-->
×

Warning

JUser: :_load: Unable to load user with ID: 29


စာသားရှည်ရှည်ရေးပြီး အောင်မြင်ခဲ့တဲ့ကြော်ငြာ (၉)ခု

စာသားရှည်ရှည်ရေးပြီး အောင်မြင်ခဲ့တဲ့ကြော်ငြာ (၉)ခု Google

နာမည်ကျော်အမှတ်တံဆိပ်တွေကိုတာဝန်ယူခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံအရခြုံငုံကြည့်ရင်၊ စာသားရှည်တဲ့ကြော်ငြာက တိုတဲ့ကြော်ငြာထက် ပိုရောင်းရပါတယ်။ မမှန်ခဲ့တာ ၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။

တစ်ကြိမ်က ဈေးသင့်တဲ့ဆေးပြင်းလိပ်ကြော်ငြာဖြစ်ပြီး၊ နောက်တစ်ကြိမ်က အကောင်းစားဝီစကီကြော်ငြာ ဖြစ်ပါတယ်။ ဒါကြောင့် စာသားရှည်ရှည်ရေးပြီး အောင်မြင်ခဲ့တဲ့ကြော်ငြာ ၉ ခုအကြောင်းအခုပြထားပါတယ်။

၁။ ဆုံးသွားပြီဖြစ်တဲ့ Louis Engel ရဲ့ Merill Lynch ဘဏ်ကြော်ငြာမှာ စာလုံးရေ ၆,၄၅၀ ပါတယ်။ အဲ့ဒီ့ကြော်ငြာကိုနယူးယောက်တိုမ်းမှာ တစ်ကြိမ်ထည့်လိုက်တာ စုံစမ်းမှု ၁၀,၀၀၀ တက်လာပါတယ်။ ကူပွန်မပါခဲ့ပါဘူး။

၂။ Claude Hopkins က Schlitz ဘီယာအတွက်လုပ်ပေးတဲ့ကြော်ငြာမှာ စာသီးသန့် ၅ မျက်နှာ ပါပါတယ်။ ၅ လအကြာမှာ Schlitz ဘီယာက အရောင်းရဆုံး နံပါတ် ၅ နေရာကနေ ထိပ်ဆုံးကို ရောက်သွားပါတယ်။

၃။ Good Luck မာဂျရင်းအတွက် စာလုံးရေ ၇၀၀ ပါတဲ့ကြော်ငြာ ကျွန်တော်လုပ်ခဲ့ပါတယ်။ ရောင်းအားတက်ခဲ့ပါတယ်။

၎။ Puerto Rico အတွက် ကျွန်တော့်ရဲ့ပထမဆုံးကြော်ငြာက စာလုံးရေ ၆၀၀ ပါ ပါတယ်။ [Beardsley Ruml လက်မှတ်ထိုးခဲ့ပေမယ့် ကျွန်တော်ရေးခဲ့တာပါ။] ဖတ်ရှုသူ ၁၄,၀၀၀ က ကူပွန်တွေပို့ကြပါတယ်။ သူတို့ရဲ့ပေးမှတ်တွေနဲ့ Puerto Rico မှာ စက်ရုံတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၅။ Shell ဆီဆိုင်အတွက် သတင်းစာကြော်ငြာစီးရီးတွေမှာ စာလုံးရေ ၈၀၀ ပါပါတယ်။ အမျိုးသား ၂၆% က ကြော်ငြာစီးရီးတစ်ခုလုံးရဲ့ တဝက်ကျော်ကို ဖတ်ရှုပါတယ်။ Shell ရဲ့ ၇ နှစ်ဆက် တိုက်ကျဆင်းနေတဲ့ ရှယ်ရာတန်ဖိုးတွေ ၂ ဆပြန်တက်သွားပါတယ်။

၆။ ကျွန်တော်တဲ့တွဲဖက် Francis X. Houghton က American Trust ဘဏ်အတွက် ကြော်ငြာတစ်ခုလုပ်ပေးရာမှာ စာလုံးရေ ၄,၇၅၀ ရှိပါတယ်။ အောင်မြင်ခဲ့ပါတယ်။

၇။ Ogilvy & Mather အတွက်ကြော်ငြာကို စာလုံးရေ ၂,၅၀၀ နဲ့ကျွန်တော်ရေးခဲ့ပါတယ်။ လုပ်ငန်းသစ်တွေ အများကြီးထပ်တိုးလာပါတယ်။

၈။ ကမ္ဘာ့သားရဲတိရိစ္ဆာရန်ပုံငွေကြော်ငြာအတွက် စာလုံးရေ ၃,၂၃၂ လုံး ကျွန်တော်သုံးခဲ့ပါတယ်။

၉။ Morgan Guaranty ငွေကြေးလုပ်ငန်းအတွက်ကြော်ငြာကို စာလုံးရေ ၈၀၀ ကျွန်တော်သုံးခဲ့ပါတယ်။ ဘဏ်အတွက်ကောင်းကျိုးတွေ အများအပြားဖြစ်စေခဲ့ပါတယ်။

အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ သူတွေအတွက်

စာရှည်ရှည်ရေးပြီး ရောင်းအားတက်ခဲ့တဲ့ကြော်ငြာတွေ မရေမတွက်နိုင်အောင် ခင်ဗျားကိုပြလို့ရပါတယ်။ မာစီဒီးအတွက်လည်း မှတ်မှတ်ထင်ထင်အောင်မြင်ခဲ့ပါတယ်။ အမေရိကန်မှာတင်မဟုတ်ပဲ တစ်ကမ္ဘာလုံးမှာပါ။
စစ်တမ်းမလိုပဲနဲ့ ကျွန်တော်ယုံကြည်တာရှိပါတယ်။

ကြော်ငြာမှာ စာရှည်ရှည်ရေးတာက လူတွေဖတ်ဖတ်မဖတ်ဖတ်၊ အရေးတကြီးပြောစရာရှိတယ်ဆိုတဲ့ သဘောမျိုးဆောင်တယ်။ လက်လီအရောင်းသမားတွေအတွက် ကြော်ငြာရလာဒ်ကို လေ့လာပြီးတဲ့နောက်၊ Dr. Charles Edwards က ကောက်ချက်ချခဲ့ပါတယ်။

“အချက်လက်များများပြောလေ၊ များများရောင်းရလေပဲ”။ အရောင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ကြော်ငြာမှာများများပါလေ၊ ကြော်ငြာတစ်ခုရဲ့ အောင်မြင်ဖို့အခွင့်အရေးတိုင်း တိုးလေပါပဲ။ Direct-response ကြော်ငြာသမားတွေကလည်း ကြော်ငြာစာသားအတိုက အလုပ်မဖြစ်မှန်း သိကြတယ်။

ကြော်ငြာနှစ်ခုယှဉ်ပြီး စမ်းသပ်ချက်တွေအရ စာအရှည်နဲ့ဆို ဘယ်လိုပဲဖြစ်ဖြစ် ပိုရောင်းရတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့သတိပေးလိုတာက ကြော်ငြာမှာစာရှည်ရှည်ရေးချင်ရင် ကောင်းကောင်းရေးဖို့တော့လိုမယ်။ အကြမ်းဖျဉ်းအနေနဲ့၊ ပထမဆုံးစာပိုဒ်က ဆွဲဆောင်နိုင်ရမယ်။

စစခြင်းကတည်းက အူလည်လည်ရေးထားရင် စာဖတ်သူကိုဆွဲခေါ်နိုင်မှာမဟုတ်ဘူး။ “အပန်းဖြေခရီးသွားခြင်းဟာ လူတိုင်းနှစ်သက်တဲ့ စိတ်ချမ်းသာမှုမျိုးဖြစ်ပါတယ်” ဆိုပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းက ကြော်ငြာထားသလိုပေါ့။ ဆက်ဖတ်ချင်ပါဦးမလား။

ဟားဗက်က ပါမောက္ခတစ်ယောက်က တပည့်တွေစိတ်ပါဝင်စားတဲ့ သင်ခန်းစာပို့ချချက်တွေကို လည်ချောင်းသံကြီးနဲ့ ဒီလိုစတင်လေ့ရှိပါတယ်။ “Cesare Borgia က သူ့အစ်မကိုကြိုက်ရကောင်းလားဆိုပြီး ယောက်ဖကိုသတ်လိုက်ပါတယ် ---”။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)