မိမိလက်ရှိလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း သို့မဟုတ် ၀န်ဆောင်မှုလုပ်ငန်းတွေကို ပိုမို တိုးချဲ့စေနိုင်ဖို့၊ အွန်လိုင်းရှော့ပင်းတွေ အရင်ကထက် ရောင်းအားကောင်းပြီး အောင်မြင်စေဖို့၊ ပရဟိတအသင်းတွေ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့
မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေကို လူသိများအောင် ပိုမို ချဲ့ထွင်စေနိင်ဖို့ စတာတွေအတွက် ဖေ့ဘုတ်ခ်ကနေ ပေ့ခ်ျထောင်ပြီး ကြော်ငြာတာက အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။
အခြားပေ့ခ်ျတွေနည်းတူ မိမိပေ့ခ်ျလည်း အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာက အရေးကြီးပါတယ်။ ဒါကြောင့်…
၁။ မိမိပေ့ခ်ျကို Engagement များအောင် ပြုလုပ်ခြင်း
၂။ ရောင်းလိုတဲ့ ကုန်ပစ္စည်း သို့ သိစေလိုတဲ့ အကြောင်းအရာကို လူသိများအောင် လုပ်ဆောင်ခြင်း
၃။ လူစိတ်ဝင်စားစေမယ့် ဓာတ်ပုံတွေနဲ့ Contents များ ဖန်တီးခြင်း
၎။ ပေ့ခ်ျတစ်ခုလုံးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း စတာတွေ သေချာ သိရှိထားဖို့ လိုအပ်ပါတယ်။
မိမိပေ့ခ်ျကို Engagement များများရအောင် ပြုလုပ်ခြင်း
ဖေ့ဘုတ်ခ်မှာ ပေ့ခ်ျတစ်ခုထောင်တာက လွယ်ပါတယ်။ ဒါပေမဲ့ ပေ့ခ်ျတစ်ခု ထောင်ထားရုံနဲ့တော့ လူတွေက ကိုယ့်ရဲ့ပေ့ခ်ျကို အလိုလိုနေရင်း ရှာဖွေ မတွေ့ရှိနိုင်ပါဘူး။ ပေ့ခ်ျကို လူသိများစေဖို့အတွက် Promote လုပ်ရပါတယ်။ Promote လုပ်တဲ့နေရာမှာ သုံးတဲ့ငွေပမာဏနဲ့ ရွှေးချယ်တဲ့ လူတွေနဲ့တည်နေရာတွေပေါ် မူတည်ပြီး Engagement က ကွဲပြားသွားပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းကို ဘယ်လိုအဆင့်မြှင့်တင်မလဲ
ရောင်းလိုတဲ့ ကုန်ပစ္စည်း သို့ သိစေလိုတဲ့ အကြောင်းအရာကို လူသိများအောင် လုပ်ဆောင်နည်း
အဓိကကတော့ ကြော်ငြာတာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေ သို့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ဘယ်သူတွေဆီ ရောက်ရှိစေချင်တာလဲဆိုတာ အရေးကြီးပါတယ်။ အသက်အပိုင်းအခြားတွေ၊ နေရာဒေသနဲ့ Interest တွေကို ရွေးချယ်ပေးရပါတယ်။ ရွေးချယ်မှုမှန်မှ ၀ယ်လိုတဲ့သူတွေဆီကို ဖြောင့်ဖြောင့်တန်းတန်း ရောက်မှာပါ။ ကိုယ်ရောင်းချင်တဲ့ ပစ္စည်းနဲ့ ရွေးချယ်တဲ့ Interest တွေက ဆက်စပ်မှုမရှိဘူးဆိုရင် မလိုတဲ့လူတွေဆီကိုပဲ ပို့စ်က ရောက်ပြီး Like တွေလည်း အများကြီး ရပေမဲ့ ၀ယ်သူမရှိ ဖြစ်တတ်ပါတယ်။ ကြော်ငြာတာ အဆင်မပြေရင်လည်း ဖေ့ဘုတ်ခ်ကနေ ပယ်ချတတ်တာကြောင့် ကြော်ငြာတဲ့အခါ ရွေးချယ်တဲ့ အချက်အလက်တွေ မှန်ကန်ဖို့ လိုအပ်ပါတယ်။
လူစိတ်ဝင်စားစေမယ့် ဓာတ်ပုံတွေနဲ့ Contents များ ဖန်တီးခြင်း
မိမိရောင်းချင်တဲ့ ကုန်ပစ္စည်း၊ မိမိပေးချင်တဲ့ ၀န်ဆောင်မှုက ဘာလဲဆိုတာကို လူတွေ ရှင်းရှင်းလင်းလင်း သိသွားဖို့က အဓိကပါ။ အခြားသူတွေ ရောင်းချတဲ့ကုန်ပစ္စည်း သို့ ပေးတဲ့ဝန်ဆောင်မှုထက် ဘာတွေ ပိုကောင်းလဲ၊ ဘာတွေ အားသာချက်ရှိလဲ၊ မိမိရောင်းချတဲ့ ကုန်ပစ္စည်း သို့ ပေးတဲ့ဝန်ဆောင်မှုကို သုံးခြင်းအားဖြင့် ဘာတွေကောင်းကျိုး ဖြစ်စေနိုင်သလဲ အစရှိတာတွေကို ထည့်သွင်း ရေးသားဖို့ လိုပါတယ်။ Content တစ်ခုထဲ ကောင်းနေရုံ မရပါဘူး။ ဓာတ်ပုံကလည်း အရေးပါပါတယ်။
ပေ့ခ်ျတစ်ခုလုံးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်း
ပို့စ်တွေကို ဘယ်အချိန်တင်သင့်လဲ၊ ဘယ်လို Schedue ဆွဲထားမလဲ၊ Bad Comments တွေကို ဘယ်လို ဖြေရှင်းမလဲ၊ သိလိုတာတွေ မေးမြန်းဖို့အတွက် ဖုန်းနံပါတ်ကို မြင်နေအောင် ဘယ်လိုလုပ်မလဲ၊ ရုံးချိန်ပြင်ပမှာ မက်ဆေ့ခ်ျပို့လာရင် Auto Message ဘယ်လိုလုပ်မလဲ၊ Setting တွေကို ဘယ်လိုချိန်ညှိမလဲ စသဖြင့် ပြည့်စုံအောင် စဉ်းစား လုပ်ဆောင်ထားဖို့ လိုပါတယ်။
ဖေ့ဘုတ်ခ်မှုာ ပေ့ခ်ျတစ်ခုကို ကြော်ငြာတယ်ဆိုတာ အပြင်မှာ မိမိရဲ့လုပ်ငန်းကို ကြော်ငြာတာနဲ့ အတူတူပါပဲ။ အပြင်မှာ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီနဲ့ Billboard တွေမှာ ကြော်ငြာတာထက် ဖေ့ဘုတ်ခ်မှာ ပေ့ခ်ျထောင်ပြီး ကြော်ငြာတာက လူသိပိုများပြီး အကုန်အကျလည်း ပိုပြီး သက်သာစေပါတယ်။
Su Mon Oo
Myanmar Advertising Directory




