreets Campaign က လူတွေကို အိမ်ထဲမှာပဲနေဖို့ အသိလေးကပ်ပေးတာကြောင့် စင်္ကာပူမြို့ကြီးလဲ ဒီရောဂါဆိုးကနေ အမြန်ကျော်လွှားနိုင်တာပေါ့ ဒါ့အပြင် ဘားတွေ ၊ night life သွားတဲ့ နေရာ တွေ ၊ စားသောက်ဆိုင်တွေတော်တော်များများကို Tiger ဘီယာက အကောင်းဆုံးလက်တွဲဖော်ဆိုတာ သိစေချင်လို့ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီ လှုံဆော်ပေးတယ်သိရပါတယ်။
Tiger ဘီယာဟာ ယခင် နှစ်ကာလကြာရှည်ကတည်းက ပြည်တွင်း လမ်းဘေးစာ ဆိုင်တွေနဲ့ ဆက်စပ်မှု့ရှိပြီး ခဲ့တဲ့ နှစ် ဇွန်လက ၎င်းတို့ limited-edition ဘီယာဗူးတွေကို မိတ်ဆက်ရောင်းချခဲ့တယ်သိရပါတယ်။ထိုပုလင်းခွံများတွင် စင်္ကာပူရဲ့ အထင်ကရ နေရာ ပုံများပါဝင်ပါတယ်။၎င်းတို့မှာ Katong, Serangoon က Chomp Chomp အစားအသောက်ရုံ, Jurong က တရုတ်ပန်းခြံ , Bugis က Bugis Street ဈေးဆိုင် နဲ့ Chong Pang မြို့မှ Yishun’s first neighbourhood စင်တာ စတာတွေပါဝင်ပါတယ်။
ဒါ့အပြင် ဉာဏ်စမ်းမေးခွန်းလေးတွေဖြေလို့ရတဲ့ Buzzfeed မှာတောင် Tiger မှ မေးခွန်းလေးတွေလုပ်ထားတာတွေ့ရပါတယ်။၂၀၁၈ မှာတုန်းက Tiger ဘီယာ မှ ဆာတေးအရသာနဲ့ အာလူးပြားကြော် ကို စင်္ကာပူတစ်မြို့ထဲမှာပဲ ထုတ်လုပ်ခဲ့ပါတယ်။
Tiger မှတင်မဟုတ်ပါဘူး Brand တွေတော်တော်များများ က ယခုအချိန်မှာ အိမ်မှာနေဖို့အသိပညာပေး တွေ Sharing လုပ်နေပါတယ် ဒါ့ထက် IKEA မှလည်း '' Stay Home '' Camaign လုပ်ပြီးIKEA မှ အကြီးဆုံးဖြစ်တဲ့ Nigel Richardson က အခုချိန်မှာ သင်ချစ်တဲ့ မိသားစုတွေနဲ့ အိမ်မှာနေနေဖို့ က အရေးအကြီးဆုံးပါ ဆိုကာပြောကြားသွားခဲ့ပါတယ်။
မလေးရှား မှာလည်းပဲ Brand တွေက သူတို့ရဲ့ Logo တွေကို လက်ရှိ အခြေအနေအလိုက် Stay Home ပုံစံဖန်တီးကြတယ်သိရပါတယ်။Brand တွေနဲ့ အေဂျင်စီတွေဖြစ်တဲ့ Celcom, Entropia နဲ့ လက်မှတ်အရောင်း ပလက်ဖောင်းဖြစ်တဲ့ redBus တို့လည်း အိမ်မှာနေဖို့ လူစုလူဝေး ရှောင်ဖို့Logo တွေလုပ်ထားကြပြီသိရပါတယ်။
Tiger Beer switches its sun for house in logo to support stay at home
tiger
<<< Zawgyi >>>
Tiger ဘီယာမှ ကျား ကြီးအားအိမ်တွင်နေခိုင်းထား
-----------------------
Ref : Marketing Interactive
Read times
Rate this item
(0 votes)