-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်း မစတင်ခင် သတိထားရမယ့် အချက် (၄)ချက်

ကိုယ်ပိုင်လုပ်ငန်း မစတင်ခင် သတိထားရမယ့် အချက် (၄)ချက် google

ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု တည်ထောင်ချင်တယ်။

ဒါပေမယ့် ရည်ရွယ်ချက်တွေ ဘယ်လောက်ပဲရှိရှိ၊ စီမံကိန်းတွေပဲထားထား အကောင်အထည် မဖေါ်နိုင်သေးရင်တော့ စိတ်ကူးသက်သက်ပါပဲ။ သင်ရည်ရွယ်ထားတဲ့ ကိုယ်ပိုင်လုပ်ငန်းလေးကို ဘယ်လိုစတင်သင့်လဲ ဆိုတာကို အောက်မှာဖော်ပြပေးမှာပဲဖြစ်ပါတယ်။


၁။ အရင်းအနှီး

လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် အရင်းအနှီးက အရေးကြီးပါတယ်။ ဒီနေ့ ခေတ်မှာ ရင်းနှီးမြှုပ်နှံသူ (Investor) တွေ ရှိနေပါပြီ။ ကိုယ်စတင်မယ့် လုပ်ငန်းဟာ ဈေးကွက်ဖြစ်နိုင်ချေများပြီး စနစ်တကျ လုပ်ကိုင်တတ်သူတွေဆီမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေတွေကို ဘယ်လိုစီမံခန့် ခွဲမလဲ၊ အကျိုးအမြတ်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံကိန်းတွေ အဆင်သင့်ရှိနေဖို့လဲ လိုပါတယ်။ အရင်းအနှီး မရှိလို့ဆိုတာထက် အရင်းအနှီးရလာရင် ဘယ်လိုစီမံကိန်းတွေနဲ့ အကျိုးအမြတ်တွေရအောင် လုပ်မလဲဆိုတဲ့ အချက်အလက်တွေကိုသာ စနစ်တကျပြင်ဆင်သင့်ပါတယ်။


၂။ လက်ရှိဝင်ငွေ

ကိုယ့်လုပ်ငန်းကနေ သေချာတဲ့ ဝင်ငွေရနိုင်ပါ့မလားဆိုတဲ့ အတွေးဟာ လုပ်ငန်းမစတင်နိုင်ရသေးခြင်းရဲ့  ဒုတိယအကြောင်းအရင်းတစ်ခုပါ။ လစာဆိုတာ သေချာသလောက် ကိုယ်ပိုင်အလုပ်မှာတော့ အရှုံးဆိုတာလည်း ရှိနိုင်ပါတယ်။ စားဝတ်နေရေး ပြေလည်စေတဲ့ သေချာတဲ့ လစာကို မစွန့်  နိုင်သေးတာကြောင့် ကိုယ်ပိုင်လုပ်ငန်း ဖြစ်မလာသေးတာပါ။ အလုပ်တစ်ခု စတင်တော့မယ်ဆိုရင် အဓိက အချက်နှစ်ချက်ကို အသေအချာ သုံးသပ်သင့်ပါတယ်။ ပထမအချက်က သင်လုပ်မယ့် အလုပ်က လက်ရှိဈေးကွက်ထဲမှာ လစ်ဟာနေတဲ့ ကွက်လပ်ဖြစ်ရဲ့ လား ဆိုတာပါ။ လက်ရှိဈေးကွက်ဝေစု ရပြီးသားသူတွေနဲ့ ယှဉ်ပြိုင်ရမှာမို့  ပိုမိုခက်ခဲနိုင်ပါတယ်။ ဒုတိယ အချက်ကတော့ လက်ရှိ ဈေးကွက်ထဲမှာ လစ်ဟာနေတဲ့ ကွက်လပ်မှာ သင့်အတွက်ရော ဈေးကွက်ရှိရဲ့ လား ဆိုတာပါ။ ဘယ်လိုမှ ဈေးကွက် မရှိတဲ့ ကွက်လပ်မှာ သင်ဟာ စီးပွားရေးမလုပ်မိဖို့  အရေးကြီးပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခြင်းရဲ့ အကြောင်းအရင်းများ


၃။ အိုင်ဒီယာ

ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ပေမယ့် ဘာလုပ်ရမှန်း မသိတဲ့သူတွေလဲရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့  အလုပ်က ထွက်စာတင်တာတွေလည်း ကြုံတွေ့ ဖူးကြပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်လိုစိတ်ရှိတာ ကြိုဆိုရမှာပါ။ ဒါပေမယ့် ဘယ်လို အလုပ်မျိုးကို အခြားသူတွေနဲ့  မတူအောင် ဘယ်လိုတီထွင်ဆန်းသစ် လုပ်ကိုင်မှာလည်းဆိုတဲ့ အိုင်ဒီယာ အရင်ရှိထားမှ ဖြစ်မှာပါ။


၎။ Risk မယူလိုခြင်း

Risk ဆိုတဲ့နေရာမှာ ခန့်မှန်းတွက်ချက်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရဲ့လားဆိုတာ သေချာဆန်းစစ်ဖို့လိုပါတယ်။ စတင်လုပ်ကိုင်တဲ့ လုပ်ငန်းဆယ်ခုမှာ ကိုးခုဟာ ကျရှုံးသွားလေ့ရှိတယ်လို့  စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ကျရှုံးမှာကို စိုးရိမ်ကြောက်လန့် နေမယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်း ဖြစ်လာမှာ မဟုတ်ပါဘူး။ Risk ဆိုတာကတော့ ဘယ်နေရာမှာမဆို ရှိနိုင်တာမို့ မိမိကိုယ်တိုင် သေချာလေ့လာ ဆန်းစစ်ရမှာပါ။ Risk ကို ကြောက်ရွံ့ ပုန်းကွယ်နေဖို့  မလိုပါဘူး။ တွက်ချက်လို့မရတဲ့ အန္တရာယ်မျိုး၊ ခြိမ်းခြောက်မှုမျိုးရှိတဲ့ Risk မျိုးကို တော့ ရှောင်ရှားရမှာပါ။ ဒါဟာ Risk ယူတာ မဟုတ်ပဲ အသိဥာဏ်မဲ့ မိုက်ရူးရဲရာကြပါတယ်။


Source; DG

Myanmar Advertising Directory

Read times
Rate this item
(1 Vote)