-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာကျော် ဘီလျံနာတွေဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းများ

ကမ္ဘာကျော် ဘီလျံနာတွေဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းများ google

ကမ္ဘာပေါ်မှာရှိတဲ့ ဘီလျံနာတွေမှာ တခြားသူတွေနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိတတ်နေတက်ကြပါတယ်။

ဒါကြောင့်လည်း တခြားသူတွေအတွက် ခက်ခဲလွန်းတယ် ထင်ရတာတွေကို သူတို့တွေက ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တာပါပဲ။ အခုဒီနေရာမှာတော့ ဘီလျံနာတွေကိုယ်တိုင် ဖန်တီးချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုဖော်ပြလိုက်ပါတယ်။


၁။ ရည်မှန်းချက်ထားရှိခြင်း

Steve job ရဲ့ရည်မှန်းချက်ဟာ ကွန်ပြူတာ တစ်လုံးရဲ့ စွမ်းရည်ကို ဖုန်းထဲမှာ သုံးရလွယ်ကူအောင် ထည့်သွင်း အသုံးချချင်တာဖြစ်သလို၊ Bill gate ဟာလည်း အမေရိကန်က အိမ်တိုင်းမှာ PC တစ်လုံးရှိနေစေဖို့ပဲ မျှော်လင့်ခဲ့တာပါ။ သူတို့ရဲ့ လမ်းစဉ်တစ်လျှောက်လုံးကို ပြန်ကြည့်ရင်တော့ ရှုပ်ထွေးလွန်းတယ် ထင်ရပေမယ့် တကယ်တမ်းမှာ သူတို့အတွက်တော့ အရိုးရှင်းဆုံး ရည်ရွယ်ချက်ကနေသာ စတင်ခဲ့ကြတာပါ။


၂။ ရိုးရှင်းတဲ့ အစီအစဉ်တွေသာရှိခြင်း

ဘီလျံနာတွေမှာ အသေးစိတ်ကျလွန်းပြီး ရှုပ်ထွေးလွန်းတဲ့ အစီအစဉ်ရယ်လို့ ရှိမနေပါဘူး။ Southwest Airlines ရဲ့ founder Herb Keller ဟာ airline နယ်ပယ်မှာ ထိပ်ဆုံးက ဦးဆောင်ဖို့ ရှုပ်ထွေးလွန်းတဲ့ အတွက်အချက်တွေ လျို့ဝှက်တဲ့ နည်းပညာတွေ မလိုအပ်ပါဘူး။ သူ့ရဲ့ အစီအစဉ်တွေဟာ လေယာဉ်ချောချောမွေ့မွေ့ တက်နိုင် ဆင်းနိုင်ဖို့၊ ပျော်စရာကောင်းဖို့၊ ကုန်ကျစရိတ်သက်သာတဲ့ airline တစ်ခု အဖြစ် ရပ်တည်နိုင်ဖို့ စတဲ့ ရိုးရိုးရှင်းရှင်း အစီအစဉ်တွေသာ ဖြစ်ပါတယ်။


၃။ သည်းခံစွမ်းရည်ထားခြင်း

ဘီလျံနာတွေဟာ သူတို့ ဘာလိုချင်လဲဆိုတာအပေါ်မှာ မူတည်ပြီး အောင်မြင်မှုကို ဖန်တီးတာ မဟုတ်ဘဲ သူတို့ ဘယ်အရာကို သည်းခံနိုင်သလဲ ဆိုတဲ့ အပေါ်မှာသာ အခြေခံပြီး ရှာဖွေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ခေါင်းထဲမှာ ဘဝကို ကုစားနိုင်မယ့် အလုပ်လုပ်နည်းက ဘာဖြစ်မလဲ၊ ပိုကောင်းတဲ့မနက်ဖြန်ကိုရဖို့ ဒီနေ့ ဘာလုပ်သင့်သလဲ စတဲ့ မေးခွန်းတွေနဲ့သာ နေ့စဉ်ပြည့်နေတတ်တာပါ။ ဒါ့အပြင် ကိစ္စတစ်ခုကို ချက်ချင်းဆန်းစစ်အဖြေရှာတတ်ကြပြီး အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်တဲ့အတွက် ကမ္ဘာ့အကောင်းဆုံးရလဒ်တွေကိုသာ ပိုင်ဆိုင်ကြရတာပါ။


၎။ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ခြင်း

ပိုက်ဆံသန်းပေါင်းများစွာကို အရှိန်သွက်သွက်နဲ့ တည်တည်ငြိမ်ငြိမ် ရှာဖွေနိုင်ဖို့ လူတစ်ဦးတစ်ယောက်တည်းက မစွမ်းဆောင်နိုင်ပါဘူး။ ဘီလျံနာတွေဟာ သူတို့ကို အထောက်အကူ ကောင်းကောင်းပေးနိုင်တဲ့ သူတွေကို ဘေးမှာ အမြဲထားပါတယ်။ အကြောင်းအရင်းကတော့ စွန့်ဦးတီထွင်သူတွေအတွက် တစ်ယောက်တည်းအားနဲ့ ဘာမှ ပြီးမြောက်မှာ မဟုတ်ဘဲ အဖွဲ့အစည်းလိုက် အတူတကွ စွမ်းဆောင်သင့်တယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ထားကြလို့ပါ။

Lauren Powell Jobs ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယာက်ဖြစ်လာဖို့ ဘယ်လိုရပ်တည်ခဲ့ရသလဲ


၅။ စေတနာထားမျှဝေခြင်း

ဘီလျံနာတွေဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေကအစ လက်ထောက်တွေ customer တွေအဆုံး သူတို့အတွက် အရေးကြီးတဲ့သူ အားလုံး အပေါ်မှာ စေတနာထားပြီး မျှဝေပေးကမ်းဖို့ မမေ့ကြပါဘူး။


၆။ ဆက်သွယ်ရေးနည်းစနစ်တွေကို အသုံးပြုခြင်း

ဘီလျံနာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေထက် စနစ်ကျပြီး မှန်ကန်အားထားရတဲ့ ဆက်သွယ်ရေး နည်းဗျူဟာတွေ စနစ်တွေကိုသာ မှီခိုအားထားကြပါတယ်။ ဒါမှသာ အခြေအနေတွေကို အမြဲမပြတ် စောင့်ကြည့်နိုင်သလို ထွက်လာတဲ့ ရလဒ်တွေကိုပါ လေ့လာရင်း performance ကို အကောင်းဆုံးတိုးမြှင့်နိုင်မှာပါ။


၇။ တိကျမြန်ဆန်တဲ့ အချက်အလက်တွေ စုဆောင်းခြင်း

ဘီလျံနာတွေဟာ တစ်စုံတစ်ယောက်က လာဆက်သွယ်မှာ ထိုင်စောင့်နေရတာမျိုး၊ လိုချင်တဲ့ အချက်အလက်တွေ အချိန်ကုန်ခံပြီး စုဆောင်းနေရတာမျိုးကို အလိုမရှိပါဘူး။ ဘာမှတောင်းဆိုစရာမလိုဘဲ ရောက်လာမယ့် တိကျမြန်ဆန်တဲ့ အချက်အလက်တွေကိုသာ အလိုရှိတာပါ။ ဒါကြောင့် ဘီလျံနာတွေရဲ့နောက်မှာ အဓိက အထောက်အကူ ပေးနေတဲ့သူတွေဟာ ဒီအချက်ကို ကောင်းကောင်းနားလည်ပြီး အလိုက်သိနေဖို့ လိုအပ်ပါတယ်။


၈။ ရည်ရွယ်ချက်ရှိရှိသုံးစွဲခြင်း

ဘာရည်ရွယ်ချက်မှ မရှိဘဲ သုံးစွဲလိုက်မိတဲ့ အချိန်၊ ငွေ အားလုံးဟာ waste ဖြစ်တာပါပဲ။ ဘီလျံနာတွေဟာ သူတို့အတွက် အရေးတကြီး လိုအပ်နေတာ သေချာတဲ့ အရာအတွက်သာ အကုန်အကျခံပါတယ်။


၉။ အချက်အလက်တွေ ပေါ်မှာသာ မူတည်ပြီး ဆုံးဖြတ်ခြင်း

ဘီလျံနာတွေဟာ တိကျမှန်ကန်တဲ့ အချက်အလက်တွေနဲ့ လူပုဂ္ဂိုလ် နှစ်ခုလုံးပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်တတ်ကြတာပါ။ မှားယွင်းတဲ့ ဂဏန်းတစ်ခုကြောင့် ဆုံးဖြတ်ချက်လွဲချော်သွားနိုင်သလို လူတစ်ဦးတစ်ယောက်ကြောင့်လည်း ခံစားချက်တွေ ရောထွေးစရာမျိုး ဖြစ်တတ်တာကို နားလည်ထားကြလို့ပါ။

 

၁၀။ ခေါင်းဆောင်မှု စွမ်းရည်ရှိခြင်း

ဘီလျံနာတွေက အဖွဲ့အစည်းအတွင်းမှာ ဖြစ်လာနိုင်တဲ့ အထင်အမြင်လွဲမှားမှုတွေ မရှင်းလင်းမှုတွေကို ကြိုတင်ကာကွယ်ဖို့ ဦးအောင် ကြိုးစားကြပါတယ်။ လူတွေက မေးခွန်းတွေလာမေးမယ့် အချိန်ထိ ထိုင်စောင့်မနေကြပါဘူး။ ဒါဟာ သူတို့ရဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကို သေချာရှင်းလင်းမျှဝေပေးတာက ဘယ်လောက်အရေးကြီးသလဲဆိုတာ ကောင်းကောင်း သဘောပေါက်ကြတာပါပဲ။ ဒီနည်းလမ်းကြောင့်လည်း ခေါင်းဆောင်မှုစွမ်းရည်တွေ ပိုတိုးတက်လာကြတာပါ။

 

Source; Moe

Myanmar Advertising Directory

Read times
Rate this item
(1 Vote)