-->
×

Warning

JUser: :_load: Unable to load user with ID: 29


အင်္ဂလန် မင်းသား Harry ကို ၎င်းတို့ နှင့် အလုပ်လုပ်ဖို့ ဖိတ်ခေါ်လိုက်တဲ့ Burger King ရဲ့ ကြော်ငြာနည်း အသစ်

အင်္ဂလန် မင်းသား Harry ကို ၎င်းတို့ နှင့် အလုပ်လုပ်ဖို့ ဖိတ်ခေါ်လိုက်တဲ့ Burger King ရဲ့ ကြော်ငြာနည်း အသစ် Google


အားလုံးသိတဲ့ အတိုင်းအခုဆို အင်္ဂလန်မှ မင်းသား Harry ဟာ သူ့ရဲ့ ဇနီးဖြစ်သူ Meghan Markle တို့ ဟာ Buckingham နန်းတော် ကနေ နောက်ဆုတ်နေတော့မယ် အမေရိကန် ပြည်ထောင်စုမှာ ပဲ အနေများတော့မယ်လို့ နန်းတော်မှ အဆိုပြု ချက်ထွက်ရှိထားပါတယ်။

အစထဲက တော်ဝန်မိသားစုမှာ အရှုပ်အထွေးရှိနေတာဖြစ်ပုံပါပဲ ထို့ အပြင် Harry တို့ နှစ်ဦးသားဟာ အိမ်ယာကိုယ်ပိုင် တည်ထောင်ဖို့ ဆန္ဒ ရှိပုံရပြီး အခွန်အခ များကိုလည်း သူတို့ ကိုယ်ပိုင်ပေးချေ မယ်ဆိုကာပြောကြားခဲ့ပါတယ်။

ထိုအချင်းအရာကို သိတဲ့ Burger King ဟာ ပွဲဆူ လိုက်ပြန် ပါတယ်။သူ့လည်း ပြောလို့ မရပြန်ဘူး ဘာလို့ ဆို Marketing သမားဆိုတာ ဘယ်အရာ Trend ဖြစ်နေလဲ လိုက်ပြီး ကိုယ့် Product ကို ကြော်ငြာရတာကိုး။

သူရဲ့ ဝန်ထမ်းအသစ်ခေါ်စာ ရဲ့ ကြော်ငြာ စာစဉ် မှာ သူတို့ Burger King မှာ အလုပ်လုပ်ဖို့ ဝန်ထမ်းလိုနေတာကို ဘုရင် ဖြစ်ချင်ရင် Burger King မှာ လာလုပ်ဆိုကာပြောကြားခဲ့တာပါ။

အခုအချိန်မှာ အင်္ဂလန် ၊ အမေရိကန်တွင်မက တစ်ကမ္ဘာ လုံးက အင်္ဂလန်ရဲ့ မင်းသားဖြစ်သူ Harry နန်းတော် က တဖြေးဖြေး ကျောခိုင်းမဲ့ အရေး ဟုတ်လော မဟုတ်လော လူတွေက စိတ်ဝင်စားနေကြတယ်။ဒါသက်သက် Harry တို့ ကိစ္စကို ကလိလိုက်တဲ့ Burger King ရဲ့ မထိတထိ Marketing ပါပဲ။

ဘုရင်ရေးရာ နန်းတွင်းရေးရာဆိုတော့ ဉာဏ်ကောင်းတဲ့ Burger King မှ Marketing သမားကသူ့ Theme နဲ့ ထို ကိစ္စကြီးကို ဈေးကွက် မြှင့်တင်ဖို့ အသုံးချလိုက်တာပါ။

 

၂၀၂၀ ေႏွာင္းပိုင္းမွာ ေခတ္စားေက်ာ္ၾကားလာႏိုင္တဲ့ Podcast Advertising

 

Burger King ရဲ့ အဆိုပါကြော်ငြာမှာ ရေးထားပုံက -

' ချစ်လှစွာသော မြို့စားများ ,
အကယ်၍ သင်တို့အလုပ်ရှာနေပါက ကျွန်တော် တို့မှာ သရဖူ ရှိတယ် ' ဆိုကာ Burger King ရဲ့ ကြော်ငြာတွင်ရေးထားပါတယ်။

အဆိုပါ ကြော်ငြာတွင် Burger King ရဲ့ Logo ရွှေဝါရောင် သရဖူပုံ နဲ့ အဖြူရောင် Background ကို ထည့်သုံးထားကာ အထက်ပါစာပိုဒ်ကို ရေးသားထားပါတယ်။

၎င်းတို့ကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ် ထို Harry တို့ ကိစ္စကိုကြားသိပြီးမှ အခုလို လူခေါ် ကြော်ငြာလုပ်ဖို့စိတ်ကူးရတာပါတဲ့။

မည်သို့ပင်ဆိုစေကာမူ Burger King ရဲ့ ထိုဝန်ထမ်းခေါ်စာကြော်ငြာလေးဟာ လူကြိုက်များလွန်းနေပြီး Burger King ရဲ့ Marketing အဖွဲ့ ဟာလည်း အတော်လေး ခေတ်နောက်လိုက်လွန်းတယ်လို့ သတင်းမွှေးနေပါတော့တယ်။

 

 

<<< Zawgyi >>> 

 

အားလံုးသိတဲ့ အတိုင္းအခုဆို အဂၤလန္မွ မင္းသား Harry ဟာ သူ႕ရဲ႕ ဇနီးျဖစ္သူ Meghan Markle တို႕ ဟာ Buckingham နန္းေတာ္ ကေန ေနာက္ဆုတ္္ေနေတာ့မယ္ အေမရိကန္ ျပည္ေထာင္စုမွာ ပဲ အေနမ်ားေတာ့မယ္လို႕ နန္းေတာ္မွ အဆိုျပဳ ခ်က္ထြက္ရွိထားပါတယ္။

အစထဲက ေတာ္ဝန္မိသားစုမွာ အရွုပ္အေထြးရွိေနတာျဖစ္ပံုပါပဲ ထို႕ အျပင္ Harry တို႕ နွစ္ဦးသားဟာ အိမ္ယာကိုယ္ပိုင္ တည္ေထာင္ဖို႕ ဆႏၵ ရွိပံုရျပီး အခြန္အခ မ်ားကိုလည္း သူတို႕ ကိုယ္ပိုင္ေပးေခ် မယ္ဆုိကာေျပာၾကားခဲ့ပါတယ္။

ထိုအခ်င္းအရာကို သိတဲ့ Burger King ဟာ ပြဲဆူ လိုက္ျပန္ ပါတယ္။သူ႕လည္း ေျပာလို႕ မရျပန္ဘူး ဘာလို႕ ဆို Marketing သမားဆိုတာ ဘယ္အရာ Trend ျဖစ္ေနလဲ လိုက္ျပီး ကိုယ့္ Product ကို ေၾကာ္ျငာရတာကိုး။

သူရဲ႕ ဝန္ထမ္းအသစ္ေခၚစာ ရဲ႕ ေၾကာ္ျငာ စာစဥ္ မွာ သူတိုု႕ Burger King မွာ အလုပ္လုပ္ဖို႕ ဝန္ထမ္းလိုေနတာကို ဘုရင္ ျဖစ္ခ်င္ရင္ Burger King မွာ လာလုပ္ဆိုကာေျပာၾကားခဲ့တာပါ။

 

သင်မကြော်ငြာခင်သိထားသင့်တဲ့ အရာများ

 

အခုအခ်ိန္မွာ အဂၤလန္ ၊ အေမရိကန္တြင္မက တစ္ကမၻာ လံုးက အဂၤလန္ရဲ႕ မင္းသားျဖစ္သူ Harry နန္းေတာ္ က တေျဖးေျဖး ေက်ာခိုင္းမဲ့ အေရး ဟုတ္ေလာ မဟုတ္ေလာ လူေတြက စိတ္ဝင္စားေနၾကတယ္။ဒါသက္သက္ Harry တို႕ ကိစၥကို ကလိလိုက္တဲ့ Burger King ရဲ႕ မထိတထိ Marketing ပါပဲ။

ဘုရင္ေရးရာ နန္းတြင္းေရးရာဆိုေတာ ့ ဥာဏ္ေကာင္းတဲ့ Burger King မွ Marketing သမားကသူ႕ Theme နဲ႕ ထို ကိစၥၾကီးကို ေစ်းကြက္ ျမွင့္တင္ဖုိ႕ အသံုးခ်လိုက္တာပါ။

Burger King ရဲ႕ အဆိုပါေၾကာ္ျငာမွာ ေရးထားပံုက -

' ခ်စ္လွစြာေသာ ျမိဳ႕စားမ်ား ,
အကယ္၍ သင္တို႕အလုပ္ရွာေနပါက က်ြန္ေတာ္ တို႕မွာ သရဖူ ရွိတယ္ ' ဆိုကာ Burger King ရဲ႕ ေၾကာ္ျငာတြင္ေရးထားပါတယ္။

အဆိုပါ ေၾကာ္ျငာတြင္ Burger King ရဲ႕ Logo ေရႊဝါေရာင္ သရဖူပံု နဲ႕ အျဖဴေရာင္ Background ကို ထည့္သံုးထားကာ အထက္ပါစာပိုဒ္ကို ေရးသားထားပါတယ္။

၎တို႔ကိုယ္တိုင္ကလည္း ဝန္ခံထားပါတယ္ ထို Harry တို႕ ကိစၥကိုၾကားသိျပီးမွ အခုလို လူေခၚ ေၾကာ္ျငာလုပ္ဖို႔စိတ္ကူးရတာပါတဲ့။

မည္သို႕ပင္ဆိုေစကာမူ Burger King ရဲ႕ ထိုဝန္ထမ္းေခၚစာေၾကာ္ျငာေလးဟာ လူၾကိဳက္မ်ားလြန္းေနျပီး Burger King ရဲ႕ Marketing အဖြဲ႕ ဟာလည္း အေတာ္ေလး ေခတ္ေနာက္လိုက္လြန္းတယ္လို႕ သတင္းေမႊးေနပါေတာ့တယ္။

 

REF & TRANSLATED BY; Freya

Myanmar Advertising Directory

 

 

Read times
Rate this item
(0 votes)