-->
×

Warning

JUser: :_load: Unable to load user with ID: 29


Brand Awareness အများဆုံးရရှိနိုင်မယ့် ကြော်ငြာနည်းလမ်းများ

Brand Awareness အများဆုံးရရှိနိုင်မယ့် ကြော်ငြာနည်းလမ်းများ Google

ယနေ့ Social Media ခေတ်ကြီးမှာ Advertising Platform တွေ၊ Content တွေကလည်း များပြားသလို စီးပွားရေး လုပ်ငန်းတွေကလည်း ဘယ် Platform၊ ဘယ် Content ကို သုံးရမလဲဆိုတာ ဇဝေဇဝါ ဖြစ်လာပါတယ်။

အထူးသဖြင့် အခုမှ စတင်ဖွံ့ဖြိုးဆဲ ကုမ္ပဏီ ( Start-up Enterpreneurs ) တွေက ဒီလို အခက်အခဲ မျိုးကို ပိုမိုတွေ့ကြုံရတတ်ပါတယ်။

ဒါ့ကြောင့် advertising အမျိုးအစား တွေထဲက Brand Awareness အများဆုံးရရှိနိုင်မယ့် ကြော်ငြာနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


Video

ယခင် Video နဲ့ ကြော်ငြာတာက ခက်ခဲတဲ့ကိစ္စ တစ်ခုတည်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့်၂၁ ရာစုမှာ video တစ်ခုကို ပြုလုပ်ကြေငြာချင်ရင်တော့ သင့်လက်ထဲမှာ ဖုန်းတစ်လုံးရှိနေရုံနဲ့ လုံလောက်ပါတယ်။ Video တွေက Customer Engagement ကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး မြှင့်တင်ပေးနိုင်တဲ့ Material တွေထဲမှာ ပါဝင်ပါတယ်။ မျက်စိအမြင်နှင့် မြင်ရုံသာမက အကြားအာရုံကိုပါ ဖမ်းစားနိုင်ပြီး Brand Awareness ကို အလွယ်တကူ ရယူနိုင်ပါတယ်။ စာဖတ်ရတာထက် video အတိုလေးတစ်ခု ကြည့်ရတာကို လူတွေက ပိုမိုနှစ်ခြိုက်ကြတယ်။ လူရဲ့ ဦးနှောက်ဟာ ဓါတ်ပုံ၊ ဗွီဒီယို အ အစရှိတဲ့ ပုံရိပ်တွေကို သာမန်စာသားတွေထက် အဆ ၆၀၀၀၀ပိုပြီး မှတ်မိစေတယ်။

အဆိပ်အတောက် ဖြစ်စေတဲ့ Video တွေကို ဖြုတ်ချဖို့ ဝန်ထမ်းတွေရဲ့ တောင်းဆိုမှုကို ဖယ်ချခဲ့တဲ့ Youtube
Thought Leadership

Public ကို ဗဟုသုတပေးတဲ့ အနေနဲ့လည်း Brand Awareness ကို မြှင့်တင်လို့ ရပါတယ်။ ကုမ္ပဏီများအနေနှင့် Thought Leadership ကို အကောင်အထည်ဖော်ဖို့ဆိုရင် Linked In, Facebook, Twitter, Instragram အစရှိတဲ့ Social Media Site တွေမှာ မိမိ product နဲ့ တိုက်ရိုက် ဆက်သွယ်နေတဲ့ Articles များကို ရေးတင်ခြင်းဖြင့် Brand Awareness ကို မြှင့်တင်နိုင်ပါတယ်။


Social Medial Ads

တချို့ Business တွေက Social Media မှ Ads တွေတင်ပြီး ROP (Return On Investment) ပြန်စမ်းစစ်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Social Media ကသင့်ရဲ့ Real Customer,Targeted Customer ကိုရှာတဲ့အခါ အတိကျဆုံးနှင့် အမှန်ကန်ဆုံးထွက်တဲ့ Site လို့ပြောလို့ရပါတယ်။ ထို့ပြင် Social Media မှ သင့်ရဲ့ Potential Customer များကိုလည်း အလွယ်တကူရှာဖွေနိုင်ရန် အကူအညီ ပေးပါလိမ့်မယ်။ တွေ့ရှိချက်များ
အရ Social Media Ads ကို အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများတွင် ပိုမိုအသုံးပြုပြီး Brand Awareness ကို ရယူကြပါတယ်။

Source: Inc. Southeast Asi
Myanmar Advertising Directory

 

Read times
Rate this item
(2 votes)