-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရန်ကုန်မြို့ အတွင်း စီးပွားရေးလုပ်ငန်းကြော်ငြာဘေဘုတ်ပေါင်း (၉၈) ခုကို ငှားရမ်းလုပ်ကိုင်ခွင့်ပြု

ရန်ကုန်မြို့ အတွင်း စီးပွားရေးလုပ်ငန်းကြော်ငြာဘေဘုတ်ပေါင်း (၉၈) ခုကို ငှားရမ်းလုပ်ကိုင်ခွင့်ပြု google

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့အတွင်း စီးပွားရေးလုပ်ငန်းကြော်ငြာဘေဘုတ်ပေါင်း (၉၈) ခုကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း အဆိုပါကော်မတီစီမံရေးရာဌာန တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းကြော်ငြာဘေဘုတ်များသည် (၄၅)ပေ၊ (၁၅)ပေ အရွယ်ရှိပြီး ယင်းတို့ကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြော်ငြာဘေဘုတ်များကို သင်္ကန်းကျွန်းမြို့နယ်၊လမ်းမတော်မြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ကြော်ငြာလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ကြော်ငြာဘေဘုတ်ပေါင်း ၄၀၀ ကျော်ရှိရာ (၉၈) ခုသာ မဲစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Signboard, Aluminium & Glass (ဆိုင်းဘုတ်၊ အလူမီနီယံနှင့်မှန်လုပ်ငန်းများ(1168) ခုကိုရှာရန်နှိပ်ပါ။)

"မဲစနစ်နဲ့ ရွေးချယ်ပေးရတာက နေရာရွေးချယ်မှုမရှိအောင်ပါ။ ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့ တွင်းမှာ စီးပွားရေးကြော်ငြာဘေဘုတ် (၄၅) ပေ၊ (၁၅)ပေအရွယ်ရှိတဲ့ တိုင်ပေါင်း (၄၇၄) တိုင်ကို မဲနှိုက်ရွေးချယ်ပေးခဲ့ပါတယ်။ သတ်မှတ်ငှားရမ်းခတွေပေးဆောင်ပြီး ကြော်ငြာခွင့်ပြုတာဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းကြော်ငြာဘေဘုတ်များကို မဲနှိုက်ရွေးချယ်ရာတွင် အုပ်စုငါးစုခွဲခြားထားပြီး အုပ်စု(၁)တွင် ကမ္ဘာအေးဘုရားလမ်း၊ဦးချစ်မောင်လမ်းနှင့် ဆရာစံလမ်းထောင့်၊ ပြည်လမ်း၊ ဦးဝိစာရလမ်း၊ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း၊           ကန်ပတ်လမ်း၊ စက်မှု (၁) လမ်းနှင့် ဟံသာဝတီလမ်းရှိ ကြော်ငြာဘေဘုတ်များအတွက် ငွေကျပ်သိန်း (၂၅၀)၊ အုပ်စု(၂) တွင် သုဝဏ္ဏအားကစားကွင်းအနီး၊ မြောက်ဥက္ကလာပအဝိုင်း၊ လေးထောင့်ကန်လမ်း၊ ဝေဇယန္တာလမ်း၊ သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ ကမ်းနားလမ်းတို့မှ ကြော်ငြာဘေဘုတ်များအတွက် ငွေကျပ်သိန်း (၁၈၀)၊ အုပ်စု (၃) တွင်ပါဝင်သော ကြော်ငြာဘေဘုတ်များအတွက် ငွေကျပ် (၁၃၅) သိန်း၊ အုပ်စု (၄) တွင် ပါဝင်သော ကြော်ငြာဘေဘုတ်များအတွက် ငွေကျပ်သိန်း (၁၀၀)၊ အုပ်စု (၅) တွင်ပါဝင်သော ကြော်ငြာဘေဘုတ်များအတွက် ငွေကျပ်သိန်း (၅၀) အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

Online Shopping Pageတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ အတွက် Facebook Tool အချို့

Source - www.myawady.net.mm

Read times
Rate this item
(0 votes)