-->
×
Warning
JUser: :_load: Unable to load user with ID: 29
ကြော်ငြာပိုင်းဆိုင်ရာပြောင်းလဲလာမှုကြောင့် Burger King မှ CMO ဖန်တီးမှု့ပိုင်းဆိုင်ရာ ဖိအားများလာ
ကြော်ငြာပိုင်းဆိုင်ရာပြောင်းလဲလာမှုကြောင့် Burger King မှ CMO ဖန်တီးမှု့ပိုင်းဆိုင်ရာ ဖိအားများလာ Google
Burger King ရဲ့ ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာ အကြီးအကဲ ဖြစ်သူ ဟာ " ကျွန်တော်အနေနှင့် နှစ်တိုင်းတွေးဖြစ်တယ် ၊ ကျွန်တော်တို့ အနေနဲ့ နောက်ထက် ဖန်တီးမှုတွေ ဘယ်လိုထက်လုပ်ရမလဲ " ဆိုကာအမြဲတွေးတော ရင်း အကျပ်ရိုက်ပုံ ပါပဲ။
ပြောရရင်တော့ Burger King ရဲ့ CMO ဆိုသည်မှာလဲ ခေ သူတော့မဟုတ် တစ်ကမ္ဘာ့လုံးရဲ့ အတော်ဆုံး Marketing သမားတွေထဲက တစ်ယောက်ပဲ The World Federation of Advertisers (WFA) ရဲ့ ကမ္ဘာ့ အကောင်းဆုံး ဈေးကွက် မြှင့်တင်ရေး သမား ဆုကို လျာထားခြင်းခံရသူ ပါ။
ဒီတစ်ခါမှာတော့ Burger King မှ CMO ဖြစ်သူ Fernando Machado နဲ့ The Drum နှင့် စကားအနည်းငယ်ပြောခဲ့ တာလေးကိုဖော်ပြ ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် လတုန်းက Burger King ကနေပြီး ဖန်တီးလိုက်တဲ့ ‘Whopper Detour’ ဆိုတဲ့Campaign ဟာ Cannes Lions ပွဲတော်မှာ ဆုသုံးဆု ရရှိခဲ့ပါတယ်။ထို့အပြင် နောက်ထပ် ၃ လ နေပြီး အဆိုပါ့Campaign ဟာ Grand Clio ရုပ်ထုနှစ်ခုထက်မံရရှိခဲ့ပါတယ်။
ဒီလိုအောင်မြင်မှု့တွေရရှိ နေတာတောင်မှ ပဲ Burger King မှ CMO ဖြစ်သူ Fernando Machado ဟာ နောက်ထက် ဖန်တီးမှုတွေ ဘယ်လိုထက်လုပ်ရမလဲ အမြဲတွေးတော ရင်း အကျပ်ရိုက် နေပါသတဲ့။
" ခေါင်းပူတာတွေတော့အေးသွားပြီပေါ့ " ဆိုကာသူကလှောင်ပြောင်ပြောပါတယ်။ " တစ်ခါတစ်လေ ကျရင် ကျွန်တော်တို့ အနေနဲ့ ခပ်မိုက်မိုက်ဖန်တီးမှုပိုင်းဆိုင်ရာတွေနဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့ပဲ ကြိုးစားတယ် ဒါပေမဲ့ လည်းထိုလို နှစ်တိုင်း ထိုးဖောက်ဖို့ အတွက်ဆိုတာ ကျွန်တော်တို့အနေနဲ့ တွေးတော နေဖို့လိုတယ်
ကျွန်တော်တို့တွေဘာဆက်လုပ်မယ် ၊ ဘယ်လိုနောက်တစ်ခါထပ်လာမယ်ဆိုတာကိုပေါ့ ၊ တစ်ခါတစ်လေ ကျရင်တွေးရင်းနဲ့ စိတ်လဲ လှုပ်ရှားလာသလို ကြောက်စိတ်လဲ အနည်းငယ်တော့ ဖြစ်မိတယ် " လို့ Fernando Machado ကပြောကြားခဲ့ပါတယ်။
ပြောရရင်တော့ သူကသာ အခုလို ဖိအား များနေတာပါ တကယ်တန်းမှာ Fernando Machado က ဈေးကွက် မြှင့်တင်ရေးပိုင်းဆိုင်ရာမှအချိန်ကြာမြင့်စွာ လုပ်ကိုင်ဖူးတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ပြည့်စုံလွန်းနေသူတစ်ယောက်ပါ။
သူရဲ့ Burn That Ad နဲ့ Whopper Secret စတဲ့ campaign တွေကို သေချာ run နိုင်ခဲ့ပေမဲ့ ၎င်းတို့ရဲ့ စားသောက်ဆိုင် လုပ်ငန်းစုတွေဖြစ်တဲ့ Popeyes , Tim Hortons တို့က Twitter မှာ Tweet လေး လုပ်ရုံ ဖြင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ရနေပြီးသားပါ။
တစ်ခါတစ်လေ ကျ ရင် ယနေ့ခေတ် လူတွေက သေသေချာချာ အပင်ပန်းခံ ဖန်တီးထားတဲ့ အရာနဲ့ တစ်ခနလေး အချိန်ပေးထားတဲ့ ဉာဏ်မဖြစ်သလောက်လေး ကွန့်ထားတဲ့ အရာကိုပို စိတ်ဝင်စားတာတွေ့ရတယ်။ဒါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ Digital Marketing ရဲ့ လှိုင်းဂယက်ပဲကိုး။
Popeyes ကနေပြီး ၎င်းတို့ရဲ့ ကြက်သား ညှပ်ပေါင်မုန့်ကို ကြော်ငြာတာလေးကို ဟာသ နှော Tweet လိုက်တယ် ၁၁ ရက်မှာတင် ၂၃.၅ မီလီလောက် နီးနီး ဒီကိစ္စကို မြင်သိလိုက်ရတယ်။
" အကယ်၍ ခင်ဗျားကသာ ကျွန်တော့်ကို , ကျွန်တော်လုပ်ငန်းပိုင်းမှာ ဖြတ်သန်းခဲ့တဲ့ ၂၅ နှစ်တစ်လျှောက် Popeyes က နေ ဘယ်လို ဈေးကွက်မြှင့်တင်တဲ့ ပိုင်းဆိုင်ရာတွေလုပ်ထားသလဲလို့မေးလာရင် ကျွန်တော်အနေနဲ့ သိပ်မလုပ်ဖြစ်သေးဘူးလို့ပြောမိမှာပဲ " လို့ Fernando Machado က ပြောပါတယ်။
Fernando Machado ဟာ ဘရာဇီး လူမျိုးဖြစ်ပြီး Burger King မှာ အလုပ်လုပ်လာခဲ့တာ ၆ နှစ်တိတိ ရှိပါပြီ ၊ ဒီ Burger King မှာ မလုပ်ခင်တုန်းကတော့ သူဟာ Dove မှာ လုပ်ကိုင်ခဲ့ပါတယ်။Fernando က Burger King မှာ သူမလုပ်ခင်ကတည်းက
သူငယ်ငယ်ထဲက စားခဲ့တဲ့ Fastfood Brand ဖြစ်တဲ့ Burger King ကိုတိုးတက်ပြီး သူတက်နိုင်တဲ့ ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာနဲ့ ပိုမို ကောင်းမွန်လာဖို့ဆန္ဒရှိသူတစ်ဦးပါ။
အခုချိန် မှာ ဆိုရင်လဲ သူ့အနေနဲ့ အတော်လေးအလုပ်များနေပါတယ် ဘာလို့ဆို သူ့အောက် က Burger King ရဲ့ ဈေးကွက် မြှင့်တင်ရေး ဝန်ထမ်းတွေလုပ်နိုင်အားကိုကြည့်ပြီးကြော်ငြာပိုင်းဆိုင်ရာတွေကို ဦးဆောင်လုပ်နေတယ်သိရပါတယ်။
Machado က ဘယ်တော့ မှာ Trend ကို လိုက်မလုပ်ပါဘူး သူကိုယ်တိုင်က Trend ကို ဖန်တီးတဲ့ သူပါ။ဒါကြောင့်သူ့အနေနဲ့ ကြော်ငြာရေးရာကိစ္စရပ်ပိုင်းတွေ မှာ အချိန်ကြာမြှင့်စွာ ကိစ္စတစ်ခုကိုဆောင်ရွက်စေချင်တယ် လို့ပြောပြန်ပါတယ်။
Fernando Machado မှာ ဈေးကွက် မြှင့်တင်ရေးကိစ္စ ရပ်များ ကို Burger King, Popeyes နဲ့ Tim Hortons စတဲ့Brand သုံးခုအတွက်ကို တာဝန်ယူ ကိုင်တွယ်ထားတယ်သိရပြီး အခုအချိန်မှာသူဟာ Burger King ရဲ့ ဈေကွက်မြှင့်တင်ရေးကိစ္စတွေကို အာရုံစိုက်နေတယ်သိရပါတယ်။
အင်္ဂလန် မင်းသား Harry ကို ၎င်းတို့ နှင့် အလုပ်လုပ်ဖို့ ဖိတ်ခေါ်လိုက်တဲ့ Burger King ရဲ့ ကြော်ငြာနည်း အသစ်
အခုအချိန်မှာ Brand Genius ခေါ် Burger King မှ CMO ဟာ ၎င်းရဲ့ ကြော်ငြာရေးရာကိစ္စတွေမှာ လူတွေရဲ့ စိတ်ဝင်စားမှု့ နှစ်ဆ တိုးအောင် ဆောင်ရွက်နေတယ်သိရပါတယ်။တီဗီကြော်ငြာတွေက အလုပ်သိပ် မဖြစ်တာသိပြီးတဲ့ အတိုင်း အခု Fernando Machado
မျှော်လင့်တာက ကျွန်တော်တို့ကြော်ငြာတွေကို လူတွေဆီရောက်ဖို့ လူတွေဆီရောက်ရင်လဲ လူတွေက ရယ်မောသွားဖို့ ၊ အာရုံရသွားဖို့သာ မျှော်လင့်ပါတယ်တဲ့။
Digital Marketing ပိုင်းဆိုင်ရာကို Burger King မှ ကြော်ငြာအတွက် အသုံးပြုတဲ့ ငွေကြေးထဲမှ ဘရာဇီးနဲ့ တရုပ်ပြည်တွင် ၃၀ % မြှင့်တက်ကာ အသုံးစွဲထားတယ်သိရပါတယ် အခြား ကမ္ဘာ့ နိုင်ငံ အသီးသီးကို တော့ Digital Marketing ဆိုင်ရာကိစ္စ များအတွက် ၁၅ % ပဲ သုံးစွဲထားတယ်သိရပါတယ်။
Fernando Machado ဟာနည်းပညာပိုင်းဆိုင်ရာ ဘက်ကို အနည်းငယ်သွားချင်သူဖြစ်ပြီး နောက်ပိုင်းတွင် သင်ရှိမဲ့ နေရာကို Location ထောက်ရုံဖြင့် အစားအသောက်လာပို့ပေးမည့် Delivery App ကို လည်း လုပ်ကြည့်ဖို့ ဆန္ဒရှိနေပါသတဲ့။
အခုလိုသူတို့ဘက်က လုပ်ငန်းစဉ်တွေ ၊ ကြော်ငြာပိုင်းဆိုင်ရာတွေကိုအားထုတ်ကြည့်ပြီး ၅ နှစ်က နေ ၁၀ နှစ် လောက်ထိ လုပ်ကိုင်ကြည့်မယ် ဒါဆို သူတို့ လုပ်ငန်းပိုင်းဆိုင်ရာလဲ တိုးတက်လာမှာဖြစ်သလို လူတွေအနေနဲ့ လည်း ပိုမို အာရုံစိုက်သူများပြားလာနိုင်ပါသတဲ့။
<<< Zawgyi >>>
=========================================================================
၂၀၂၀ နှောင်းပိုင်းမှာ ခေတ်စားကျော်ကြားလာနိုင်တဲ့ Podcast Advertising
Source from The Drum 
REF & TRANSLATED BY; Freya
Myanmar Advertising Directory
Read times
Rate this item
(0 votes)