-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုမ္ပဏီတစ်ခုတိုးတက်အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့သူ (၃) ဦး

ကုမ္ပဏီတစ်ခုတိုးတက်အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့သူ (၃) ဦး Google

သင်တို့ရဲ့စီးပွားရေးကို ဘာကြောင့်စတင်ခဲ့ပါသလဲ။ အချို့အချို့သောအကြောင်းပြချက်တွေက ကိုယ်ရဲ့မိသားစုစားဝတ်နေရေး အဆင်ပြေစေဖို့အတွက်၊ ဒါမှမဟုတ် စီးပွားရေးလုပ်ရတာ ဝါသနာပါလို့ အဓိကအကြောင်းအရာကတော့ ဝင်ငွေကောင်းပြီးတော့ ပိုက်ဆံလိုချင်လို့ပဲဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာများစွာထဲကမှ ကိုယ့်ရဲ့ Company က နှစ်မျိုးကွဲသွားပါတယ်။

 

ပထမတစ်ခုကတော့ Big Company ကုမ္ပဏီအကြီးပါ။ ဒုတိယတစ်ခုကတော့ Small Business အသေးစားလုပ်ငန်းလေးပါ။ လုပ်ငန်းအသေးတော်တော်များများက ၄နှစ်ကနေ ၅နှစ်ထိပဲခံပါတယ်လို့ ပြောကြပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး Micheal Gerber ရေးထားတဲ့ E-Myth ထဲမှာ သူရေးပြထားပါတယ်။ လုပ်ငန်းအသေးပိုင်ရှင်တွေက သူတိုကိုယ်သူတို့ entrepreneurs ဆိုပြီးသတ်မှတ်ထားတာကြောင့် လုပ်ငန်းတစ်ခုဟာ ၄နှစ်ကနေ ၅နှစ်ထိပဲခံပါတယ်လို့ သူပြောပြထားပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ အောက်မှာဖော်ပြပေးမယ့် လူ (၃) မျိုးလိုအပ်ပါတယ်။

၁။ Entrepreneurs ( စွန့်ဦးတီထွင်သူ )

စွန့်ဦးတီထွင်သူတွေဟာ Company တစ်ခုကိုရှေ့လျှောက်ဘာလုပ်မယ်၊ သူ့ Company ကို ဒီထက်မက ပိုကြီးမားအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အမြင်ရှိတဲ့သူကို Entrepreneurs လို့ခေါ်ပါတယ်။


၂။ Manager

ဒီ Manager ကတော့ ကိုယ့် Company က ဝန်ထမ်းတွေကို ဦးစီးဦးဆောင်တာပဲဖြစ်ပါတယ်။

Twitter မှာ Follow လုပ်ထားသင့်တဲ့ ကြော်ငြာလောကရဲ့ နာမည်ကြီး (၆)ယောက်
၃။ Technician

တတိယတစ်ယောက်ကတော့ Technician ဖြစ်ပါတယ်။ သူတို့က Company မှာ စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ အခြားအခြားသောဆိုင်ရာတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တက်သူကို Technician လို့ခေါ်ပါတယ်။

လုပ်ငန်းအသေးတစ်ခုကို Technician Mind-Set နဲ့ပဲ ဦးစီးဦးဆောင်လုပ်နေတယ်ဆိုရင် Company တစ်ခုဟာ ရေရှည်မတည်မြဲနိုင်ပါဘူး။ ဥပမာ- Computer Service ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တက်တဲ့ Technician တစ်ဦးက Computer Service Company ကို ဖွင့်ထားပါတယ်။ ဒါမှမဟုတ် Bakery ကို အကောင်းဆုံးနဲ့ အရသာအရှိဆုံးလုပ်တက်သူက Bakery Company တစ်ခုတည်ထောင်ထားပါတယ်။ Technician တစ်ဦးက ကိုယ့်ရဲ့ လုပ်တက်တဲ့အရာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တက်ရုံနဲ့တင် Company တစ်ခုကိုအကောင်းဆုံးနဲ့ အအောင်မြင်ဆုံး တည်ဆောက်နိုင်မယ်လို့ပြောလို့မရပါဘူး။

ဘာလို့လဲဆိုတော့ Company တစ်ခုအောင်မြင်ဖို့ဆိုတာက Entrepreneurs Mind-Set ရှိတဲ့သူရယ်၊ Technician Mind-Set ရှိတဲ့သူရှိရမယ်၊ တတိယတစ်ယောက်ကတော့ Manager ပဲဖြစ်ပါတယ်။ လုပ်ငန်းအသေးတော်တော်များများမှာ Technician တွေက (၃ ) ယောက်လုံးဖြစ်နေတက်ကြပါတယ်။ ဥပမာ- Technician က Entrepreneurs လဲဟုတ်တယ်။ ဒါမှမဟုတ် Manager လဲဟုတ်တယ်။ Technician လဲဟုတ်တယ်။ ဒီလို (၃) ခုလုံးလုပ်နေတာကြောင့် Company တစ်ခုဟာ အောင်မြင်ဖို့အတွက် နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖို့ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ လူဂ္ဂိုလ်(၃)ဦးက မရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)