-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်လိုချင်တဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံမျိုးရရှိအောင်

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်လိုချင်တဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံမျိုးရရှိအောင် Google

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် အရေးကြီးတာတစ်ခုက ဝန်ထမ်းကိစ္စပါ။

တစ်ချို့လုပ်ငန်းတွေက တစ်ယောက်တည်းနဲ့ စကြပေမယ့် အနှေးနဲ့အမြန်ဆိုသလို ဝန်ထမ်းကတော့ သေချာပေါက်လိုလာပါမယ်။ အဲဒီအချိန်မှာ ကိုယ်ကိုယ်တိုင် အကောင်းဆုံးအရည်အသွေးတွေနဲ့ စိတ်တိုင်းကျတည်ဆောက်ခဲ့တာဟာ ဝန်ထမ်းတွေနဲ့ လုပ်ငန်းလည်ပတ်ရတဲ့အခါ ကိုယ်တိုင်ရော၊ customer တွေပါ စိတ်တိုင်းမကျတာမျိုးတွေ ဖြစ်လာပါတယ်။


လုပ်ငန်းအဆင်ပြေလို့ နောက်ထပ်ချဲ့ချင်တဲ့အခါ လူခွဲမရှိလို့ အဆင်မပြေတာမျိုး၊ လက်ရှိလုပ်ငန်းမှာလည်း ကိုယ်မရှိတဲ့အခါ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းမှာ Main Theme တစ်ခုနဲ့ အခြား ၂ ခုလောက်ကို အဓိကထားပါ။ အားလုံးကောင်းတာကောင်းပေမယ့် တကယ့်ရေရှည်မှာတော့ သိပ်မလွယ်လှပါဘူး။ ပြီးတော့ အဲဒါကို ဝန်ထမ်းတွေနားလည်အောင် ရှင်းပြထားပါ။ ကိုယ်လိုချင်တဲ့ ပုံစံရအောင်လည်း လေ့ကျင့် သင်ကြားပေးပါ။

တစ်ချို့တွေက ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် မိသားစုဆန်ဆန် ဆက်ဆံတာမျိုး၊ ငွေရေးကြေးရေးကအစ လိုအပ်သလို ကူညီပေးတာမျိုးတွေက ကောင်းပါတယ်။ ဒါပေမယ့် အရမ်းမိသားစု ဆန်လွန်းရင်လည်း စည်းကမ်းပိုင်းမှာ ပြောရခက်ပါတယ်။ အရမ်းတင်းလွန်းရင်လည်း လူမမြဲတတ်ပါဘူး။ နောက်တစ်ခု ကိုယ်ကလေ့ကျင့်သင်ကြားပြီးရင် သာမယ်ထင်တဲ့နေရာကို ပြောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကလည်း သဘာဝ တစ်ခုပါ။

ကိုယ်ကအတတ်နိုင်ဆုံး လုပ်ပေးထားပေမယ့် ပြောင်းချင်ရင်လည်း ပြောင်းပါစေ။ ကိုယ့်လုပ်ငန်းမှာ ရှိနေတဲ့အချိန်မှာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းဖြစ်အောင်တော့ လေ့ကျင့်သင်ကြားပေးထားပါ။
လုပ်ငန်းကို ကိုယ်တိုင်ဦးစီးတယ်ဆိုပေမေယ့် အလျင်းသင့်သလို နည်းနည်းခွာပေးပါ၊ ကိုယ်မရှိတဲ့အချိန်မှာ ဘယ်လိုတွေဖြစ်သလဲဆိုတာကို လေ့လာကြည့်ပါ၊ customer ရဲ့ စကားသံကိုလည်း ပြန်နားထောင်ပါ။

ဖြစ်နိုင်ရင် အားနည်းချက်တွေကို ကိုယ်ကအရင်မြင်ပြီး ပြင်နိုင်အောင် ကြိုးစားပါ။ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးတဲ့အခါ ဖြေးဖြေးချင်း အချိန်ယူပြီးလုပ်ပါ။ တစ်ခါတစ်လေ အားနည်းချက်ချို့ယွင်းချက်တွေ တွေ့တဲ့အခါ ကိုယ်က အောက်ခြေကနေ အခြေတည်လာတာဆိုတော့ စေတနာဒေါသနဲ့ ရာဇဝင်သမိုင်းချီပြီး တစ်ခါတည်း ပြောလိုက်မိတတ်ပါတယ်။ ကိုယ်ကတော့ စေတနာနဲ့ ပြောတာမှန်ပေမယ့် တစ်ခါတစ်လေ လူဆိုတာက ကိုယ်ကြိုက်တဲ့ အစားအစာတောင်မှ တစ်ခါတည်း ၂-ပွဲ ကျွေးရင် မစားနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံးရောက်ရှိနေတဲ့ Web Design ကုမ္ပဏီ (၇) ခု

ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးတဲ့အခါ ကိုယ်ကစကားကို ဖွယ်ဖွယ်ရာရာ နားဝင်အောင် မပြောတတ်ဘဲ ဒုတ်ထိုးအိုးပေါက် ပြောမိတာမျိုးဆိုရင် ဝန်ထမ်းကို ပြောချင်တဲ့အကြောင်းအရာနဲ့ သက်ဆိုင်တဲ့၊ ကိုက်ညီတဲ့ စာအုပ်မျိုးတွေရွေးပြီး ကိုယ်ကိုယ်တိုင်က ဖတ်ပါ။ တဆင့်ပြန်ပြောပါ ပြီးတော့ တစ်ချို့စာအုပ်တွေကို ဝန်ထမ်းတွေကိုယ်တိုင် ဖတ်ဖြစ်အောင် စည်းရုံးပါ။ ဖြစ်နိုင်ရင် စာအုပ်စင် လေးထားပေးပါ၊ အားတဲ့အချိန်လေးတွေမှာ စာဖတ်ဖြစ်အောင် လုပ်ပေးပါ။

လူတွေရဲ့စိတ်ကို လေ့ကျင့်ရတာ အခက်ဆုံးပါပဲ။ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူပြီး သေသေချာချာ ကြိုတင်လုပ်ထားဖို့ လိုပါတယ်။ လုပ်ငန်းကြီးလာလေလေ ဝန်ထမ်းတွေ များလာလေလေ စီမံခန့်ခွဲရာတာ ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ နောက်တစ်ခုက စပ်တူ လုပ်တဲ့ လုပ်ငန်းမျိုးဆိုရင် Decision Maker က သူလိုလို ကိုယ်လိုလိုဆိုတော့ ဝန်ထမ်းတွေပြောလေ့ရှိတဲ့ ဘယ်သူ့စကား နားထောင်ရမှာလဲ ဆိုတာမျိုး ဖြစ်တတ်ပါတယ်။

စကတည်းက ကဏ္ဍခွဲထားပါ၊ မဆုံးဖြတ်ခင် ဆွေးနွေးညှိနှိုင်းတိုင်ပင်တာမျိုးတွေလုပ်ပေမယ့် တကယ်ဆုံးဖြတ်ချက်ချရမယ့်အချိန်မှာ သက်ဆိုင်ရာကဏ္ဍအလိုက် သတ်မှတ်ထားတဲ့သူက ဆုံးဖြတ်ချက်ချပါ။ ပြီးတော့ အပြန်အလှန် နားလည်ယုံကြည်မှုရှိပါ။ လောကကြီးမှာ ငွေနဲ့ပတ်သက်လာရင် မိတ်ဆွေတွေကလည်း မိတ်ပျက်နိုင်ပါတယ်။ ညီအစ်ကို မောင်နှမတွေတောင် ပြဿနာတတ်တတ်သေးတာဆိုတော့ စကတည်းက စနစ်ကျအောင် လုပ်ပါ။

အဲလိုမဟုတ်ဘဲ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ ဝန်ထမ်းတွေမှာလည်း သူ့လူကိုယ်လူ စသဖြင့်အဖွဲ့တွေ ကွဲလာနိုင်ပါတယ်။ ထိန်းသိမ်းရတာ စီမံခန့်ခွဲရတာ ပိုခက်လာပါမယ်။ လုပ်ငန်းက သိပ်မကြီးသေးဘူးဆိုပြီး ဝန်ထမ်းကိစ္စကို အမှတ်တမဲ့ မထားလိုက်ပါနဲ့။ စီးပွားရေး လုပ်ငန်းဆိုတာ ငွေနဲ့လုပ်ရတာပါ။ ဆုံးရှုံးမှုတစ်ခုဖြစ်လာရင် လိုက်ရတာ တော်တော်ပင်ပန်းပါတယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်မှ တော်ကာကျတာပါ။ ဒါကြောင့် ဝန်ထမ်းတွေကို ကိုယ်ရဲ့လုပ်ငန်းနဲ့ကိုက်ညီပြီး ကိုယ်လိုချင်တဲ့လုပ်ငန်း လည်ပတ်မှုပုံစံမျိုးဖြစ်နိုင်အောင် ကြိုတင်စီစဉ် လေ့ကျင့်သင်ကြားပေးထားပါလို့ အကြံပြုလိုက်ပါတယ်။

Credit; Aung Ko Oo
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)