-->
×

Warning

JUser: :_load: Unable to load user with ID: 29


တရုတ် နှစ်သစ်ကူးကြော်ငြာတွေထဲက ဖန်တီးမူ့ အနုပညာ သာလွန်တဲ့ မျောက်ဘုရင်ကြော်ငြာ

တရုတ် နှစ်သစ်ကူးကြော်ငြာတွေထဲက ဖန်တီးမူ့ အနုပညာ သာလွန်တဲ့ မျောက်ဘုရင်ကြော်ငြာ Google

အားလုံးပဲ Journey to the West ဇာတ်လမ်း Series ထဲက မျောက်ဘုရင် ဝူခုန်း ကို သိကြမယ်ထင်ပါတယ်။အဆိုပါ မျောက်ဘုရင် ဝူခုံးကို ဖော်ရည်ညွှန်းတဲ့ ကြော်ငြာကို Pepsi မှ ၂၀၁၆ ခုနှစ်က တရုတ် နှစ်သစ်ကူးကြော်ငြာ အဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။

 

ယခု လာမည့် ကြွက်နှစ် နှစ်ကူးကို Brand များမှ Chinese New Year ကြော်ငြာ Campaign အသီးသီးဖြင့် နှစ်သစ်ကိုကြို ကြ သော်လည်း အဆိုပါ ကြော်ငြာ လောက်ကောင်းတဲ့ ေြက်ာငြာမျိုးသိပ်မတွေ့ရပါဘူး။

 

တကယ်တန်းမှာ ကျွန်တော်အနေနဲ့ တရုပ်နှစ်သစ်ကူးပိုင်းဆိုင်ရာကြော်ငြာတွေရဲ့ ပရိသတ်တော့ မဟုတ်ပါဘူး ဒါပေမဲ့လည်း ဒီကြော်ငြာလေး ကြည့်မိတဲ့ အချိန်မှာ တစ်မျိုးလေးခံစားရပါတယ်။

 

ဒီကြော်ငြာလေးကို ပုံဖော်တဲ့ ဒါရိုက်တာကတော့ Civilization’s Andrew Lok ဖြစ်ပြီး အဆိုပါ ကြော်ငြာလေးတွေ ယခင်ခေတ်က အငွေ့အသက်ရော ၊ သမိုင်းရော ၊ နတ်ပိုင်းဆိုင်ရာရော ကိစ္စရပ်တွေကို ပါဝင်ရိုက်ကူးပြသထားပါတယ်။

 

ပြောရရင်တော့ ကြော်ငြာလေးက ၁၉၈၀ ခုနှစ်တွေမှာ ရေပန်းစားခဲ့တဲ့ Journey to The West တီဗီ စီးရီးရဲ့ ဇာတ်လိုက်ကျော် မျောက်ဘုရင် ဝူခုန်းဖြစ်လာပုံလေးကို ရိုက်ပြထားတာပါ။

 

ဝူခုန်းနေရာက မင်းသား Zhang Jinlai ( ၆ ယောက်မြှောက်သခင်လေး ) မျိုးဆက် ၄ ဆက်တိုင်တိုင် ထို မျောက်ဘုရင်နေရာ အမွှေ ဆက်ခံပုံကို ရိုက်ကူးထားတာပါ။

 

အဆိုပါကြော်ငြာဟာ လူငယ် တရုတ်ပရိသတ်တွေအပြင် တစ်ကမ္ဘာလုံးက ပရိသတ်ပေါင်း များစွဲကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ကြော်ငြာလေးရဲ့ ကြာချိန်က ၆ မိနစ်တိတိ ကြာ မြင့်ခဲ့ ပြီး ကြည့်နေချိန်မှာ မရိုးသွားပဲ ဇာတ်ရှိန်တတ်စေပါတယ်။

 

ထို Monkey King ကြော်ငြာကို ကြည့်ရှုသူ ပေါင်း ၈၀၀ မီလီယံ ရှိပြီး အတော်လေး အောင်မြင်မှု့ ရရှိခဲ့ပါတယ်။

 

အဆိုပါ အောင်မြင်မှု့ရရှိထားတဲ့ ဇာတ်လမ်းသွားသဖွယ် Pepsi ကြော်ငြာလေးကို ကြည့်လိုက်ကြရအောင် >>>

 

ကြော်ငြာပိုင်းဆိုင်ရာပြောင်းလဲလာမှုကြောင့် Burger King မှ CMO ဖန်တီးမှု့ပိုင်းဆိုင်ရာ ဖိအားများလာ

 

<<< Zawgyi >>>

 


================================================================

 


 

ယခု လာမည့် ကြွက်နှစ် နှစ်ကူးကို Brand များမှ Chinese New Year ကြော်ငြာ Campaign အသီးသီးဖြင့် နှစ်သစ်ကိုကြို ကြ သော်လည်း အဆိုပါ ကြော်ငြာ လောက်ကောင်းတဲ့ ကြော်ငြာမျိုးသိပ်မတွေ့ရပါဘူး။

 


 


 


 


 


 


 


 

၂၀၂၀ နှောင်းပိုင်းမှာ ခေတ်စားကျော်ကြားလာနိုင်တဲ့ Podcast Advertising

 

Source from The Drum 

REF & TRANSLATED BY; Freya

Myanmar Advertising Directory

 

 

Read times
Rate this item
(0 votes)