Print Advertisng ဆိုတာ လက်ကမ်းစာစောင်ဝေခြင်း၊ ကူပွန်၊ business ကဒ်၊ Billboar ကြော်ငြာခြင်း၊ မဂ္ဂဇင်းကြော်ငြာခြင်းနဲ့ သတင်းစာကြော်ငြာခြင်းတို့ပါဝင်ပါတယ်။ Social Media တွေခေတ်စားလာတယ်ဆိုပေမယ့် Print Advertisng ဟာလည်း ရိုးမသွားတဲ့ တဲ့ကြော်ငြာနည်းလမ်း တမျိုးဖြစ်ပြီး အခုချိန်ထိ လုပ်ငန်းရှင်တော်တော်များများက အသုံးပြုနေကြတုန်းပါ။
သတင်းစာနဲ့ ဂျာနယ်တွေဟာ ဝေးလံ ခေါင်းပါးတဲ့ နေရာဒေသတွေ အထိပါ ရောက်ရှိတာကြောင့် သင့်ရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုလုပ်ငန်းဟာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချဖို့ ဦးတည်ချက်ထားတာဆိုရင် ဒီလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ထည့်သွင်း ကြော်ငြာတာက ပိုပြီး ထိရောက်မှု ရှိစေပါတယ်။ သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းတော့မယ်ဆိုရင် လိုအပ်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စာသား
သတင်းစာမှာကြော်ငြာထည့်ခြင်းဟာ သင့်ကြော်ငြာ အကြောင်းအရာစာသားတွေကို ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကြောင့် သင့်ကြော်ငြာရဲ့ဆိုလိုရင်းကို ရောက်စေပါတယ်။ ဒါ့အပြင် သင့် Product အကြောင်းကို ခေါင်းစဉ်ကြီးကြီးထည့်ပြီး ကြော်ငြာမယ်ဆိုရင်လည်း သင့် Product ကို Customer တွေပိုမိုစိတ်ဝင်စားလာနိုင်ပါတယ်။
၂။ ဓာတ်ပုံ
သတင်းစာမှာ ကြော်ငြာဖို့အတွက် ဓာတ်ပုံရွေးချယ်ခြင်းဟာလည်း အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဓာတ်ပုံရွေးတဲ့နေရာမှာ ခေါင်းစဉ်နဲ့မကိုက်ညီတဲ့ ဓာတ်ပုံ၊ Customer တွေကို စိတ်ရှုပ်ထွေးစေမယ့် ဓာတ်ပုံမျိုးကို ရှောင်ရှားသင့်ပါတယ်။
သင့်လုပ်ငန်းရဲ့ ထုတ်ကုန်ပစ္စည်းတွေ အမြဲတမ်းရောင်းအားတက်စေဖို့ဆိုရင်
၃။ ကာလာ
အဖြု၊ အမဲ နဲ့ ကြော်ငြာထည့်တာထက် Colour ကတော့ ကုန်ကျစရိတ်ပိုများပါတယ်။ လူတော်တော်များများက သတင်းစာဖတ်တဲ့အခါမှာ အဖြူ၊ အမဲကြီးထက်စာရင် Colour လေးပါတာမျိုးကို ပိုသဘောကျတက်ပါတယ်။ Colour ထည့်တဲ့နေရာမှာ ၂မျိုးရှိပါတယ်။ Full colour ရယ် Two Colour ဆိုပြီးတော့ပါ။
၎။ အပြင်အဆင်
သင့်ကြော်ငြာအတွက် အပြင်အဆင်ကလည်း အရေးကြီးပါတယ်။ ကြော်ငြာကို ကြည့်လိုက်တာနဲ့ ခေါင်းစဉ်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် Customer တွေရဲ့မျက်လုံးထဲမှာ ထင်ပေါ်နေရပါမယ်။ ဒါမှသာ သတင်းစာမှာ သင့်ကြော်ငြာဟာ စာဖတ်သူကို ဆွဲဆောင်မှု ရှိစေမှာဖြစ်ပါတယ်။
၅။ အရွယ်အစား
သတင်းစာမှာ ကြော်ငြာခြင်းရဲ့ ကုန်ကျစရိတ်ဟာ သင့်ကြော်ငြာရဲ့Size ပေါ်မှာမူတည်ပါတယ်။ သတင်းစာရဲ့နောက်ဖုန်းမှာ ကြော်ငြာမယ်ဆိုရင်တော့ ပိုပြီးကုန်ကျစရိတ်များပါတယ်။
Htet Htet Naing
ယနေ့ခေတ်မှာ Mobile ဖုန်းအသုံးပြုသူတွေ များပြားလာတာနဲ့အမျှ Online စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း သူတို့ရဲ့ Page တွေကနေတစ်ဆင့်
Social Media တွေ ခေတ်စားလာပြီးနောက် Content Writing နဲ့ Copywriting ဆိုတဲ့ အလုပ်အကိုင်တွေဟာလည်း လူငယ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ဘီလျံနာတွေမှာ တခြားသူတွေနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိတတ်နေတက်ကြပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်တော့မည်ဆိုလျှင် ကြော်ငြာနှင့် ကင်းလို့ မရပါဘူး။ ကြော်ငြာလုပ်ငန်းကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် ကျောင်းတုန်းက သင်ရိုးညွှန်းတမ်းအဟောင်းကြီးတွင် သင်ကြားခဲ့ရသည်များကို မေ့ပစ်လိုက်ရန် လိုပေသည်။
ခေတ်ကာလရဲ့ ဈေးကွက်အနေအထားအရ Business Model ပြောင်းကြသလိုဘဲ တချို့ကျတော့ နည်းပညာအကူအညီနဲ့ Business Model ပြောင်းလိုက်ကြတယ်။
သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေအရ ကမ္ဘာ့လူဦးရေ 7.5 Billion ရှိတဲ့ထဲကမှ ၄ ယောက်မှာ ၁ ယောက်နှုန်းက သူတို့ရဲ့အနာဂတ်မှာ တီထွင်ဖန်တီးမှုအတွက်အလားအလာရှိတယ်ဆိုပြီး ယုံကြည်နေထိုင်ကြတယ်လို့ဆိုပါတယ်။