-->

အောင်မြင်တဲ့လုပ်ငန်းများ အသုံးပြုသော နည်းဗျူဟာ ၄ချက် တီထွင်မှုနဲ့ တိုးတက်ဖို့အတွက် အောင်မြင်တဲ့ကုမ္ပဏီတွေ ဘာလုပ်လဲဆိုတာကို ကျွန်တော်တို့လေ့လာလို့ရပါတယ်။ ကမ္ဘာပေါ်မှာအအောင်မြင်ဆုံး ကုမ္ပဏီများသည် အနည်းဆုံးအောက်ပါ အချက်လေးချက်ကို လိုက်နာလေ့ရှိသည်။

 

၁။ အခြား S-Curve ကိုရှာဖွေခြင်း

ဘယ်အရာမှတစ်သက်လုံး ကြီးထွားနေမှာမဟုတ်ပါဘူး။ အကောင်းဆုံးသော ပစ္စည်း၊ ဈေးကွက်နဲ့စီးပွားရေး model များဟာ အချိန်တစ်ခုရောက်တဲ့အထိ ကြီးထွားပြီး၊ အချိန်တန်တဲ့အခါ ကြီးထွားမှုရပ်သွားပါသည်။ လုပ်ငန်းပြိုင်ဆိုင်မှုကြီးမားလာတဲ့အခါ၊ အခြားကုမ္ပဏီပစ္စည်းများမှ ပိုမိုကောင်းမွန်သော အရည်အသွေးပေးနိုင် သောအခါ၊ နည်းပညာ မြှင့်တင်ရန်လိုအပ်လာသောအခါ လုပ်ငန်းဝင်ငွေများဟာ တဖြည်းဖြည်းလျော့ကျလာ ပါသည်။

တိုးတက်နေသောလုပ်ငန်းများသည် မိမိတို့ခန့်မှန်းထားသည့် ပုံစံနဲ့ပဲ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြ ပါသည်။ ဒီလို S curve ဟာပိုမိုထင်ရှားလာတဲ့အခါမှာ နောက်အကြိမ် Growth strategy ကိုဆွဲဖို့အတွက် တော်တော်နောက်ကျသွားပါပြီ။ တီထွင်ဖို့အကောင်းဆုံးအချိန်ဟာ ဒီ growth curve ပြောင်းလဲချိန်ပါ။ ဒါပေမယ့် ဒီ growth curve ဟာဘယ်အချိန်မှာ ပြောင်းလဲမလဲ မသိနိုင်တဲ့အတွက် စဉ်ဆက်မပြတ် ကုမ္ပဏီဟာတီထွင်နေဖို့လိုပါသည်။ Steve Jobs ဟာဒီအချက်ကိုနားလည်ပြီး Apple ကို ပြန်လာတဲ့အချိန်မှာ သူ့ကုမ္ပဏီရဲ့ အောင်မြင်မှု ရပ်တန့်နေတဲ့အချက်ကို ပြောင်းပြန်လှန်လိုက်ပါတယ်။

ဒီအချိန်မှာ Apple သည် ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်း ထက်မပိုခဲ့ပါဘူး။ ပြီးတော့ ၂၀၀၂ ခုနှစ် Time Magazine မှာ ကျွန်တော်ဟာ Sony ၊ Microsoft တို့နဲ့ယှဉ်ပြိုင်မှာ ပါလို့ပြောခဲ့ပါသည်။ နောက် ၈နှစ်အကြာမှာ IPod၊ iPhone၊ iPad နဲ့အခြား ဈေးကွက်ကစားမှုပုံစံတွေကို ပြောင်းလဲခဲ့ပြီး၊ Jobs ကသူ့ရဲ့ အောင်မြင်မှုကိုကြော်ငြာခဲ့ပြီး၊ Apple Computer မှ Apple Inc. လို့ပြောင်းလဲခဲ့ပါသည်။ iPod ကို စတင်မိတ်ဆက်စဉ်က Jobsက Apple စာ ကမ္ဘာပေါ်မှာအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ရမယ်လို့ ကြော်ငြာခဲ့ပြီး၊ Sony၊ Samsung နှင့် Nokia တို့ထက် အောင်မြင်ရမယ်လို့ ကြော်ငြာခဲ့ပါသည်။

 

၂။ ၀ယ်ယူသူကို မှီခိုပါ။

အောင်မြင်တဲ့ကုမ္ပဏီများသည် ၀ယ်ယူသူရဲ့ပြသနာကို ကောင်းကောင်းနားလည်သူများ ဖြစ်ကြပါသည်။ ဒီလုပ်ငန်းများဟာ ၀ယ်ယူသူကိုနားလည်ပြီး၊ အခွင့်အလမ်းကောင်းများဖော်ထုတ်ဖို့အတွက် နည်းလမ်းတွေ ရှိကြပါသည်။ ၀ယ်ယူသူရဲ့အမြင်ဟာ ကိုယ့်ထုတ်ကုန်ကို တီထွင်ဖို့အတွက် အခြေခံဖြစ်ပြီး၊ ပုံစံငယ်ထုတ်ခြင်း၊ ထုတ်ကုန်သုံးစွဲသူများနှင့်ပူးတွဲပြီး ဒီဇိုင်းများတီထွင်ခြင်း တို့ကိုလုပ်ဆောင်ကြပါသည်။

ကျွန်တော်အမြဲတမ်းစိတ်ဝင်စားခဲ့တာက အချို့ကုမ္ပဏီများသည် သူတို့ရဲ့အချိန်အချို့ကိုအလုပ်ကနေ သွားပြီး ၀ယ်ယူသူများနဲ့ တွေ့ဆုံဖို့ကြပါတယ်။ IBM မှ Lou Gersterner ဟာ ကုမ္ပဏီဝန်ထမ်းများကို ၀ယ်ယူ သူများနဲ့ တွေ့ဆုံနိုင်အောင်ဖန်တီးပေးပါသည်။ IBM ထိပ်တန်းအဆင့်ဝန်ထမ်း ၅၀ ဟာ တစ်ပတ်မှာ ၀ယ်ယူသူ ၅ဦးနဲ့တွေ့ဆုံရမယ်လို့ စနစ်ထုတ်ပြန်ထားပါသည်။

ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်ချင်သူတွေအတွက် Jack Ma ရဲ့ အကြံပြုချက်

၃။ ဒီဇိုင်နာတစ်ဦးကဲ့သို့ စဉ်းစားပါ။

မန်နေဂျာတစ်ဦးဟာ ရွေးချယ်ဖို့နဲ့၊ ဆုံးဖြတ်ချက်ချဖို့အတွက် သင်ကြားထားတာဖြစ်ပြီး၊ သူတို့မှာ ရွေးချယ်ဖို့အကောင်းဆုံးဆိုပြီး မရှိပါဘူး။ တီထွင်မှုမှာ ရွေးချယ်ဖို့အသစ်တွေဖန်တီးတာလည်း ပါဝင်ပါသည်။ Apple သုံးစွဲသူတွေအတွက် ဖန်တီးထားတဲ့ ဖုန်းဟာ Jonathan Ive ဆိုတဲ့ ဒီဇိုင်နာတစ်ဦး တီထွင်ထား တာဖြစ်ပါသည်။ ဒီဇိုင်းများစဉ်းစားရန်အတွက် အခြားလိုအပ်ချက်တွေရှိပါသည်။

တိုးတက်နေသောကုမ္ပဏီများသည် Porter’s Five Forces ကို မေ့ထားကြပြီး၊ ဈေးကွက်ဟာ ခိုင်မာပြီး၊ ပြိုင်ဆိုင်သူများဟာ သူတို့ဈေးကွက်ဝေစုအတွက် ပြိုင်ဆိုင်ရမှာပဲလို့ သတ်မှတ်ထားပါသည်။ သူတို့ဟာ အခြားမဖော်ထုတ်ထားတဲ့ ဈေးကွက်ကိုရှာဖွေမယ့်အစား (Blue Ocean Strategy) ၊ လက်ရှိဈေးကွက်ကို ပြိုင်ဆိုင်ကြပါတယ်။

 

၎။ ဦးဆောင်ခြင်း

CEO ဟာ တီထွင်ဖန်တီးမှုကို ဦးစားပေးအနေနဲ့မထားရင်၊ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တီထွင်ဖန်တီးမှုမှာ အန္တရာယ်များမှု၊ ရှုံးနိမ့်မှုတို့ အတိုင်းအတာတစ်ခုအထိ ရှိနိုင်ပါသည်။ အအောင်မြင်ဆုံးကုမ္ပဏီများသည် တီထွင်မှုကို အားပေးတဲ့ပတ်ဝန်းကျင်ကို ဖန်တီးထားပါသည်။ Howard Schultz ဟာ Starbucks သည်သူ့ရဲ့လမ်းကြောင်းပျောက်သွားပြီလို့ ယူဆတဲ့အခါမှာ၊ တစ်ကမ္ဘာလုံးမှာ ကော်ဖီဆိုင်များကို သွားရောက်ပြီး၊ ဆိုင်ဒီဇိုင်းနဲ့ အတွေ့အကြုံကိုပြောင်းလဲ ခဲ့ပါသည်။

Google ဟာသူ့ဝန်ထမ်းများကို တစ်ပတ်မှာတစ်ရက် idea အသစ်တွေစဉ်းစားဖို့ တွန်းအားပေးပါသည်။ P&G ဟာသူတို့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုအသစ်ရဲ့ ၀င်ငွေကိုအမြဲ tracking လိုက်ပါသည်။ Amazon ထူထောင်သူဖြစ်တဲ့ Jeff Bezos ဟာသူ့ဝန်ထမ်းများနဲ့ ရှယ်ယာရှင်တွေကို အမြတ်ထက်၊ နောင်နှစ် ၅နှစ်နဲ့ ၇နှစ်ကြားမှာ အရင်းကျေနိုင်တဲ့ လုပ်ငန်းအမျိုးအစားကို ပိုသဘောကျတယ်လို့ပြောခဲ့ပါသည်။

 

Source: Harvard University

Myanmar Advertising Directory

Published in Tips

Print Advertisng ဆိုတာ လက်ကမ်းစာစောင်ဝေခြင်း၊ ကူပွန်၊ business ကဒ်၊ Billboar ကြော်ငြာခြင်း၊ မဂ္ဂဇင်းကြော်ငြာခြင်းနဲ့ သတင်းစာကြော်ငြာခြင်းတို့ပါဝင်ပါတယ်။ Social Media တွေခေတ်စားလာတယ်ဆိုပေမယ့် Print Advertisng ဟာလည်း ရိုးမသွားတဲ့ တဲ့ကြော်ငြာနည်းလမ်း တမျိုးဖြစ်ပြီး အခုချိန်ထိ လုပ်ငန်းရှင်တော်တော်များများက အသုံးပြုနေကြတုန်းပါ။


သတင်းစာနဲ့ ဂျာနယ်တွေဟာ ဝေးလံ ခေါင်းပါးတဲ့ နေရာဒေသတွေ အထိပါ ရောက်ရှိတာကြောင့် သင့်ရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုလုပ်ငန်းဟာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချဖို့ ဦးတည်ချက်ထားတာဆိုရင် ဒီလို သတင်းစာနဲ့ ဂျာနယ်တွေမှာ ထည့်သွင်း ကြော်ငြာတာက ပိုပြီး ထိရောက်မှု ရှိစေပါတယ်။ သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်သွင်းတော့မယ်ဆိုရင် လိုအပ်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ စာသား

သတင်းစာမှာကြော်ငြာထည့်ခြင်းဟာ သင့်ကြော်ငြာ အကြောင်းအရာစာသားတွေကို ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကြောင့် သင့်ကြော်ငြာရဲ့ဆိုလိုရင်းကို ရောက်စေပါတယ်။ ဒါ့အပြင် သင့် Product အကြောင်းကို ခေါင်းစဉ်ကြီးကြီးထည့်ပြီး ကြော်ငြာမယ်ဆိုရင်လည်း သင့် Product ကို Customer တွေပိုမိုစိတ်ဝင်စားလာနိုင်ပါတယ်။


၂။ ဓာတ်ပုံ

သတင်းစာမှာ ကြော်ငြာဖို့အတွက် ဓာတ်ပုံရွေးချယ်ခြင်းဟာလည်း အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဓာတ်ပုံရွေးတဲ့နေရာမှာ ခေါင်းစဉ်နဲ့မကိုက်ညီတဲ့ ဓာတ်ပုံ၊ Customer တွေကို စိတ်ရှုပ်ထွေးစေမယ့် ဓာတ်ပုံမျိုးကို ရှောင်ရှားသင့်ပါတယ်။

သင့်လုပ်ငန်းရဲ့ ထုတ်ကုန်ပစ္စည်းတွေ အမြဲတမ်းရောင်းအားတက်စေဖို့ဆိုရင်


၃။ ကာလာ

အဖြု၊ အမဲ နဲ့ ကြော်ငြာထည့်တာထက် Colour ကတော့ ကုန်ကျစရိတ်ပိုများပါတယ်။ လူတော်တော်များများက သတင်းစာဖတ်တဲ့အခါမှာ အဖြူ၊ အမဲကြီးထက်စာရင် Colour လေးပါတာမျိုးကို ပိုသဘောကျတက်ပါတယ်။ Colour ထည့်တဲ့နေရာမှာ ၂မျိုးရှိပါတယ်။ Full colour ရယ် Two Colour ဆိုပြီးတော့ပါ။


၎။ အပြင်အဆင်

သင့်ကြော်ငြာအတွက် အပြင်အဆင်ကလည်း အရေးကြီးပါတယ်။ ကြော်ငြာကို ကြည့်လိုက်တာနဲ့ ခေါင်းစဉ်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် Customer တွေရဲ့မျက်လုံးထဲမှာ ထင်ပေါ်နေရပါမယ်။ ဒါမှသာ သတင်းစာမှာ သင့်ကြော်ငြာဟာ စာဖတ်သူကို ဆွဲဆောင်မှု ရှိစေမှာဖြစ်ပါတယ်။


၅။ အရွယ်အစား

သတင်းစာမှာ ကြော်ငြာခြင်းရဲ့ ကုန်ကျစရိတ်ဟာ သင့်ကြော်ငြာရဲ့Size ပေါ်မှာမူတည်ပါတယ်။ သတင်းစာရဲ့နောက်ဖုန်းမှာ ကြော်ငြာမယ်ဆိုရင်တော့ ပိုပြီးကုန်ကျစရိတ်များပါတယ်။


Htet Htet Naing

 Myanmar Advertising Directory

Published in Print Advertising

ယနေ့ခေတ်မှာ Mobile ဖုန်းအသုံးပြုသူတွေ များပြားလာတာနဲ့အမျှ Online စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း သူတို့ရဲ့ Page တွေကနေတစ်ဆင့် 

Published in Tips

Social Media တွေ ခေတ်စားလာပြီးနောက် Content Writing နဲ့ Copywriting ဆိုတဲ့ အလုပ်အကိုင်တွေဟာလည်း လူငယ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

Published in Tips

ကမ္ဘာပေါ်မှာရှိတဲ့ ဘီလျံနာတွေမှာ တခြားသူတွေနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိတတ်နေတက်ကြပါတယ်။

Published in Global

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်တော့မည်ဆိုလျှင် ကြော်ငြာနှင့် ကင်းလို့ မရပါဘူး။ ကြော်ငြာလုပ်ငန်းကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် ကျောင်းတုန်းက သင်ရိုးညွှန်းတမ်းအဟောင်းကြီးတွင် သင်ကြားခဲ့ရသည်များကို မေ့ပစ်လိုက်ရန် လိုပေသည်။

Published in Tips

ခေတ်ကာလရဲ့ ဈေးကွက်အနေအထားအရ Business Model ပြောင်းကြသလိုဘဲ တချို့ကျတော့ နည်းပညာအကူအညီနဲ့ Business Model ပြောင်းလိုက်ကြတယ်။

Published in Tips

ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု တည်ထောင်ချင်တယ်။

Published in Tips

Branding ဆိုတာကတော့ idea game လဲဖြစ်သလို၊ ငွေကြေး game လို့လည်း ပြောလို့ရပါတယ်။

Published in Tips

ဈေးသတ်မှတ်တယ်ဆိုတဲ့ နေရာမှာ သင့်အတွက် အမြတ်ရတာကိုပြောတာမဟုတ်ပါဘူး။

Published in Tips
Page 11 of 12