-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖေ့ဘွတ်ခ်ကို ဇူကာဘတ်နဲ့တွဲဖက်တည်ထောင်ခဲ့ပေမယ့် လူသိနည်းခဲ့တဲ့ဒက်စတင်မော့ကိုဗစ်

ဖေ့ဘွတ်ခ်ကို ဇူကာဘတ်နဲ့တွဲဖက်တည်ထောင်ခဲ့ပေမယ့် လူသိနည်းခဲ့တဲ့ဒက်စတင်မော့ကိုဗစ် Google

လူအများစုကဖေ့ဘွတ်ခ်ကို စတင်တည်ထောင်ခဲ့တာ Mark Zuckerberg (မက်ဇူကာဘက်) တစ်ဦးထဲလို့ သိထားကြပါတယ်။

အမှန်တကယ်ဆိုရင် ဖေ့ဘွတ်ခ်ဆိုတဲ့ အောင်မြင်တဲ့လူမှုကွန်ရက်ကြီးတစ်ခု ဖြစ်လာဖို့အတွက် ဇူကာဘတ်နဲ့သူ့သူငယ်ချင်းလေးဦး ထပ်ရှိပါသေးတယ်။ သူတို့က မက်ဇူကာဘတ်(Mark Zuckerberg), အက်ကွာဒိုဆာဗရင်း (Eduardo Saverin), အန်ဒရူးမက်ကိုလန် (Andrew McCollum), ခရစ္စဟုခ်ျ့ (chris Hughes) နဲ့ Dustin Moskovitz (ဒက်စတင် မော့ကိုဗစ်) တို့ပဲဖြစ်ပါတယ်။

သူတို့ငါးဦးဟာ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဟားဗတ်တက္ကသိုလ် ကျောင်းသားအိပ်ဆောင်ထဲမှာ တူတူစတင်တည်ထောင်ခဲ့ကြတာပါ။ သူတို့ငါးဦးထဲက တစ်ဦးဖြစ်တဲ့ Dustin Moskovitz (ဒက်စတင် မော့ကိုဗစ်) ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ မော့ကိုဗစ်ကို ၁၉၈၄ ခုနှစ်၊ မေလ ၂၂ ရက်၊ ဖလော်ရီဒါပြည်နယ် ဂိမ်းစ်ဗီမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်က Vanguard အထက်တန်းကျောင်းကို တတ်ရောက်ခဲ့ပြီး IB Diploma program ရရှိခဲ့ပါတယ်။ သူဟာ မာ့ခ်ဇူကာဘတ်နဲ့အတူ ဟားဗတ်တက္ကသိုလ်မှာ တက်ရောက်ခဲ့တာပါ။

Read More>>> သင့်လုပ်ငန်းအတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာ တည်ဆောက်တော့မယ်ဆိုရင်

သူဟာ ဇူကာဘတ်နဲ့အတူ ဖေ့ဘွတ်ခ်အော်ပရေးရှင်းတွေအတွက် ကျောင်းတစ်နှစ်နားပြီး ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်တိုမြို့ဆီရွေ့ပြောင်းလာပါတယ်။ မော့ကိုဗစ်ဟာ ဖေ့ဘုတ်ခ်ကုမ္ပဏီရဲ့ပထမဆုံး နည်းပညာအကြီးအကဲအရာရှိ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အင်ဂျင်နီယာ ဒုဥက္ကဌ ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေကိုဦးဆောင်ခဲ့ပြီး site ရဲ့ architecture ပိုင်းကို ကြီးထွားအောင် သူပြုလုပ်ပေးခဲ့တာပါ။

ဒါ့အပြင် မိုဘိုင်းနည်းဗျူဟာနဲ့ပတ်သတ်ပြီးလည်း တိုးတတ်အောင် သူတာဝန်ယူခဲ့တာပါ။ သူရဲ့ကျော်ကြားမှုတွေကတော့ သူဟာအမေရိကန်စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် မတ်လမှာ Forbes မဂ္ဂဇင်းရဲ့ ဖေ့ဘုတ်ခ်အတွင်း မော့ကိုဗစ်ပိုင်ဆိုင်တဲ့ 2.34 ရာခိုင်နှုန်းပေါ်မူတည်ပြီး သမိုင်းတစ်လျှောက် အငယ်ဆုံးကိုယ့်ဒူးကိုယ်ချွန်ဘီလျံနာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်မှာတော့ အင်ဂျင်နီယာ မန်နေဂျာဖြစ်သူ ဂျက်စတင်ရိုဆန်စတိန်းနဲ့ Asana လို့ခေါ်တဲ့ကုမ္ပဏီကို တည်ထောင်ဖို့ ဖေဘွတ်ခ်ကနေ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဖေ့ဘွတ်ခ် မှာသူ့နာမည် လူသိနည်းခဲ့တယ် ထင်တာပါပဲ။

Source: internet , wiki
Myanmar Advertising Directory

 

Read times
Rate this item
(2 votes)