-->
×

Warning

JUser: :_load: Unable to load user with ID: 29


အထိရောက်ဆုံးကြော်ငြာနိုင်မယ့် ကြော်ငြာနည်းလမ်း (၈)ခု

အထိရောက်ဆုံးကြော်ငြာနိုင်မယ့် ကြော်ငြာနည်းလမ်း (၈)ခု Google

သင့်လုပ်ငန်းက ကြော်ငြာဘတ်ဂျက်ကို မဖြုန်းမိပါစေနဲ့။

ပြည်တွင်းလား။ ပြည်ပလား။ မြို့ကိုလား။ နယ်ကိုလား။ အမျိုးသားကို ရောင်းမှာလား။ အမျိုးသမီးကို ရောင်းမှာလား။ လူကြီးပိုင်းကို ရောင်းမှာလား။ လူငယ်၊ လူလတ်ပိုင်းကို ရောင်းမှာလား။ သေသေချာချာ စဉ်းစားပါ။ လုပ်ငန်းရှင်တွေအနေနဲ့သင့်လုပ်ငန်းကို ဘယ်လို ကြော်ငြာနည်းလမ်းတွေကို သုံးပြီးကြော်ငြာရမလဲဆိုတာကို သိထားသင့်ပါတယ်။ အောက်မှာ မိမိတိုရဲ့လုပ်ငန်းတွေကို အထိရောက်ဆုံးကြော်ငြာနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ Billboard Advertising

မြို့ကြီးတွေသာမက နေရာ၊ ဒေသစုံက billboard ပေါင်း (၁၀၀) ကျော်မှာ သင့်ကုန်ပစ္စည်းအတွက် သင့်တော်သော billboard ကို တစ်စုတစ်စီးတည်း ရှာဖွေဌာရမ်းနိုင်အောင် ဖော်ပြပေးတဲ့ကြော်ငြာနည်းလမ်းကတော့ Billboard Advertising ပဲဖြစ်ပါတယ်။

၂။ Bus Stop Advertisement

ရန်ကုန်မြို့တွင်း၊ မန္တလေး၊ နေပြည်တော် မှာရှိတဲ့ ဘတ်စ်ကားဂိတ်တွေမှာ စရိတ်သက်သက်သာသာနဲ့ သင့်ထုတ်ကုန်တွေကို ကြော်ငြာနိုင်အောင် location နဲ့တကွဖော်ပြပေးတာကတော့ Bus Stop Advertising ဖြစ်ပါတယ်။

၃။ Car-Taxi Advertisements

ဒီ Advertising ကတော့ မြန်မာနိုင်ငံမြို့ကြီးတွေမှာရှိတဲ့ အဌားယာဉ်တွေ၊ Bus Car တွေမှာ ကြော်ငြာနိုင်ရန် ယာဉ်အမျိုးအစာနဲ့ အခြားအချက်အလက်များကို စုစည်းဖော်ပြပေးတာဖြစ်ပါတယ်။

Facebook နဲ့ Google ကသုံးစွဲသူတွေ ခြေရာခံတဲ့နည်းလမ်းကို Tool သစ်တစ်ခုနဲ့ စစ်တမ်းပြုလုပ်ခဲ့

၎။ Internet Ads

မြန်မာနိုင်ငံ ရဲ့ Internet အသုံးပြုနှုန်းဟာ ၁သန်းကျော်ကိုရောက်ရှိနေပြီဖြစ်ပြီး အများစုမှာ educated level များဖြစ်ပါတယ်။ ဒါကြောင့် လူကြည့်အများဆုံး အင်တာနက် ဝက်ဆိုဒ်တွေမှာ ကြော်ငြာနိုင်ရန် စုစည်းဖော်ပြပေးတဲ့ Internet Advertising ဖြစ်ပါတယ်။

၅။ Print Advertising

မြန်မာပြည်ရှိ စားသုံးသူရဲ့ ၄၁% ဟာ နေ့စဉ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို ဖတ်ရှုကြပါတယ်။ ဒီလို printed media, လမ်းညွှန်စာအုပ် တွေနဲ့ အဖွဲ့အစည်း အသီးသီးမှထုတ်ဝေတဲ့ printed media တွေမှာ ရွေးချယ်ကြော်ငြာနိုင်အောင် Print Print Advertising က စုစည်းပေးပါတယ်။

၆။ Radio Advertising

မြန်မာနိုင်ငံအတွင်း radio fm/am နားဆင်သူ ၄၀% ရှိနေပါတယ်။ ဒီလို စားသုံးသူတွေဆီကို ရောက်ရှိနိုင်ရန် အချိန်ကုန်၊ ငွေကုန် သက်သာစွာ နဲ့ ကြော်ငြာနိုင်စေနိုင်တဲ့ ကြော်ငြာချယ်နယ်တစ်ခုဖြစ်ပါတယ်။

၇။ SMS Advertising

mobile phone အသုံးပြုသူဦးရေဟာ မြန်မာနိုင်ငံမှာ ၅၄၀,၀၀၀ ကျော် ရှိနေပါတယ်၊ နှစ်စဉ်တိုးလာတဲ့ mobile phone သုံးသူတွေဆီကို စက္ကန့်ပိုင်းအတွင်း ကြော်ငြာရောက်ရှိနိုင်ဖို့ အထိရောက်ဆုံးဝန်ဆောင်မှုတွေကို SMS Advertising ကဖော်ပြပေးပါတယ်။

၈။ TVCs Advertising

မြန်မာနိုင်ငံအတွင်ရှိ ၄၈% သော TV ကြည့်ရှုသူတွေဟာ သင့်ရဲ့ ထုတ်ကုန်တွေကို သုံးစွဲရန် မျှော်လင့်နေသူတွေဖြစ်လာနိုင်ပါတယ်၊ ဒါကြောင့် TVCs ad ကို အကျိုးရှိရှိ အသုံးပြုနိုင်အောင် လူကြည့်အများဆုံး TV channel ကြော်ငြာဈေးနှုန်းများကို TVCs Advertising က ဖော်ပြပေးပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)